ေမဂ်ာလိဂ္အေကာင္းဆုံးကစားသမားဆုကို ႏွစ္ရာသီဆက္ရရွိတဲ့ မက္ဆီ

ေမဂ်ာလိဂ္အေကာင္းဆုံးကစားသမားဆုကို ႏွစ္ရာသီဆက္ရရွိတဲ့ မက္ဆီ
===================
အင္တာမိုင္ယာမီအသင္းေခါင္းေဆာင္ အာဂ်င္တီးနားတိုက္စစ္မႉး မက္ဆီဟာ ေမဂ်ာလိဂ္အေကာင္းဆုံးကစားသမားဆုကို ႏွစ္ရာသီဆက္ ရရွိတဲ့ ပထမဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ေၾကာင္း သိရပါတယ္။

Landon Donovan MVP Award လို႔လည္း အမည္တြင္တဲ့ ေမဂ်ာလိဂ္ရဲ႕တန္ဖိုးအရွိဆုံးကစားသမားဆုကို မက္ဆီက ၂၀၂၄ နဲ႔ ၂၀၂၅ ႏွစ္ရာသီဆက္ ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ၿပီး ဒီရာသီမွာေတာ့ ဂိုးသြင္းအမ်ားဆုံး ေ႐ႊဖိနပ္ဆုကိုပါ သြင္းဂိုး(၂၉)ဂိုးနဲ႔ ရရွိခဲ့တာပါ။

ဂိုးဖန္တီးမႈလည္း (၁၉)ႀကိမ္ျပဳလုပ္ႏိုင္ခဲ့တာေၾကာင့္ ၂၀၂၅ ရာသီ ေမဂ်ာလိဂ္ၿပိဳင္ပြဲမွာ မက္ဆီအေနနဲ႔ (၂၈)ပြဲကစားၿပီး ဂိုးပါဝင္ပတ္သက္မႈ (၄၈)ဂိုးရွိခဲ့ေၾကာင္း သိရပါတယ္။

ေမဂ်ာလိဂ္အေကာင္းဆုံးကစားသမားဆုကို ၁၉၉၆ ခုႏွစ္မွာ စတင္ခ်ီးျမႇင့္ခဲ့ၿပီး ေမဂ်ာလိဂ္ကလပ္အသင္းေတြရဲ႕ နည္းျပေတြ၊ ကစားသမားေတြနဲ႔ မီဒီယာေတြရဲ႕ ဆႏၵမဲနဲ႔ ေ႐ြးခ်ယ္ခ်ီးျမႇင့္ျခင္းျဖစ္ေၾကာင္း သိရပါတယ္။


မေဂျာလိဂ်အကောင်းဆုံးကစားသမားဆုကို နှစ်ရာသီဆက်ရရှိတဲ့ မက်ဆီ
===================
အင်တာမိုင်ယာမီအသင်းခေါင်းဆောင် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ မေဂျာလိဂ်အကောင်းဆုံးကစားသမားဆုကို နှစ်ရာသီဆက် ရရှိတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

Landon Donovan MVP Award လို့လည်း အမည်တွင်တဲ့ မေဂျာလိဂ်ရဲ့တန်ဖိုးအရှိဆုံးကစားသမားဆုကို မက်ဆီက ၂၀၂၄ နဲ့ ၂၀၂၅ နှစ်ရာသီဆက် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ဒီရာသီမှာတော့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကိုပါ သွင်းဂိုး(၂၉)ဂိုးနဲ့ ရရှိခဲ့တာပါ။

ဂိုးဖန်တီးမှုလည်း (၁၉)ကြိမ်ပြုလုပ်နိုင်ခဲ့တာကြောင့် ၂၀၂၅ ရာသီ မေဂျာလိဂ်ပြိုင်ပွဲမှာ မက်ဆီအနေနဲ့ (၂၈)ပွဲကစားပြီး ဂိုးပါဝင်ပတ်သက်မှု (၄၈)ဂိုးရှိခဲ့ကြောင်း သိရပါတယ်။

မေဂျာလိဂ်အကောင်းဆုံးကစားသမားဆုကို ၁၉၉၆ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့ပြီး မေဂျာလိဂ်ကလပ်အသင်းတွေရဲ့ နည်းပြတွေ၊ ကစားသမားတွေနဲ့ မီဒီယာတွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရပါတယ်။