ရာသီကုန္အထိ ယာယီနည္းျပအျဖစ္ မိုက္ကယ္ကာရစ္ကို မန္ယူအသင္း တာဝန္ေပးအပ္

ရာသီကုန္အထိ ယာယီနည္းျပအျဖစ္ မိုက္ကယ္ကာရစ္ကို မန္ယူအသင္း တာဝန္ေပးအပ္
===================
မန္ယူအသင္းရဲ႕ ယာယီနည္းျပအျဖစ္ ရာသီကုန္အထိ ခန႔္အပ္ခံလိုက္ရၿပီျဖစ္တဲ့ ကြင္းလယ္ကစားသမားေဟာင္း မိုက္ကယ္ကာရစ္ဟာ အသင္းကို ဒီေန႔ စတင္ေလ့က်င့္ျပင္ဆင္မယ္လို႔ သိရပါတယ္။
ကာရစ္ဟာ မန္ယူအသင္းမွာ ဆုဖလားေအာင္ပြဲမ်ားစြာ ရယူႏိုင္ခဲ့တဲ့ ကြင္းလယ္ကစားသမားေဟာင္းတစ္ဦးျဖစ္ၿပီး ၂၀၂၁ ခုႏွစ္မွာ ယာယီနည္းျပအျဖစ္ (၃)ပြဲ တာဝန္ယူခဲ့ဖူးပါတယ္။
မန္ယူအသင္းက နည္းျပ အာမိုရင္မ္ကို ရာထူးက ထုတ္ပယ္ခဲ့ၿပီးေနာက္ နည္းျပသစ္ ခန႔္အပ္မႈကို လာမယ့္ေႏြရာသီမွ ျပဳလုပ္ဖို စီစဥ္ထားၿပီး ကာရစ္ကို ယာယီနည္းျပအျဖစ္ ရာသီကုန္အထိ တာဝန္ေပးလိုက္တာျဖစ္ပါတယ္။
ကာရစ္ဟာ သူ႔ရဲ႕နည္းျပအဖြဲ႕ဝင္စာရင္းမွာ စတိဗ္ေဟာ္လန္၊ ဝုဒ္ဂိတ္၊ ဂြၽန္နီအီဗန္စ္နဲ႔ ထရာဗစ္ဘင္နီယြန္တႎကို ထည့္သြင္းဖြဲ႕စည္းခဲ့ေၾကာင္း သိရပါတယ္။
မန္ယူအသင္းရဲ႕ ယာယီနည္းျပအျဖစ္ ကာရစ္ စတင္ရင္ဆိုင္ရမွာက မန္ခ်က္စတာဒါဘီပြဲျဖစ္ၿပီး ေနာက္ပြဲက အာဆင္နယ္နဲ႔ျဖစ္ေၾကာင္း သိရပါတယ္။
ရာသီကုန်အထိ ယာယီနည်းပြအဖြစ် မိုက်ကယ်ကာရစ်ကို မန်ယူအသင်း တာဝန်ပေးအပ်
===================
မန်ယူအသင်းရဲ့ ယာယီနည်းပြအဖြစ် ရာသီကုန်အထိ ခန့်အပ်ခံလိုက်ရပြီဖြစ်တဲ့ ကွင်းလယ်ကစားသမားဟောင်း မိုက်ကယ်ကာရစ်ဟာ အသင်းကို ဒီနေ့ စတင်လေ့ကျင့်ပြင်ဆင်မယ်လို့ သိရပါတယ်။
ကာရစ်ဟာ မန်ယူအသင်းမှာ ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ယာယီနည်းပြအဖြစ် (၃)ပွဲ တာဝန်ယူခဲ့ဖူးပါတယ်။
မန်ယူအသင်းက နည်းပြ အာမိုရင်မ်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ် ခန့်အပ်မှုကို လာမယ့်နွေရာသီမှ ပြုလုပ်ဖို စီစဉ်ထားပြီး ကာရစ်ကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ တာဝန်ပေးလိုက်တာဖြစ်ပါတယ်။
ကာရစ်ဟာ သူ့ရဲ့နည်းပြအဖွဲ့ဝင်စာရင်းမှာ စတိဗ်ဟော်လန်၊ ဝုဒ်ဂိတ်၊ ဂျွန်နီအီဗန်စ်နဲ့ ထရာဗစ်ဘင်နီယွန်တိံကို ထည့်သွင်းဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။
မန်ယူအသင်းရဲ့ ယာယီနည်းပြအဖြစ် ကာရစ် စတင်ရင်ဆိုင်ရမှာက မန်ချက်စတာဒါဘီပွဲဖြစ်ပြီး နောက်ပွဲက အာဆင်နယ်နဲ့ဖြစ်ကြောင်း သိရပါတယ်။




