ကမာၻ႔အသက္အႀကီးဆုံး ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမား ကာဇူ

ကမာၻ႔အသက္အႀကီးဆုံး ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမား ကာဇူ
===========================
ကမာၻ႔အသက္အႀကီးဆုံး ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားျဖစ္တဲ့ ဂ်ပန္တိုက္စစ္မႉး ကာဇူယိုရွီမီအူရာဟာ ကစားသမားဘဝက အနားမယူေသးဘဲ ေရွ႕ဆက္ကစားဖို ဆုံးျဖတ္ခဲ့ပါတယ္။
အသက္ ၅၈ ႏွစ္ရွိ ကာဇူဟာ ဂ်ပန္ဒုတိယတန္းကလပ္ ယိုကိုဟားမား FC အသင္းမွာ ကစားေနတာပါ။
ယခုအခါ ၎ဟာ ဂ်ပန္တတိယတန္းကလပ္ ဖူကူရွီးမားယူႏိုက္တက္FCအသင္းကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး တစ္ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။
ယိုကိုဟားမား FC အသင္းကို ၂၀၀၅ ခုႏွစ္ကတည္းက ေရာက္ရွိေနၿပီး အငွားေလးႀကိမ္ ထြက္ကစားခဲ့ရပါတယ္။
ကာဇူဟာ ၁၉၈၆ ခုႏွစ္မွာ ဘရာဇီးလ္ထိပ္တန္းကလပ္ ဆန္းတိုစ္ကလပ္နဲ႔ ပ႐ိုကစားသမားဘ၀ စတင္ခဲ့ၿပီး ပါးလ္မီးရပ္စ္၊ ဂ်ီႏိုအာနဲ႔ ဒိုင္နမိုဇာဂရက္အသင္းေတြမွာလည္း ကစားခဲ့ဖူးပါတယ္။
၎အေနနဲ႔ ဂ်ပန္လက္ေ႐ြးစင္အသင္းအတြက္ ၈၉ ပြဲကစားကာ ၅၅ ဂိုး သြင္းယူေပးခဲ့ပါတယ္။
ဖူကူရွီးမားယူႏိုက္တက္FC အသင္းနဲ႔ ပ႐ိုကစားသမားဘ၀ ၄၁ ရာသီေျမာက္ကို ယွဥ္ၿပိဳင္ကစားမွာျဖစ္ပါတယ္။ #Eleven


ကမ္ဘာ့အသက်အကြီးဆုံး ပရော်ဖက်ရှင်နယ်ဘောလုံးသမား ကာဇူ
===========================
ကမ္ဘာ့အသက်အကြီးဆုံး ပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်တဲ့ ဂျပန်တိုက်စစ်မှူး ကာဇူယိုရှီမီအူရာဟာ ကစားသမားဘဝက အနားမယူသေးဘဲ ရှေ့ဆက်ကစားဖို ဆုံးဖြတ်ခဲ့ပါတယ်။
အသက် ၅၈ နှစ်ရှိ ကာဇူဟာ ဂျပန်ဒုတိယတန်းကလပ် ယိုကိုဟားမား FC အသင်းမှာ ကစားနေတာပါ။
ယခုအခါ ၎င်းဟာ ဂျပန်တတိယတန်းကလပ် ဖူကူရှီးမားယူနိုက်တက်FCအသင်းကို ပြောင်းရွှေ့ခဲ့ပြီး တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
ယိုကိုဟားမား FC အသင်းကို ၂၀၀၅ ခုနှစ်ကတည်းက ရောက်ရှိနေပြီး အငှားလေးကြိမ် ထွက်ကစားခဲ့ရပါတယ်။
ကာဇူဟာ ၁၉၈၆ ခုနှစ်မှာ ဘရာဇီးလ်ထိပ်တန်းကလပ် ဆန်းတိုစ်ကလပ်နဲ့ ပရိုကစားသမားဘ၀ စတင်ခဲ့ပြီး ပါးလ်မီးရပ်စ်၊ ဂျီနိုအာနဲ့ ဒိုင်နမိုဇာဂရက်အသင်းတွေမှာလည်း ကစားခဲ့ဖူးပါတယ်။
၎င်းအနေနဲ့ ဂျပန်လက်ရွေးစင်အသင်းအတွက် ၈၉ ပွဲကစားကာ ၅၅ ဂိုး သွင်းယူပေးခဲ့ပါတယ်။
ဖူကူရှီးမားယူနိုက်တက်FC အသင်းနဲ့ ပရိုကစားသမားဘ၀ ၄၁ ရာသီမြောက်ကို ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ #Eleven