ဂရင္းလန္းကြၽန္းကိစၥကန႔္ကြက္သည့္ NATO အဖြဲ႕ဝင္ႏိုင္ငံမ်ားကို သြင္းကုန္အခြန္တိုးျမႇင့္ေကာက္ခံမည္ဟု ထရမ့္ ၿခိမ္းေျခာက္

ဂရင္းလန္းကြၽန္းကိစၥကန႔္ကြက္သည့္ NATO အဖြဲ႕ဝင္ႏိုင္ငံမ်ားကို သြင္းကုန္အခြန္တိုးျမႇင့္ေကာက္ခံမည္ဟု ထရမ့္ ၿခိမ္းေျခာက္
=================
ဇန္ ၁၉

ဂရင္းလန္းကြၽန္းကိစၥႏွင့္ပတ္သက္၍ ကန႔္ကြက္သည့္ NATO အဖြဲ႕ဝင္ႏိုင္ငံမ်ားကို သြင္းကုန္အခြန္ တိုးျမႇင့္ ေကာက္ခံသြားမည္ဟု အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ က ၿခိမ္းေျခာက္လိုက္ေၾကာင္းသိရသည္။
ယခုကဲ့သို႔ ထရမ့္၏ၿခိမ္းေျခာက္မႈေၾကာင့္ အေမရိကန္ႏွင့္ဥေရာပမဟာမိတ္ႏိုင္ငံမ်ားၾကား တင္းမာမႈမ်ား ျမင့္တက္လာ သကဲ့သို႔ NATO တပ္ဖြဲ႕၏စည္းလုံးမႈႏွင့္ပတ္သက္၍ မေသခ်ာမႈမ်ားကို ထြက္ေပၚလာေစသည္။
အေမရိကန္ႏိုင္ငံအေနျဖင့္ ဧရိယာပမာဏက်ယ္ဝန္းၿပီး သယံဇာတေပါႂကြယ္ဝသည့္ ဂရင္းလန္းကြၽန္းကို အေမရိကန္၏ လက္ေအာက္သို႔ မျဖစ္မေနသြတ္သြင္းမႈျပဳမည္ျဖစ္ေၾကာင္း ေဒၚနယ္ထရမ့္က ဇန္နဝါရီလ ၁၆ ရက္တြင္ ထပ္ေလာင္းအတည္ျပဳေျပာျခင္းျဖစ္သည္။
ထို႔ျပင္ ဂရင္းလန္းကြၽန္းကိုရယူႏိုင္ေရးအတြက္ စစ္အင္အားအသုံးျပဳမည့္အေျခအေနႏွင့္ပတ္သက္၍ လည္း ေဒၚနယ္ထရမ့္ က ျငင္းဆိုထားျခင္းမရွိသည့္အျပင္ တစ္နည္းမဟုတ္ တစ္နည္းအသုံးျပဳ၍ ဂရင္းလန္းကြၽန္းကို ရယူသြားမည္ျဖစ္ေၾကာင္းေျပာသည္။
ထို႔ေနာက္ အေမရိကန္အေနျဖင့္ အမ်ိဳးသားလုံၿခဳံေရးအတြက္ ဂရင္းလန္း ကြၽန္းကိုလိုအပ္ေသာေၾကာင့္ ဂရင္းလန္းကိစၥႏွင့္ပတ္သက္၍ အေမရိကန္ကို ဆန႔္က်င္လာသည့္ ႏိုင္ငံမ်ားအေပၚ သြင္းကုန္ အခြန္ခ်မွတ္သြားမည္ဟု ထရမ့္က ဆက္ေျပာသည္။
အလားတူ NATO တပ္ဖြဲ႕အေနျဖင့္ ယခုကိစၥႏွင့္ ပတ္သက္၍ အေမရိကန္ကိုဆန႔္က်င္လာပါက အေမရိကန္ႏိုင္ငံ သည္ NATO တပ္ဖြဲ႕မွ ႏုတ္ထြက္သြားမည္ ဟူေသာ အခ်က္ကို ထရမ့္ကျငင္းဆိုထားျခင္းမရွိေၾကာင္း RT သတင္းဌာနေဖာ္ျပခ်က္ သိရသည္။


ဂရင်းလန်းကျွန်းကိစ္စကန့်ကွက်သည့် NATO အဖွဲ့ဝင်နိုင်ငံများကို သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံမည်ဟု ထရမ့် ခြိမ်းခြောက်
=================
ဇန် ၁၉

ဂရင်းလန်းကျွန်းကိစ္စနှင့်ပတ်သက်၍ ကန့်ကွက်သည့် NATO အဖွဲ့ဝင်နိုင်ငံများကို သွင်းကုန်အခွန် တိုးမြှင့် ကောက်ခံသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ခြိမ်းခြောက်လိုက်ကြောင်းသိရသည်။
ယခုကဲ့သို့ ထရမ့်၏ခြိမ်းခြောက်မှုကြောင့် အမေရိကန်နှင့်ဥရောပမဟာမိတ်နိုင်ငံများကြား တင်းမာမှုများ မြင့်တက်လာ သကဲ့သို့ NATO တပ်ဖွဲ့၏စည်းလုံးမှုနှင့်ပတ်သက်၍ မသေချာမှုများကို ထွက်ပေါ်လာစေသည်။
အမေရိကန်နိုင်ငံအနေဖြင့် ဧရိယာပမာဏကျယ်ဝန်းပြီး သယံဇာတပေါကြွယ်ဝသည့် ဂရင်းလန်းကျွန်းကို အမေရိကန်၏ လက်အောက်သို့ မဖြစ်မနေသွတ်သွင်းမှုပြုမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ဇန်နဝါရီလ ၁၆ ရက်တွင် ထပ်လောင်းအတည်ပြုပြောခြင်းဖြစ်သည်။
ထို့ပြင် ဂရင်းလန်းကျွန်းကိုရယူနိုင်ရေးအတွက် စစ်အင်အားအသုံးပြုမည့်အခြေအနေနှင့်ပတ်သက်၍ လည်း ဒေါ်နယ်ထရမ့် က ငြင်းဆိုထားခြင်းမရှိသည့်အပြင် တစ်နည်းမဟုတ် တစ်နည်းအသုံးပြု၍ ဂရင်းလန်းကျွန်းကို ရယူသွားမည်ဖြစ်ကြောင်းပြောသည်။
ထို့နောက် အမေရိကန်အနေဖြင့် အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်း ကျွန်းကိုလိုအပ်သောကြောင့် ဂရင်းလန်းကိစ္စနှင့်ပတ်သက်၍ အမေရိကန်ကို ဆန့်ကျင်လာသည့် နိုင်ငံများအပေါ် သွင်းကုန် အခွန်ချမှတ်သွားမည်ဟု ထရမ့်က ဆက်ပြောသည်။
အလားတူ NATO တပ်ဖွဲ့အနေဖြင့် ယခုကိစ္စနှင့် ပတ်သက်၍ အမေရိကန်ကိုဆန့်ကျင်လာပါက အမေရိကန်နိုင်ငံ သည် NATO တပ်ဖွဲ့မှ နုတ်ထွက်သွားမည် ဟူသော အချက်ကို ထရမ့်ကငြင်းဆိုထားခြင်းမရှိကြောင်း RT သတင်းဌာနဖော်ပြချက် သိရသည်။