မန္ယူအသင္းကစားသမားေဟာင္း ကာဗာနီ ကစားသမားဘဝက အနားယူ

မန္ယူအသင္းကစားသမားေဟာင္း ကာဗာနီ ကစားသမားဘဝက အနားယူ
=================
ဥေရာပထိပ္တန္း ကလပ္အသင္းမ်ားတြင္ ကစားခဲ့သည့္ ဝါရင့္တိုက္စစ္ကစားသမား ကာဗာနီသည္ ပေရာ္ဖက္ရွင္နယ္ ကစားသမားဘဝမွ အနားယူမည္ကို အတည္ျပဳေၾကညာခဲ့ေၾကာင္း သိရသည္။
အသက္ ၃၈ ႏွစ္အ႐ြယ္ ကာဗာနီသည္ ပေရာ္ဖက္ ရွင္နယ္ကစားသမားဘဝကို ၂၀၀၅ ခုႏွစ္က ဥ႐ုေဂြး ကလပ္ ဒါႏူဘိုင္အိုအသင္းႏွင့္စတင္ခဲ့ၿပီးေနာက္ ၂၀၀၇ ခုႏွစ္တြင္ ပါလာမိုအသင္းသို႔ ေျပာင္းေ႐ႊ႕ကစားၿပီး ဥေရာပေဘာလုံးေလာကသို႔ စတင္ေရာက္ရွိခဲ့ျခင္းျဖစ္သည္။
ကာဗာနီသည္ ၂၀၁၀ ျပည့္ႏွစ္တြင္ နာပိုလီအသင္း ထံေျပာင္းေ႐ႊ႕ကစားၿပီးေနာက္ အသင္းႏွင့္အတူ အေကာင္းဆုံးေျခစြမ္းျပႏိုင္ၿပီး ၿပိဳင္ပြဲစုံ ၁၃၈ ပြဲတြင္ ၁၀၄ ဂိုးအထိသြင္းယူႏိုင္ခဲ့သည္။
ကာဗာနီသည္ ၂၀၁၃ ခုႏွစ္က ပီအက္စ္ဂ်ီအသင္းသို႔ ေျပာင္းေ႐ႊ႕ကစားကာ အသင္းႏွင့္အတူ ၿပိဳင္ပြဲစုံ ပြဲေပါင္း ၃၀၁ ပြဲအထိ ပါဝင္ကစားခဲ့ၿပီး သြင္းဂိုး ၂၀၀ အထိ သြင္းယူႏိုင္ကာ ျပင္သစ္လီဂူးဖလား အပါအ၀င္ ဆုဖလားမ်ားစြာဆြတ္ခူးႏိုင္ခဲ့သူျဖစ္သည္။
ကာဗာနီသည္ ၂၀၂၀ ျပည့္ႏွစ္တြင္ ပီအက္စ္ဂ်ီ အသင္းႏွင့္ စာခ်ဳပ္သက္တမ္းကုန္ဆုံးကာ လမ္းခြဲၿပီး မန္ယူအသင္းထံ အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ေျပာင္းေ႐ႊ႕ကာ ၿပိဳင္ပြဲစုံ ၅၉ ပြဲ ပါဝင္ကစားၿပီး ၁၉ ဂိုး သြင္းယူ ႏိုင္ခဲ့သည္။ ကာဗာနီသည္ ၂၀၂၂ ခုႏွစ္က ဗလင္ စီယာအသင္း၊ ၂၀၂၃ ခုႏွစ္က ဘိုကာဂ်ဴနီယာအသင္းသို႔ အဆင့္ဆင့္ေျပာင္းေ႐ႊ႕ၿပီး ဘိုကာဂ်ဴနီယာအသင္းတြင္ ေနာက္ဆုံးကစားၿပီးေနာက္ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝမွ အနားယူခဲ့သူျဖစ္ေၾကာင္း သိရသည္။
Ref;One Football
မန်ယူအသင်းကစားသမားဟောင်း ကာဗာနီ ကစားသမားဘဝက အနားယူ
=================
ဥရောပထိပ်တန်း ကလပ်အသင်းများတွင် ကစားခဲ့သည့် ဝါရင့်တိုက်စစ်ကစားသမား ကာဗာနီသည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အနားယူမည်ကို အတည်ပြုကြေညာခဲ့ကြောင်း သိရသည်။
အသက် ၃၈ နှစ်အရွယ် ကာဗာနီသည် ပရော်ဖက် ရှင်နယ်ကစားသမားဘဝကို ၂၀၀၅ ခုနှစ်က ဥရုဂွေး ကလပ် ဒါနူဘိုင်အိုအသင်းနှင့်စတင်ခဲ့ပြီးနောက် ၂၀၀၇ ခုနှစ်တွင် ပါလာမိုအသင်းသို့ ပြောင်းရွှေ့ကစားပြီး ဥရောပဘောလုံးလောကသို့ စတင်ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ကာဗာနီသည် ၂၀၁၀ ပြည့်နှစ်တွင် နာပိုလီအသင်း ထံပြောင်းရွှေ့ကစားပြီးနောက် အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြနိုင်ပြီး ပြိုင်ပွဲစုံ ၁၃၈ ပွဲတွင် ၁၀၄ ဂိုးအထိသွင်းယူနိုင်ခဲ့သည်။
ကာဗာနီသည် ၂၀၁၃ ခုနှစ်က ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ကစားကာ အသင်းနှင့်အတူ ပြိုင်ပွဲစုံ ပွဲပေါင်း ၃၀၁ ပွဲအထိ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး ၂၀၀ အထိ သွင်းယူနိုင်ကာ ပြင်သစ်လီဂူးဖလား အပါအ၀င် ဆုဖလားများစွာဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။
ကာဗာနီသည် ၂၀၂၀ ပြည့်နှစ်တွင် ပီအက်စ်ဂျီ အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးကာ လမ်းခွဲပြီး မန်ယူအသင်းထံ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ကာ ပြိုင်ပွဲစုံ ၅၉ ပွဲ ပါဝင်ကစားပြီး ၁၉ ဂိုး သွင်းယူ နိုင်ခဲ့သည်။ ကာဗာနီသည် ၂၀၂၂ ခုနှစ်က ဗလင် စီယာအသင်း၊ ၂၀၂၃ ခုနှစ်က ဘိုကာဂျူနီယာအသင်းသို့ အဆင့်ဆင့်ပြောင်းရွှေ့ပြီး ဘိုကာဂျူနီယာအသင်းတွင် နောက်ဆုံးကစားပြီးနောက် ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှ အနားယူခဲ့သူဖြစ်ကြောင်း သိရသည်။
Ref;One Football




