အစည္းအေဝးမွာ မွတ္တမ္းယူေပးမယ့္ AI လက္စြပ္

အစည္းအေဝးမွာ မွတ္တမ္းယူေပးမယ့္ AI လက္စြပ္
=======================
ဒီလက္စြပ္ေဘးက ခလုတ္တစ္ခ်က္ ႏွိပ္လိုက္တာနဲ႔ ၾကားရသမွ် စကားသံေတြ အသံဖမ္းၿပီး စာသားေျပာင္းႏိုင္ပါတယ္။ အေရးႀကီးတဲ့အပိုင္းကို သုံးသပ္ခ်က္ insight ထုတ္ခ်င္ရင္ ခလုတ္ကို ထပ္ႏွိပ္ၿပီး မွတ္ထားလို႔ ရပါတယ္။ ဒါဆို AI နဲ႔ သုံးသပ္ခ်က္ insight ထည့္ေပးပါလိမ့္မယ္။
အသံကို ၈ နာရီစာ record ဖမ္းထားႏိုင္မယ္ ၊ cloud ေပၚ အသံဖမ္းထားတာေတြ သိမ္းမယ္လို႔ ေျပာပါတယ္။ recording ေတြကိုေတာ့ end-to-end လုံၿခဳံေရးစနစ္နဲ႔ ကာကြယ္ေပးမယ္လို႔လည္း အာမခံထားပါတယ္။ ေလာေလာဆယ္ ဘာသာစကား အမ်ိဳး ၁၀၀ ေက်ာ္ support ေပးထားေပမယ့္ ျမန္မာလို ရဖို႔ေတာ့ မေသခ်ာပါဘူး။
Vocci စမတ္လက္စြပ္က Gyges Labs ဆိုတဲ့ wearable AI ကုမၸဏီက ဒီႏွစ္ CES ပြဲမွာ မိတ္ဆက္ထားတာပါ။ လာမယ့္ ေဖေဖာ္ဝါရီမွာ pre-Order စေရာင္းေတာ့မွာ ျဖစ္လို႔ မၾကာခင္ အေသးစိတ္အခ်က္အလက္ေတြ ထပ္ၾကားရဖို႔ ရွိပါတယ္။
အလုပ္အစည္းအေဝးေတြမွာ ဘာေျပာသြားလဲ မမွတ္မိသူေတြနဲ႔ ကိုက္တဲ့ လက္စြပ္လည္းျဖစ္ပါတယ္။
#Duwun
အစည်းအဝေးမှာ မှတ်တမ်းယူပေးမယ့် AI လက်စွပ်
=======================
ဒီလက်စွပ်ဘေးက ခလုတ်တစ်ချက် နှိပ်လိုက်တာနဲ့ ကြားရသမျှ စကားသံတွေ အသံဖမ်းပြီး စာသားပြောင်းနိုင်ပါတယ်။ အရေးကြီးတဲ့အပိုင်းကို သုံးသပ်ချက် insight ထုတ်ချင်ရင် ခလုတ်ကို ထပ်နှိပ်ပြီး မှတ်ထားလို့ ရပါတယ်။ ဒါဆို AI နဲ့ သုံးသပ်ချက် insight ထည့်ပေးပါလိမ့်မယ်။
အသံကို ၈ နာရီစာ record ဖမ်းထားနိုင်မယ် ၊ cloud ပေါ် အသံဖမ်းထားတာတွေ သိမ်းမယ်လို့ ပြောပါတယ်။ recording တွေကိုတော့ end-to-end လုံခြုံရေးစနစ်နဲ့ ကာကွယ်ပေးမယ်လို့လည်း အာမခံထားပါတယ်။ လောလောဆယ် ဘာသာစကား အမျိုး ၁၀၀ ကျော် support ပေးထားပေမယ့် မြန်မာလို ရဖို့တော့ မသေချာပါဘူး။
Vocci စမတ်လက်စွပ်က Gyges Labs ဆိုတဲ့ wearable AI ကုမ္ပဏီက ဒီနှစ် CES ပွဲမှာ မိတ်ဆက်ထားတာပါ။ လာမယ့် ဖေဖော်ဝါရီမှာ pre-Order စရောင်းတော့မှာ ဖြစ်လို့ မကြာခင် အသေးစိတ်အချက်အလက်တွေ ထပ်ကြားရဖို့ ရှိပါတယ်။
အလုပ်အစည်းအဝေးတွေမှာ ဘာပြောသွားလဲ မမှတ်မိသူတွေနဲ့ ကိုက်တဲ့ လက်စွပ်လည်းဖြစ်ပါတယ်။
#Duwun




