ၿမိဳ႕ျပသြားလာမႈကိုေျပာင္းလဲမယ့္ Will.i.am ရဲ႕ Trinity ယာဥ္

ၿမိဳ႕ျပသြားလာမႈကိုေျပာင္းလဲမယ့္ Will.i.am ရဲ႕ Trinity ယာဥ္
=================
ကမာၻေက်ာ္အဆိုေတာ္ Will.i.am က NVIDIA နဲ႔ပူးေပါင္းၿပီး ဖန္တီးလိုက္တဲ့ Trinity လို႔ေခၚတဲ့ ၿမိဳ႕ျပသြားလာေရးယာဥ္ တစ္မ်ိဳးရဲ႕ေရွ႕ေျပးပုံစံဟာ CES 2026 နည္းပညာပြဲေတာ္မွာ ထြက္ေပၚလာပါတယ္။
ဒီယာဥ္က မိမိတို႔ျမင္ေတြ႕ေနက်ျဖစ္တဲ့လွ်ပ္စစ္စကူတာေတြထက္ ပိုၿပီးအဆင့္ျမင့္ပါတယ္။ သူ႔မွာ ဘီးသုံးဘီးပါဝင္ၿပီး ကိုယ္ထည္ဒီဇိုင္းကလည္း အနာဂတ္မွေရာက္လာသလိုမ်ိဳး ဆန္းသစ္လွပါတယ္။ ဒီပုံစံရဲ႕အဓိကအသက္ကေတာ့ NVIDIA ရဲ႕ အဆင့္ျမင့္ဆုံး AI ဦးေႏွာက္ကို အသုံးျပဳထားတာပဲ ျဖစ္ပါတယ္။
ေမာင္းႏွင္သူဟာ ဒီယာဥ္နဲ႔ စကားေျပာႏိုင္မွာျဖစ္သလို AI ကလည္း လမ္းေၾကာင္းပိတ္ဆို႔မႈေတြကိုတြက္ခ်က္ၿပီး အျမန္ဆုံး လမ္းေၾကာင္းကို အလိုအေလ်ာက္ၫႊန္ျပေပးႏိုင္ပါတယ္။ ဒါ့အျပင္ ပတ္ဝန္းက်င္က အႏၲရာယ္ရွိတဲ့ အေျခအေနေတြကိုလည္း ႀကိဳတင္သတိေပးႏိုင္စြမ္းရွိပါတယ္။
Will.i.am ကေတာ့ ဒီယာဥ္ဟာကားတစ္စီးကဲ့သို႔ လုံၿခဳံမႈရွိၿပီး စကူတာတစ္စီးလိုမ်ိဳး ေပါ့ပါးသြက္လက္တဲ့အတြက္ ၿမိဳ႕ျပရဲ႕သြားလာေရး ျပႆနာေတြကို ေျဖရွင္းေပးႏိုင္မယ့္ နည္းပညာအသစ္ျဖစ္တယ္လို႔ ဆိုပါတယ္။ လက္ရွိမွာေတာ့ ဒါဟာ ထုတ္လုပ္ဖို႔ စမ္းသပ္ေနဆဲအဆင့္ျဖစ္ေပမယ့္ မၾကာခင္ ၿမိဳ႕ျပလမ္းမေတြေပၚမွာ ေတြ႕ရေတာ့မွာပါ။ ဒါေပမဲ့ အစီးေရ ၅၀၀ သာ ထုတ္လုပ္ၿပီး တစ္စီးကို ေဒၚလာ ၃၀၀၀၀ ေအာက္နဲ႔ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။

Ref: STD


မြို့ပြသွားလာမှုကိုပြောင်းလဲမယ့် Will.i.am ရဲ့ Trinity ယာဉ်
=================
ကမ္ဘာကျော်အဆိုတော် Will.i.am က NVIDIA နဲ့ပူးပေါင်းပြီး ဖန်တီးလိုက်တဲ့ Trinity လို့ခေါ်တဲ့ မြို့ပြသွားလာရေးယာဉ် တစ်မျိုးရဲ့ရှေ့ပြေးပုံစံဟာ CES 2026 နည်းပညာပွဲတော်မှာ ထွက်ပေါ်လာပါတယ်။
ဒီယာဉ်က မိမိတို့မြင်တွေ့နေကျဖြစ်တဲ့လျှပ်စစ်စကူတာတွေထက် ပိုပြီးအဆင့်မြင့်ပါတယ်။ သူ့မှာ ဘီးသုံးဘီးပါဝင်ပြီး ကိုယ်ထည်ဒီဇိုင်းကလည်း အနာဂတ်မှရောက်လာသလိုမျိုး ဆန်းသစ်လှပါတယ်။ ဒီပုံစံရဲ့အဓိကအသက်ကတော့ NVIDIA ရဲ့ အဆင့်မြင့်ဆုံး AI ဦးနှောက်ကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။
မောင်းနှင်သူဟာ ဒီယာဉ်နဲ့ စကားပြောနိုင်မှာဖြစ်သလို AI ကလည်း လမ်းကြောင်းပိတ်ဆို့မှုတွေကိုတွက်ချက်ပြီး အမြန်ဆုံး လမ်းကြောင်းကို အလိုအလျောက်ညွှန်ပြပေးနိုင်ပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်က အန္တရာယ်ရှိတဲ့ အခြေအနေတွေကိုလည်း ကြိုတင်သတိပေးနိုင်စွမ်းရှိပါတယ်။
Will.i.am ကတော့ ဒီယာဉ်ဟာကားတစ်စီးကဲ့သို့ လုံခြုံမှုရှိပြီး စကူတာတစ်စီးလိုမျိုး ပေါ့ပါးသွက်လက်တဲ့အတွက် မြို့ပြရဲ့သွားလာရေး ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် နည်းပညာအသစ်ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဒါဟာ ထုတ်လုပ်ဖို့ စမ်းသပ်နေဆဲအဆင့်ဖြစ်ပေမယ့် မကြာခင် မြို့ပြလမ်းမတွေပေါ်မှာ တွေ့ရတော့မှာပါ။ ဒါပေမဲ့ အစီးရေ ၅၀၀ သာ ထုတ်လုပ်ပြီး တစ်စီးကို ဒေါ်လာ ၃၀၀၀၀ အောက်နဲ့ရောင်းချပေးမှာ ဖြစ်ပါတယ်။

Ref: STD