ညဘက္တြင္ အလင္းေရာင္ႏွင့္ အလြန္အကြၽံ ထိေတြ႕ျခင္းက ႏွလုံးေရာဂါကို ပိုျဖစ္ေစႏိုင္

ညဘက္တြင္ အလင္းေရာင္ႏွင့္ အလြန္အကြၽံ ထိေတြ႕ျခင္းက ႏွလုံးေရာဂါကို ပိုျဖစ္ေစႏိုင္
====================
ညဘက္အခ်ိန္ အလင္းေရာင္နဲ႔ အလြန္အကြၽံထိေတြ႕တာဟာ လူတစ္ေယာက္ရဲ႕ႏွလုံးက်န္းမာေရးကို ဆိုး႐ြားစြာထိခိုက္ေစၿပီး ႏွလုံးေရာဂါကို ပိုျဖစ္ေစႏိုင္တယ္လို႔ သိပၸံပညာရွင္မ်ားက သတိေပးထားပါတယ္။ ေနအိမ္ျပင္ပက လမ္းမီးေတြ ဒါမွမဟုတ္ ေနအိမ္အတြင္းက အလင္းေရာင္ အလြန္အမင္းရရွိတာေတြဟာ ႏွလုံးေသြးေၾကာဆိုင္ရာ ေရာဂါျဖစ္ပြားမႈကို အားေပးေနတာျဖစ္ပါတယ္။
ေလ့လာမႈအသစ္ေတြအရ ညဘက္မွာ အလင္းေရာင္အားေကာင္းလြန္းတဲ့ ပတ္ဝန္းက်င္မွာ ေနထိုင္သူေတြဟာ ပုံမွန္ထက္ ႏွလုံးေသြးေၾကာပိတ္ျခင္းနဲ႔ ေလသင္တုန္းျဖတ္ျခင္းျဖစ္ႏိုင္ေျခပိုမ်ားေနတာကို ေတြ႕ရွိရပါတယ္။
အဓိကအေၾကာင္းရင္းက အလင္းေရာင္ေၾကာင့္ ခႏၶာကိုယ္ရဲ႕ ဇီဝ႐ုပ္ျဖစ္ပ်က္မႈ ျဖစ္စဥ္ေတြနဲ႔ အိပ္စက္ျခင္းကို ထိန္းခ်ဳပ္ေပးတဲ့ မယ္လတိုနင္ေဟာ္မုန္းထြက္ရွိမႈကို အေႏွာင့္အယွက္ျဖစ္ေစတာေၾကာင့္ ျဖစ္ပါတယ္။
ဒါ့အျပင္ ညဘက္မွာ အလင္းေရာင္မ်ားလြန္းတာဟာ ေသြးတိုးျခင္းနဲ႔ ခႏၶာကိုယ္အေလးခ်ိန္တိုးျခင္းတို႔ကို ျဖစ္ေစၿပီး ႏွလုံးအေပၚ ဝန္ပိေစပါတယ္။ သိပၸံပညာရွင္ေတြကေတာ့ ဒီအေျခအေနကို ၿမိဳ႕ျပရဲ႕ “အလင္းညစ္ညမ္းမႈ” လို႔ သတ္မွတ္ထားၿပီး လူသားေတြရဲ႕ႏွလုံးက်န္းမာေရးအတြက္ ေနာက္ထပ္ ၿခိမ္းေျခာက္မႈ တစ္ခုျဖစ္လာတယ္လို႔ ဆိုပါတယ္။
#MWD
Ref: STD
ညဘက်တွင် အလင်းရောင်နှင့် အလွန်အကျွံ ထိတွေ့ခြင်းက နှလုံးရောဂါကို ပိုဖြစ်စေနိုင်
====================
ညဘက်အချိန် အလင်းရောင်နဲ့ အလွန်အကျွံထိတွေ့တာဟာ လူတစ်ယောက်ရဲ့နှလုံးကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပြီး နှလုံးရောဂါကို ပိုဖြစ်စေနိုင်တယ်လို့ သိပ္ပံပညာရှင်များက သတိပေးထားပါတယ်။ နေအိမ်ပြင်ပက လမ်းမီးတွေ ဒါမှမဟုတ် နေအိမ်အတွင်းက အလင်းရောင် အလွန်အမင်းရရှိတာတွေဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားမှုကို အားပေးနေတာဖြစ်ပါတယ်။
လေ့လာမှုအသစ်တွေအရ ညဘက်မှာ အလင်းရောင်အားကောင်းလွန်းတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်သူတွေဟာ ပုံမှန်ထက် နှလုံးသွေးကြောပိတ်ခြင်းနဲ့ လေသင်တုန်းဖြတ်ခြင်းဖြစ်နိုင်ခြေပိုများနေတာကို တွေ့ရှိရပါတယ်။
အဓိကအကြောင်းရင်းက အလင်းရောင်ကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှု ဖြစ်စဉ်တွေနဲ့ အိပ်စက်ခြင်းကို ထိန်းချုပ်ပေးတဲ့ မယ်လတိုနင်ဟော်မုန်းထွက်ရှိမှုကို အနှောင့်အယှက်ဖြစ်စေတာကြောင့် ဖြစ်ပါတယ်။
ဒါ့အပြင် ညဘက်မှာ အလင်းရောင်များလွန်းတာဟာ သွေးတိုးခြင်းနဲ့ ခန္ဓာကိုယ်အလေးချိန်တိုးခြင်းတို့ကို ဖြစ်စေပြီး နှလုံးအပေါ် ဝန်ပိစေပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဒီအခြေအနေကို မြို့ပြရဲ့ “အလင်းညစ်ညမ်းမှု” လို့ သတ်မှတ်ထားပြီး လူသားတွေရဲ့နှလုံးကျန်းမာရေးအတွက် နောက်ထပ် ခြိမ်းခြောက်မှု တစ်ခုဖြစ်လာတယ်လို့ ဆိုပါတယ်။
#MWD
Ref: STD




