နယ္စပ္နယ္ေျမမ်ားရွိ တပ္မ်ားကို ျပန္လည္႐ုပ္သိမ္းရန္ ကေမာၻဒီးယားအစိုးရက ထိုင္းကိုေတာင္းဆို

နယ္စပ္နယ္ေျမမ်ားရွိ တပ္မ်ားကို ျပန္လည္႐ုပ္သိမ္းရန္ ကေမာၻဒီးယားအစိုးရက ထိုင္းကိုေတာင္းဆို
==========================
ကေမာၻဒီးယားနယ္ေျမမ်ားအတြင္း၌ ထိုင္းတပ္ဖြဲ႕ဝင္မ်ားကို ျပန္လည္႐ုပ္သိမ္းေပးရန္ ကေမာၻဒီယားအစိုးရက ထိုင္းႏိုင္ငံကို ေတာင္းဆိုခဲ့ေၾကာင္း Xinhua သတင္းဌာနက ေဖာ္ျပထားသည္။

ရက္၂၀ ၾကာ နယ္စပ္ပဋိပကၡမ်ားကို အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ျဖင့္ အဆုံးသတ္ခဲ့ၿပီး ရက္သတၱပတ္အၾကာတြင္ ကေမာၻဒီးယားႏိုင္ငံ၏ အဆိုပါေတာင္းဆိုခ်က္ ေပၚထြက္လာျခင္းျဖစ္သည္။

ထိုင္းႏိုင္ငံႏွင့္ ကေမာၻဒီးယားႏိုင္ငံတို႔သည္ ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလအတြင္း နယ္စပ္ပဋိပကၡမ်ားကို အေၾကာင္းျပဳ၍ ရက္ ၂၀ ၾကာ စစ္ေရးပဋိပကၡမ်ား ျဖစ္ပြားခဲ့သည္။ သို႔ရာတြင္ ယင္းနယ္စပ္ပဋိပကၡမ်ားကို ဒီဇင္ဘာလ ၂၇ ရက္တြင္ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ျဖင့္ ရပ္ဆိုင္းခဲ့ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံက ကေမာၻဒီးယားႏိုင္ငံ နယ္စပ္ျပည္နယ္ေလးခုတို႔၏ ေနရာအခ်ိဳ႕ကို သိမ္းပိုက္ထားေၾကာင္း အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ရယူခ်ိန္ကပင္ ကေမာၻဒီးယားအစိုးရက ေျပာၾကားထားသည္။

ႏွစ္ႏိုင္ငံနယ္စပ္ခ်င္း မိုင္ ၅၀၀ ေက်ာ္ထိစပ္ေနသည့္ ထိုင္းႏွင့္ ကေမာၻဒီးယားတို႔သည္ ယခင္ကလည္း နယ္စပ္ အျငင္းပြားမႈမ်ားကို အေၾကာင္းျပဳ၍ ပဋိပကၡမ်ားျဖစ္ပြားခဲ့ဖူးေၾကာင္း သိရသည္။


နယ်စပ်နယ်မြေများရှိ တပ်များကို ပြန်လည်ရုပ်သိမ်းရန် ကမ္ဘောဒီးယားအစိုးရက ထိုင်းကိုတောင်းဆို
==========================
ကမ္ဘောဒီးယားနယ်မြေများအတွင်း၌ ထိုင်းတပ်ဖွဲ့ဝင်များကို ပြန်လည်ရုပ်သိမ်းပေးရန် ကမ္ဘောဒီယားအစိုးရက ထိုင်းနိုင်ငံကို တောင်းဆိုခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။

ရက်၂၀ ကြာ နယ်စပ်ပဋိပက္ခများကို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဖြင့် အဆုံးသတ်ခဲ့ပြီး ရက်သတ္တပတ်အကြာတွင် ကမ္ဘောဒီးယားနိုင်ငံ၏ အဆိုပါတောင်းဆိုချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း နယ်စပ်ပဋိပက္ခများကို အကြောင်းပြု၍ ရက် ၂၀ ကြာ စစ်ရေးပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ သို့ရာတွင် ယင်းနယ်စပ်ပဋိပက္ခများကို ဒီဇင်ဘာလ ၂၇ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဖြင့် ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံက ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်ပြည်နယ်လေးခုတို့၏ နေရာအချို့ကို သိမ်းပိုက်ထားကြောင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူချိန်ကပင် ကမ္ဘောဒီးယားအစိုးရက ပြောကြားထားသည်။

နှစ်နိုင်ငံနယ်စပ်ချင်း မိုင် ၅၀၀ ကျော်ထိစပ်နေသည့် ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် ယခင်ကလည်း နယ်စပ် အငြင်းပွားမှုများကို အကြောင်းပြု၍ ပဋိပက္ခများဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။