Give Me Sports တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ပီအက္စ္ဂ်ီအသင္းမွ ဒမ္ဘီလီဆြတ္ခူးရရွိ

Give Me Sports တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ပီအက္စ္ဂ်ီအသင္းမွ ဒမ္ဘီလီဆြတ္ခူးရရွိ
======================
‌ထိပ္တန္းအားကစား သတင္းဝက္ဘ္ဆိုက္ျဖစ္ သည့္ Give Me Sports တစ္ႏွစ္တာအေကာင္းဆုံး ကစားသမားဆုကို ပီအက္စ္ဂ်ီအသင္းမွ ဒမ္ဘီလီက ဆြတ္ခူးရရွိခဲ့ေၾကာင္း သိရသည္။
တိုက္စစ္ကစားသမား ဒမ္ဘီလီသည္ ၿပီးခဲ့သည့္ ေဘာလုံးရာသီက ပီအက္စ္ဂ်ီအသင္း ခ်န္ပီယံလိဂ္ ဖလားအပါအဝင္ ဆုဖလားအမ်ားအျပား ဆြတ္ခူးႏိုင္ရာတြင္ အဓိက ကစားသမားတစ္ဦးအျဖစ္ ပါဝင္ခဲ့သူျဖစ္သည္။
ဒမ္ဘီလီသည္ ၿပီးခဲ့သည့္ေဘာလုံးရာသီက အေကာင္းဆုံးေျခစြမ္းျပႏိုင္ၿပီးေနာက္ အေစာပိုင္းကလည္း ကမာၻ႔ေဘာလုံး အဖြဲ႕ခ်ဳပ္က ခ်ီးျမႇင့္ေပးအပ္သည့္ ဖီဖာတစ္ႏွစ္တာ အေကာင္းဆုံးအမ်ိဳးသား ကစားသမားဆု၊ ဒူဘိုင္းအားကစားေကာင္စီက ခ်ီးျမႇင့္ ေပးအပ္သည့္ တစ္ႏွစ္တာအေကာင္းဆုံး အမ်ိဳးသားကစားသမားဆုတို႔ကို ဆြတ္ခူးႏိုင္ခဲ့ၿပီး ယခုအခါ Give Me Sports တစ္ႏွစ္တာ အေကာင္းဆုံးကစား သမားဆုကို ဆြတ္ခူးႏိုင္ခဲ့ျခင္းျဖစ္သည္။
Give Me Sports ၏ တစ္ႏွစ္တာအေကာင္းဆုံး ကစားသမားဆုအတြက္ အဆင့္သတ္မွတ္ခ်က္တြင္ ဒမ္ဘီလီ၏ေနာက္၌ ဘာစီလိုနာအသင္းမွ ယာမယ္၊ ပီအက္စ္ဂ်ီအသင္းမွ ဗီတင္ဟာ၊ ရီးယဲလ္မက္ဒရစ္ အသင္းမွ အမ္ဘတ္ပီ၊ လီဗာပူးအသင္းမွ ဆာလက္ခ်္၊ ဘာစီလိုနာအသင္းမွ ရာဖင္ဟာ၊ နာပိုလီအသင္းမွ တြမ္မီေနး၊ မန္စီးတီးအသင္းမွ ဟာလန္း၊ ပီအက္စ္ဂ်ီ အသင္းမွ ဟာကီမီ၊ ဘိုင္ယန္ျမဴးနစ္အသင္းမွ ဟယ္ရီ ကိန္းတို႔က ထိပ္ဆုံး ၁၀ ဦးေနရာတြင္ အသီးသီး ရပ္တည္ေနေၾကာင္း သိရသည္။

Ref;Givemesports.com


Give Me Sports တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ပီအက်စ်ဂျီအသင်းမှ ဒမ်ဘီလီဆွတ်ခူးရရှိ
======================
‌ထိပ်တန်းအားကစား သတင်းဝက်ဘ်ဆိုက်ဖြစ် သည့် Give Me Sports တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ပီအက်စ်ဂျီအသင်းမှ ဒမ်ဘီလီက ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
တိုက်စစ်ကစားသမား ဒမ်ဘီလီသည် ပြီးခဲ့သည့် ဘောလုံးရာသီက ပီအက်စ်ဂျီအသင်း ချန်ပီယံလိဂ် ဖလားအပါအဝင် ဆုဖလားအများအပြား ဆွတ်ခူးနိုင်ရာတွင် အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။
ဒမ်ဘီလီသည် ပြီးခဲ့သည့်ဘောလုံးရာသီက အကောင်းဆုံးခြေစွမ်းပြနိုင်ပြီးနောက် အစောပိုင်းကလည်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က ချီးမြှင့်ပေးအပ်သည့် ဖီဖာတစ်နှစ်တာ အကောင်းဆုံးအမျိုးသား ကစားသမားဆု၊ ဒူဘိုင်းအားကစားကောင်စီက ချီးမြှင့် ပေးအပ်သည့် တစ်နှစ်တာအကောင်းဆုံး အမျိုးသားကစားသမားဆုတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး ယခုအခါ Give Me Sports တစ်နှစ်တာ အကောင်းဆုံးကစား သမားဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
Give Me Sports ၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအတွက် အဆင့်သတ်မှတ်ချက်တွင် ဒမ်ဘီလီ၏နောက်၌ ဘာစီလိုနာအသင်းမှ ယာမယ်၊ ပီအက်စ်ဂျီအသင်းမှ ဗီတင်ဟာ၊ ရီးယဲလ်မက်ဒရစ် အသင်းမှ အမ်ဘတ်ပီ၊ လီဗာပူးအသင်းမှ ဆာလက်ချ်၊ ဘာစီလိုနာအသင်းမှ ရာဖင်ဟာ၊ နာပိုလီအသင်းမှ တွမ်မီနေး၊ မန်စီးတီးအသင်းမှ ဟာလန်း၊ ပီအက်စ်ဂျီ အသင်းမှ ဟာကီမီ၊ ဘိုင်ယန်မြူးနစ်အသင်းမှ ဟယ်ရီ ကိန်းတို့က ထိပ်ဆုံး ၁၀ ဦးနေရာတွင် အသီးသီး ရပ်တည်နေကြောင်း သိရသည်။

Ref;Givemesports.com