
================
(၁၆) ကြိမ်မြောက် သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)မှာ ကုသမှုအတွက် စာရင်းပေးသွင်းနိုင်
================
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ (၁၆)ကြိမ်မြောက် အခမဲ့မျက်စိစမ်းသပ်စစ်ဆေးခြင်းနှင့် ခွဲစိတ်ကုသခြင်းအစီအစဉ်မှာ လာရောက်ပြသကုမည့်သူများအနေနဲ့ ဇန်နဝါရီလ ၂၇ ရက်မှစတင်ကာ စာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။
အခုလိုစာရင်းပေးသွင်းခြင်းကို နံနက် ၇ နာရီမှစတင်ကာ လက်ခံပေးသွားမည်ဖြစ်ပြီး မျက်စိဝေဒနာရှင် ၁,၅၀၀ ဦးကို လက်ခံကုသပေးသွားမည်ဖြစ်ပြီး သတ်မှတ်လူဦးရေပြည့်ပါက ကျန်ရှိသူများကို လာမည့် မတ်လမှာ ပြုလုပ်မည့် (၁၇) ကြိမ်မြောက် မျက်စိဒါနကုသမှုအစီအစဉ်မှာ ဦးစားပေးကုသပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။




