႐ုရွားသမၼတ ပူတင္က ႏိုင္ငံျခားေရးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာ ကို ႏိုင္ငံေတာ္အဆင့္ ဘြဲ႕တံဆိပ္ခ်ီးျမႇင့္

႐ုရွားသမၼတ ပူတင္က ႏိုင္ငံျခားေရးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာ ကို ႏိုင္ငံေတာ္အဆင့္ ဘြဲ႕တံဆိပ္ခ်ီးျမႇင့္
===================
(ႏိုင္ငံတကာ) ဒီဇင္ဘာ ၃၀
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာ အား သမၼတ ဗလာဒီမာပူတင္ က ကရင္မလင္နန္းေတာ္၌ “Order of Merit for the Fatherland, IV degree” ျဖစ္သည့္ ႏိုင္ငံေတာ္အဆင့္ဘြဲ႕ တံဆိပ္ကို တရားဝင္ခ်ီးျမႇင့္လိုက္ေၾကာင္း သိရသည္။
သမၼတ ဗလာဒီမာပူတင္ သည္ ဒီဇင္ဘာလ ၂၄ ရက္တြင္ ဤဘြဲ႕တံဆိပ္ကို ခ်ီးျမႇင့္ခဲ့ျခင္းျဖစ္ၿပီး ႐ုရွားႏိုင္ငံ၏ ႏိုင္ငံျခားေရးမူဝါဒကို အေကာင္အထည္ေဖာ္ရာတြင္ ၎၏ထူးကဲေသာ စြမ္းေဆာင္ရည္မ်ားႏွင့္ ႏိုင္ငံေတာ္ အက်ိဳးကို ေရွ႕တန္းမွကာကြယ္ေပးေနသည့္ ႀကိဳးပမ္းမႈမ်ားကို အသိအမွတ္ျပဳျခင္းျဖစ္သည္ဟု ကရင္မလင္ နန္းေတာ္၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
မာရီယာဇာခါ႐ိုဗာ သည္ ၂၀၁၅ ခုႏွစ္မွစတင္ကာ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ပထမဆုံးေျပာေရး ဆိုခြင့္ရွိသူ အမ်ိဳးသမီးအျဖစ္ တာဝန္ယူခဲ့ၿပီး အေနာက္အုပ္စုႏွင့္ သံတမန္ေရးရာတိုက္ပြဲမ်ားအတြင္း ၎၏ ျပတ္သားထက္ျမက္သည့္ တုံ႔ျပန္မႈမ်ားေၾကာင့္ ကမာၻတစ္ဝန္းတြင္ ထင္ရွားေက်ာ္ၾကားလာသူျဖစ္သည္။
၎သည္ သံတမန္မ်ိဳး႐ိုးမွ ဆင္းသက္လာသူျဖစ္ၿပီး MGIMO တကၠသိုလ္မွ ဘြဲ႕ရရွိခဲ့သူျဖစ္သည္။
သတင္းစာရွင္းလင္းပြဲမ်ား တြင္ အေနာက္ႏိုင္ငံမ်ား၏ စြပ္စြဲခ်က္မ်ားကို အခ်က္အလက္ခိုင္ခိုင္မာမာျဖင့္ တုံ႔ျပန္တတ္သည့္ ၎၏ပုံစံသည္ ေခတ္သစ္႐ုရွားသံတမန္မ်ားအတြက္ ျပယုဂ္တစ္ခုျဖစ္လာေၾကာင္း သိရသည္ဟု Tass သတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။
ရုရှားသမ္မတ ပူတင်က နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ ကို နိုင်ငံတော်အဆင့် ဘွဲ့တံဆိပ်ချီးမြှင့်
===================
(နိုင်ငံတကာ) ဒီဇင်ဘာ ၃၀
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ အား သမ္မတ ဗလာဒီမာပူတင် က ကရင်မလင်နန်းတော်၌ “Order of Merit for the Fatherland, IV degree” ဖြစ်သည့် နိုင်ငံတော်အဆင့်ဘွဲ့ တံဆိပ်ကို တရားဝင်ချီးမြှင့်လိုက်ကြောင်း သိရသည်။
သမ္မတ ဗလာဒီမာပူတင် သည် ဒီဇင်ဘာလ ၂၄ ရက်တွင် ဤဘွဲ့တံဆိပ်ကို ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ရုရှားနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ရာတွင် ၎င်း၏ထူးကဲသော စွမ်းဆောင်ရည်များနှင့် နိုင်ငံတော် အကျိုးကို ရှေ့တန်းမှကာကွယ်ပေးနေသည့် ကြိုးပမ်းမှုများကို အသိအမှတ်ပြုခြင်းဖြစ်သည်ဟု ကရင်မလင် နန်းတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မာရီယာဇာခါရိုဗာ သည် ၂၀၁၅ ခုနှစ်မှစတင်ကာ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပထမဆုံးပြောရေး ဆိုခွင့်ရှိသူ အမျိုးသမီးအဖြစ် တာဝန်ယူခဲ့ပြီး အနောက်အုပ်စုနှင့် သံတမန်ရေးရာတိုက်ပွဲများအတွင်း ၎င်း၏ ပြတ်သားထက်မြက်သည့် တုံ့ပြန်မှုများကြောင့် ကမ္ဘာတစ်ဝန်းတွင် ထင်ရှားကျော်ကြားလာသူဖြစ်သည်။
၎င်းသည် သံတမန်မျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီး MGIMO တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သူဖြစ်သည်။
သတင်းစာရှင်းလင်းပွဲများ တွင် အနောက်နိုင်ငံများ၏ စွပ်စွဲချက်များကို အချက်အလက်ခိုင်ခိုင်မာမာဖြင့် တုံ့ပြန်တတ်သည့် ၎င်း၏ပုံစံသည် ခေတ်သစ်ရုရှားသံတမန်များအတွက် ပြယုဂ်တစ်ခုဖြစ်လာကြောင်း သိရသည်ဟု Tass သတင်းဌာနဖော်ပြချက်အရ သိရသည်။



