ျမန္မာႏိုင္ငံအတြက္ ပထမဆုံးေ႐ႊတံဆိပ္ႏွစ္ဆုကို ႐ိုးရာျခင္းလုံးၿပိဳင္ပြဲတြင္ အမ်ိဳးသမီးအသင္းႏွင့္ အမ်ိဳးသားအသင္းတို႔ ဆြတ္ခူးခဲ့

ျမန္မာႏိုင္ငံအတြက္ ပထမဆုံးေ႐ႊတံဆိပ္ႏွစ္ဆုကို ႐ိုးရာျခင္းလုံးၿပိဳင္ပြဲတြင္ အမ်ိဳးသမီးအသင္းႏွင့္ အမ်ိဳးသားအသင္းတို႔ ဆြတ္ခူးခဲ့
==================
ထိုင္းႏိုင္ငံမွ အိမ္ရွင္အျဖစ္လက္ခံက်င္းပသည့္ (၃၃) ႀကိမ္ေျမာက္ ၂၀၂၅ ဆီးဂိမ္းၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံအတြက္ ပထမဆုံးေ႐ႊတံဆိပ္ ႏွစ္ဆုကို ႐ိုးရာျခင္းလုံးၿပိဳင္ပြဲတြင္ အမ်ိဳးသမီးအသင္းႏွင့္အမ်ိဳးသားအသင္းတို႔ ဆြတ္ခူးေပးႏိုင္ခဲ့သည္။

ယေန႔နံနက္ပိုင္းတြင္ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ Nakhonpathom Sport Center ၌ က်င္းပလ်က္ရွိသည့္ ျခင္းလုံးအမ်ိဳးသမီး ၿပိဳင္ပြဲအသင္းလိုက္ ဖိုင္နယ္ပြဲစဥ္ Linking (Event 3) ၿပိဳင္ပြဲတြင္ ျမန္မာအသင္းႏွင့္ထိုင္းအသင္းတို႔ ယွဥ္ၿပိဳင္ခတ္ကစားခဲ့ရာ ပထမပြဲငယ္တြင္ ျမန္မာအသင္းက ၂၄၇ မွတ္၊ ထိုင္းအသင္းက ၂၂၃ မွတ္ရရွိခဲ့ၿပီး ဒုတိယပြဲငယ္အား ဆက္လက္ကစားရာ ျမန္မာအသင္းက ၂၅၅ မွတ္၊ ထိုင္းအသင္းက ၂၂၃ မွတ္ရရွိခဲ့သည့္အတြက္ ျမန္မာအသင္းက ရမွတ္ ၅၀၂ မွတ္ျဖင့္ ပထမ၊ ထိုင္းအသင္းက ရမွတ္ ၄၄၆ မွတ္ျဖင့္ ဒုတိယ၊ လာအိုအသင္းက ရမွတ္ ၃၁၅ မွတ္ျဖင့္ တတိယရရွိခဲ့ၿပီး ျမန္မာႏိုင္ငံအတြက္ ပထမဆုံးေ႐ႊတံဆိပ္ဆုကို ရယူေပးႏိုင္ခဲ့သည္။

ထို႔ျပင္ ျခင္းလုံးအမ်ိဳးသားၿပိဳင္ပြဲအသင္းလိုက္ ဖိုင္နယ္ပြဲစဥ္ Linking (Event 3) ၿပိဳင္ပြဲတြင္ ျမန္မာအသင္းႏွင့္ ထိုင္းအသင္းတို႔ ယွဥ္ၿပိဳင္ခတ္ကစားခဲ့ရာ ပထမပြဲငယ္တြင္ ျမန္မာအသင္းက ၂၉၀ မွတ္၊ ထိုင္းအသင္းက ၂၄၆ မွတ္ရရွိခဲ့ၿပီး ဒုတိယပြဲငယ္အား ဆက္လက္ကစားရာ ျမန္မာအသင္းက ၂၈၄ မွတ္၊ ထိုင္းအသင္းက ၂၅၅ မွတ္ရရွိခဲ့သည့္အတြက္ ၿပိဳင္ပြဲၿပီးဆုံးခ်ိန္တြင္ စုစုေပါင္းရမွတ္

အျဖစ္ ထိုင္းအသင္းက ရမွတ္ ၅၀၁ မွတ္ရရွိခဲ့ၿပီး ျမန္မာအသင္းက ရမွတ္ ၅၇၄ မွတ္ရရွိခဲ့ကာ ျမန္မာအသင္းက ပထမ၊ ထိုင္းအသင္းက ဒုတိယ၊ လာအိုအသင္းက တတိယရရွိခဲ့ၿပီး ျမန္မာျခင္းလုံးအမ်ိဳးသားအသင္းသည္ ျမန္မာႏိုင္ငံအတြက္ ဒုတိယေျမာက္ ေ႐ႊတံဆိပ္ဆုကို ထိုက္ထိုက္တန္တန္ ထပ္မံဆြတ္ခူးရယူေပးႏိုင္ခဲ့ေၾကာင္း သိရသည္။


မြန်မာနိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ်နှစ်ဆုကို ရိုးရာခြင်းလုံးပြိုင်ပွဲတွင် အမျိုးသမီးအသင်းနှင့် အမျိုးသားအသင်းတို့ ဆွတ်ခူးခဲ့
==================
ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၃၃) ကြိမ်မြောက် ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ် နှစ်ဆုကို ရိုးရာခြင်းလုံးပြိုင်ပွဲတွင် အမျိုးသမီးအသင်းနှင့်အမျိုးသားအသင်းတို့ ဆွတ်ခူးပေးနိုင်ခဲ့သည်။

ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Nakhonpathom Sport Center ၌ ကျင်းပလျက်ရှိသည့် ခြင်းလုံးအမျိုးသမီး ပြိုင်ပွဲအသင်းလိုက် ဖိုင်နယ်ပွဲစဉ် Linking (Event 3) ပြိုင်ပွဲတွင် မြန်မာအသင်းနှင့်ထိုင်းအသင်းတို့ ယှဉ်ပြိုင်ခတ်ကစားခဲ့ရာ ပထမပွဲငယ်တွင် မြန်မာအသင်းက ၂၄၇ မှတ်၊ ထိုင်းအသင်းက ၂၂၃ မှတ်ရရှိခဲ့ပြီး ဒုတိယပွဲငယ်အား ဆက်လက်ကစားရာ မြန်မာအသင်းက ၂၅၅ မှတ်၊ ထိုင်းအသင်းက ၂၂၃ မှတ်ရရှိခဲ့သည့်အတွက် မြန်မာအသင်းက ရမှတ် ၅၀၂ မှတ်ဖြင့် ပထမ၊ ထိုင်းအသင်းက ရမှတ် ၄၄၆ မှတ်ဖြင့် ဒုတိယ၊ လာအိုအသင်းက ရမှတ် ၃၁၅ မှတ်ဖြင့် တတိယရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ်ဆုကို ရယူပေးနိုင်ခဲ့သည်။

ထို့ပြင် ခြင်းလုံးအမျိုးသားပြိုင်ပွဲအသင်းလိုက် ဖိုင်နယ်ပွဲစဉ် Linking (Event 3) ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ခတ်ကစားခဲ့ရာ ပထမပွဲငယ်တွင် မြန်မာအသင်းက ၂၉၀ မှတ်၊ ထိုင်းအသင်းက ၂၄၆ မှတ်ရရှိခဲ့ပြီး ဒုတိယပွဲငယ်အား ဆက်လက်ကစားရာ မြန်မာအသင်းက ၂၈၄ မှတ်၊ ထိုင်းအသင်းက ၂၅၅ မှတ်ရရှိခဲ့သည့်အတွက် ပြိုင်ပွဲပြီးဆုံးချိန်တွင် စုစုပေါင်းရမှတ်

အဖြစ် ထိုင်းအသင်းက ရမှတ် ၅၀၁ မှတ်ရရှိခဲ့ပြီး မြန်မာအသင်းက ရမှတ် ၅၇၄ မှတ်ရရှိခဲ့ကာ မြန်မာအသင်းက ပထမ၊ ထိုင်းအသင်းက ဒုတိယ၊ လာအိုအသင်းက တတိယရရှိခဲ့ပြီး မြန်မာခြင်းလုံးအမျိုးသားအသင်းသည် မြန်မာနိုင်ငံအတွက် ဒုတိယမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့ကြောင်း သိရသည်။