ေရႀကီးေရလွ်ံမႈဒဏ္ ခံႏိုင္သည့္ ပလတ္စတစ္ အုတ္ခဲအသစ္မ်ားကို CES 2026 တြင္ ျပသ

ေရႀကီးေရလွ်ံမႈဒဏ္ ခံႏိုင္သည့္ ပလတ္စတစ္ အုတ္ခဲအသစ္မ်ားကို CES 2026 တြင္ ျပသ
==================
ပလတ္စတစ္ညစ္ညမ္းမႈနဲ႔ ရာသီဥတုေျပာင္းလဲမႈေၾကာင့္ျဖစ္ေပၚလာတဲ့ ေရေဘးအႏၲရာယ္ေတြကို ေျဖရွင္းႏိုင္ဖို႔အတြက္ WES-Tec Global ကုမၸဏီက ပလတ္စတစ္အေဟာင္းေတြနဲ႔ ရာႏႈန္းျပည့္ျပဳလုပ္ထားတဲ့ ECOCCUBE အုတ္ခဲေတြကို CES 2026 ျပပြဲမွာ မိတ္ဆက္လိုက္ပါတယ္။
ဒီအုတ္ခဲေတြဟာ ကမ္းေျခတိုက္စားမႈနဲ႔ ေရႀကီးေရလွ်ံမႈေတြ ႀကဳံေတြ႕ရေလ့ရွိတဲ့ ေဒသေတြမွာ ကြန္ကရစ္အစားထိုးအသုံးျပဳဖို႔ ဒီဇိုင္းထုတ္ထားတာပါ။ ဒီနည္းပညာရဲ႕ ထူးျခားခ်က္ကေတာ့ ပလတ္စတစ္ေတြကို အမ်ိဳးအစားခြဲတာ ဒါမွမဟုတ္ ေဆးေၾကာသန႔္စင္တာမ်ိဳး လုပ္စရာမလိုဘဲ အမႈိက္ကေန ေဆာက္လုပ္ေရးသုံးအုတ္ခဲေတြအျဖစ္ တိုက္႐ိုက္ေျပာင္းလဲေပးႏိုင္တာပဲ ျဖစ္ပါတယ္။
ECOCCUBE အုတ္ခဲေတြဟာ ပုံမွန္ကြန္ကရစ္ထက္ ပိုမိုေပါ့ပါးေပမယ့္ ခိုင္ခံ့မႈမွာေတာ့ ကြန္ကရစ္ထက္ေတာင္ သာလြန္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင ္အေလးခ်ိန္ေပါ့တာေၾကာင့္ သယ္ယူပို႔ေဆာင္ခနဲ႔ တပ္ဆင္ခေတြကိုလည္း ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။
ပတ္ဝန္းက်င္ထိန္းသိမ္းေရး ရႈေထာင့္ကေနၾကည့္ရင္လည္း ဒီအုတ္ခဲ ၁ ကီလိုဂရမ္ ထုတ္လုပ္တိုင္း ကာဗြန္ထုတ္လႊတ္မႈကို ၃ ကီလိုဂရမ္နီးပါး ေလွ်ာ့ခ်ေပးႏိုင္ပါေသးတယ္။
ရေကြီးရေလျှံမှုဒဏ် ခံနိုင်သည့် ပလတ်စတစ် အုတ်ခဲအသစ်များကို CES 2026 တွင် ပြသ
==================
ပလတ်စတစ်ညစ်ညမ်းမှုနဲ့ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ ရေဘေးအန္တရာယ်တွေကို ဖြေရှင်းနိုင်ဖို့အတွက် WES-Tec Global ကုမ္ပဏီက ပလတ်စတစ်အဟောင်းတွေနဲ့ ရာနှုန်းပြည့်ပြုလုပ်ထားတဲ့ ECOCCUBE အုတ်ခဲတွေကို CES 2026 ပြပွဲမှာ မိတ်ဆက်လိုက်ပါတယ်။
ဒီအုတ်ခဲတွေဟာ ကမ်းခြေတိုက်စားမှုနဲ့ ရေကြီးရေလျှံမှုတွေ ကြုံတွေ့ရလေ့ရှိတဲ့ ဒေသတွေမှာ ကွန်ကရစ်အစားထိုးအသုံးပြုဖို့ ဒီဇိုင်းထုတ်ထားတာပါ။ ဒီနည်းပညာရဲ့ ထူးခြားချက်ကတော့ ပလတ်စတစ်တွေကို အမျိုးအစားခွဲတာ ဒါမှမဟုတ် ဆေးကြောသန့်စင်တာမျိုး လုပ်စရာမလိုဘဲ အမှိုက်ကနေ ဆောက်လုပ်ရေးသုံးအုတ်ခဲတွေအဖြစ် တိုက်ရိုက်ပြောင်းလဲပေးနိုင်တာပဲ ဖြစ်ပါတယ်။
ECOCCUBE အုတ်ခဲတွေဟာ ပုံမှန်ကွန်ကရစ်ထက် ပိုမိုပေါ့ပါးပေမယ့် ခိုင်ခံ့မှုမှာတော့ ကွန်ကရစ်ထက်တောင် သာလွန်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင ်အလေးချိန်ပေါ့တာကြောင့် သယ်ယူပို့ဆောင်ခနဲ့ တပ်ဆင်ခတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရှုထောင့်ကနေကြည့်ရင်လည်း ဒီအုတ်ခဲ ၁ ကီလိုဂရမ် ထုတ်လုပ်တိုင်း ကာဗွန်ထုတ်လွှတ်မှုကို ၃ ကီလိုဂရမ်နီးပါး လျှော့ချပေးနိုင်ပါသေးတယ်။




