==========================
Photos- MFF
မြန်မာ ယူ- ၁၇ အသင်းကို တရုတ်နဲ့ ကာတာနိုင်ငံများဆီ MFF စေလွှတ်မည်
==========================
မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် (MFF) ဟာ မြန်မာ ယူ-၁၇ လူငယ်အသင်းကို ၂၀၂၆ အာဆီယံ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ မတိုင်မီ တရုတ်နဲ့ ကာတာနိုင်ငံများထံ စေလွှတ်ပြီး လေ့ကျင့်ရေးခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားစေဖို စီစဉ်ထားကြောင်း သိရပါတယ်။
မြန်မာ ယူ-၁၇ လူငယ်အသင်းဟာ ၂၀၂၆ ခုနှစ်ထဲမှာ အဓိက နိုင်ငံတကာပြိုင်ပွဲ နှစ်ခု ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိနေပြီး အဲ့ဒီပြိုင်ပွဲများမှာ ထိုက်သင့်တဲ့အောင်မြင်မှုများရရှိဖို မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် (MFF) က ရည်ရွယ်ထားကြောင်း သိရပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ ချုပ် (MFF) ဟာ မြန်မာ ယူ-၁၇ လူငယ်အသင်းကို ၂၀၂၆ အာဆီယံ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ မတိုင်မီ တရုတ်နဲ့ ကာတာနိုင်ငံများထံ စေလွှတ်ပြီး လေ့ကျင့်ရေးခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားစေရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် (MFF) ဟာ မြန်မာ ယူ-၁၇ လူငယ်အသင်းကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီအတွင်း တရုတ်နိုင်ငံကို စေလွှတ်ပြီး လေ့ကျင့်ရေးခြေစမ်းပွဲများ၊ မတ်လအတွင်း ကာတာနိုင်ငံကို စေလွှတ်ပြီး လေ့ကျင့်ရေးခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားဖို စီစဉ်ပေးထားကြောင်း သိရပါတယ်။
မြန်မာ ယူ-၁၇ လူငယ်အသင်းဟာ ၂၀၂၆ ခုနှစ်အတွင်း အဓိကနိုင်ငံတကာပြိုင်ပွဲ နှစ်ခုဖြစ်တဲ့ ၂၀၂၆ အာဆီယံ ယူ-၁၇ ပြိုင်ပွဲနဲ့ ၂၀၂၆ အာရှဖလား ယူ-၁၇ ပြိုင်ပွဲတိုကို ဝင်ရောက်ယှဉ်ပြိုင်ရဖို ရှိနေပါတယ်။
မြန်မာ ယူ-၁၇ လူငယ်အသင်းဟာ ၂၀၂၆ ခုနှစ်၊ ဧပြီအတွင်း အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ၂၀၂၆ အာဆီယံ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲနဲ့ မေလအတွင်း ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၆ အာရှဖလား ယူ-၁၇ ပြိုင်ပွဲတိုကို ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ #Eleven
Photos- MFF