Passport အျမန္ဝန္ေဆာင္မႈမ်ား စတင္ေဆာင္႐ြက္ေပးေနPassport အျမန္ဝန္ေဆာင္မႈမ်ား စတင္ေဆာင္႐ြက္ေပးေန

Passport အျမန္ဝန္ေဆာင္မႈမ်ား စတင္ေဆာင္႐ြက္ေပးေနPassport အျမန္ဝန္ေဆာင္မႈမ်ား စတင္ေဆာင္႐ြက္ေပးေန
================
အေရးႀကီး/ အေရးေပၚျဖင့္ ျပည္ပသို႔ သြားေရာက္လိုသူမ်ား Online Booking တင္ရာမွာလည္းေကာင္း၊ ႐ုံးတြင္းေဆာင္႐ြက္ရာမွာလည္းေကာင္း ေစာင့္ဆိုင္းရန္ မလိုဘဲ ငါး ရက္ႏွင့္ Passport ရရွိႏိုင္မည့္ အျမန္ဝန္ေဆာင္မႈ (Express Service)ကို ဇန္နဝါရီလ ၅ ရက္မွာ စတင္ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံကူး လက္မွတ္ ထုတ္ေပးေရး႐ုံးမွ ထုတ္ျပန္အသိေပးထားပါတယ္။

အဆိုပါထုတ္ျပန္ခ်က္အရ မည္သည့္အိမ္ေထာင္စုစာရင္းဝင္မဆို ရန္ကုန္၊ မႏၲေလးႏွင့္ ေနျပည္ေတာ္ တို႔ရွိ ျမန္မာႏိုင္ငံကူး လက္မွတ္ထုတ္ေပးေရး႐ုံးမ်ားမွာ ေလွ်ာက္ထားႏိုင္ခဲ့ပါတယ္။

အခုလိုေလွ်ာက္ထားလာတဲ့ ေလွ်ာက္လႊာမ်ားကို လက္ခံၿပီး ငါးရက္အၾကာမွာ ႏိုင္ငံကူးလက္မွတ္စာအုပ္ရမည္ျဖစ္ၿပီး အျမန္ဝန္ေဆာင္ခမွာ စာအုပ္ဖိုးအပါအဝင္က်ပ္ ၅၄၅,၀၀၀ က်သင့္မွာ ျဖစ္ပါတယ္။

အခုလိုေလွ်ာက္ထားရာအမည္မည္းစာရင္းမွာ ပါဝင္သူမ်ား၊ ျပစ္မႈက်ဴးလြန္ၿပီး စစ္ေဆးခ်က္မၿပီးစီးသူမ်ား၊ ျပစ္ဒဏ္ကာလ မျပည့္ေျမာက္မီလြတ္ၿငိမ္းခ်မ္းသာျဖင့္ လြတ္ေျမာက္လာသူမ်ား၊ ျပည္ပထြက္ခြာမႈတားဆီးခံရသူမ်ား၊ လက္ရွိႏိုင္ငံ့ဝန္ထမ္းမ်ား၊ အစိုးရအဖြဲ႕အစည္းမ်ား၊ အစိုးရမဟုတ္ေသာ အျခားအဖြဲ႕အစည္းမ်ားႏွင့္ ပုဂၢလိက အဖြဲ႕အစည္းမ်ားမွ ေထာက္ခံခ်က္လိုအပ္သူမ်ား ေငြမဆုံးရႈံးေစေရးအတြက္ ႐ုံးမ်ားတြင္စုံစမ္းၿပီးမွသာ ေလွ်ာက္ထားရန္ ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးက အသိေပးထုတ္ျပန္ထားပါတယ္။


Passport အမြန်ဝန်ဆောင်မှုများ စတင်ဆောင်ရွက်ပေးနေPassport အမြန်ဝန်ဆောင်မှုများ စတင်ဆောင်ရွက်ပေးနေ
================
အရေးကြီး/ အရေးပေါ်ဖြင့် ပြည်ပသို့ သွားရောက်လိုသူများ Online Booking တင်ရာမှာလည်းကောင်း၊ ရုံးတွင်းဆောင်ရွက်ရာမှာလည်းကောင်း စောင့်ဆိုင်းရန် မလိုဘဲ ငါး ရက်နှင့် Passport ရရှိနိုင်မည့် အမြန်ဝန်ဆောင်မှု (Express Service)ကို ဇန်နဝါရီလ ၅ ရက်မှာ စတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးမှ ထုတ်ပြန်အသိပေးထားပါတယ်။

အဆိုပါထုတ်ပြန်ချက်အရ မည်သည့်အိမ်ထောင်စုစာရင်းဝင်မဆို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် တို့ရှိ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးများမှာ လျှောက်ထားနိုင်ခဲ့ပါတယ်။

အခုလိုလျှောက်ထားလာတဲ့ လျှောက်လွှာများကို လက်ခံပြီး ငါးရက်အကြာမှာ နိုင်ငံကူးလက်မှတ်စာအုပ်ရမည်ဖြစ်ပြီး အမြန်ဝန်ဆောင်ခမှာ စာအုပ်ဖိုးအပါအဝင်ကျပ် ၅၄၅,၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။

အခုလိုလျှောက်ထားရာအမည်မည်းစာရင်းမှာ ပါဝင်သူများ၊ ပြစ်မှုကျူးလွန်ပြီး စစ်ဆေးချက်မပြီးစီးသူများ၊ ပြစ်ဒဏ်ကာလ မပြည့်မြောက်မီလွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာသူများ၊ ပြည်ပထွက်ခွာမှုတားဆီးခံရသူများ၊ လက်ရှိနိုင်ငံ့ဝန်ထမ်းများ၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အခြားအဖွဲ့အစည်းများနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများမှ ထောက်ခံချက်လိုအပ်သူများ ငွေမဆုံးရှုံးစေရေးအတွက် ရုံးများတွင်စုံစမ်းပြီးမှသာ လျှောက်ထားရန် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက အသိပေးထုတ်ပြန်ထားပါတယ်။