အစာမေၾက ၊ ရင္ျပည့္၊ ရင္ကယ္ျဖစ္တဲ့အခါမွာ စားသင့္တဲ့ အစားအစာေတြ

အစာမေၾက ၊ ရင္ျပည့္၊ ရင္ကယ္ျဖစ္တဲ့အခါမွာ စားသင့္တဲ့ အစားအစာေတြ
===================
(က်န္းမာေရး) ဒီဇင္ဘာ ၁၂
ဒီေန႔ည ၈ နာရီမွာေတာ့ Novel Star Page ရဲ႕ က်န္းမာေရးက႑ကေန အစာမေၾက၊ ရင္ျပည့္၊ ရင္ကယ္ ျဖစ္တဲ့အခါမွာ စားသင့္တဲ့အစားအစာေတြအေၾကာင္းကို ေျပာျပသြားမွာျဖစ္ပါတယ္။
ငွက္ေပ်ာသီးဟာ အစာေခ်စနစ္ကို အေထာက္အကူ ျဖစ္ေစတာေၾကာင့္ ကေလးငယ္ေတြ အစာမေၾက ျဖစ္တဲ့အခါ ေကြၽးႏိုင္ပါတယ္။
အမွ်င္ဓာတ္နဲ႔ သၾကားဓာတ္ေတြ ပါဝင္တာေၾကာင့္ ေရဓာတ္ျဖည့္တင္း ေပးရာမွာလည္း အကူအညီေပးတာေၾကာင့္ ဗိုက္ေအာင့္ ေအာ့အန္တာေတြကို သက္သာေစပါတယ္။
ပူစီနံ႐ြက္က အစာအိမ္နဲ႔ အူတြင္းႂကြက္သားေတြကို သန္မာေစၿပီး အစာေခ်ဖ်က္စြမ္းရည္ကို ျမႇင့္တင္ ေပးႏိုင္ပါတယ္။ အစာမေၾက ရင္ျပည့္ေနခ်ိန္မွာ ပူစီနံ႐ြက္ပါတဲ့ ေဖ်ာ္ရည္မ်ိဳးကို ေသာက္သုံးႏိုင္ပါတယ္။
သေဘၤာသီးဟာ အစာေခ်ဖ်က္ရာမွာ အကူအညီေပးတဲ့ Papain ေခၚ အင္ဇိုင္းမ္တစ္မ်ိဳး ပါဝင္ တာေၾကာင့္ အစာမေၾကတဲ့ အခါမ်ိဳးမွာ စားေပးႏိုင္ပါတယ္။ ဂ်င္းေဖ်ာ္ရည္ဟာလည္း အစာအိမ္နာတာေတြကို သက္သာေစပါတယ္။ အစာေခ်လမ္းေၾကာင္းကို ရွင္းလင္းေပးတာေၾကာင့္ ေခ်ာေမြ႕ေစၿပီး ေအာ့အန္ျခင္းေတြကေန သက္သာေစပါတယ္။
ကရေဝးအေစ့မွာပါဝင္တဲ့ အဆီဓာတ္ေတြဟာ အစာေခ်စနစ္နဲ႔ အစာေခ်လမ္းေၾကာင္းကို သက္ေတာင့္သက္သာ ရွိေစပါတယ္။
အစာမကြေ ၊ ရင်ပြည့်၊ ရင်ကယ်ဖြစ်တဲ့အခါမှာ စားသင့်တဲ့ အစားအစာတွေ
===================
(ကျန်းမာရေး) ဒီဇင်ဘာ ၁၂
ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ အစာမကြေ၊ ရင်ပြည့်၊ ရင်ကယ် ဖြစ်တဲ့အခါမှာ စားသင့်တဲ့အစားအစာတွေအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။
ငှက်ပျောသီးဟာ အစာချေစနစ်ကို အထောက်အကူ ဖြစ်စေတာကြောင့် ကလေးငယ်တွေ အစာမကြေ ဖြစ်တဲ့အခါ ကျွေးနိုင်ပါတယ်။
အမျှင်ဓာတ်နဲ့ သကြားဓာတ်တွေ ပါဝင်တာကြောင့် ရေဓာတ်ဖြည့်တင်း ပေးရာမှာလည်း အကူအညီပေးတာကြောင့် ဗိုက်အောင့် အော့အန်တာတွေကို သက်သာစေပါတယ်။
ပူစီနံရွက်က အစာအိမ်နဲ့ အူတွင်းကြွက်သားတွေကို သန်မာစေပြီး အစာချေဖျက်စွမ်းရည်ကို မြှင့်တင် ပေးနိုင်ပါတယ်။ အစာမကြေ ရင်ပြည့်နေချိန်မှာ ပူစီနံရွက်ပါတဲ့ ဖျော်ရည်မျိုးကို သောက်သုံးနိုင်ပါတယ်။
သင်္ဘောသီးဟာ အစာချေဖျက်ရာမှာ အကူအညီပေးတဲ့ Papain ခေါ် အင်ဇိုင်းမ်တစ်မျိုး ပါဝင် တာကြောင့် အစာမကြေတဲ့ အခါမျိုးမှာ စားပေးနိုင်ပါတယ်။ ဂျင်းဖျော်ရည်ဟာလည်း အစာအိမ်နာတာတွေကို သက်သာစေပါတယ်။ အစာချေလမ်းကြောင်းကို ရှင်းလင်းပေးတာကြောင့် ချောမွေ့စေပြီး အော့အန်ခြင်းတွေကနေ သက်သာစေပါတယ်။
ကရဝေးအစေ့မှာပါဝင်တဲ့ အဆီဓာတ်တွေဟာ အစာချေစနစ်နဲ့ အစာချေလမ်းကြောင်းကို သက်တောင့်သက်သာ ရှိစေပါတယ်။



