ကေမာၻဒီးယား-ထိုင္း ပဋိပကၡေၾကာင့္ ကေမာၻဒီးယားနယ္စပ္ေဒသခံျပည္သူေပါင္း ၁၀၀,၀၀၀ ေက်ာ္ ေနရပ္ စြန႔္ခြာရေၾကာင္း ကေမာၻဒီးယားကာကြယ္ေရးဝန္ႀကီးဌာနဆို

ကေမာၻဒီးယား-ထိုင္း ပဋိပကၡေၾကာင့္ ကေမာၻဒီးယားနယ္စပ္ေဒသခံျပည္သူေပါင္း ၁၀၀,၀၀၀ ေက်ာ္ ေနရပ္ စြန႔္ခြာရေၾကာင္း ကေမာၻဒီးယားကာကြယ္ေရးဝန္ႀကီးဌာနဆို
===============
(ႏိုင္ငံတကာ) ဒီဇင္ဘာ ၁၁
ကေမာၻဒီးယား-ထိုင္း ပဋိပကၡသည္ စတုတၳေျမာက္ေန႔သို႔ ေရာက္ရွိေနၿပီျဖစ္ရာ ကေမာၻဒီးယားနယ္စပ္ ေဒသခံ ျပည္သူေပါင္း ၁၀၀,၀၀၀ ေက်ာ္ ေနရပ္စြန႔္ခြာ၍ လုံၿခဳံရာေဒသသို႔ ထြက္ခြာေနရေၾကာင္း ကေမာၻဒီးယားႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးဌာနက ဒီဇင္ဘာလ ၁၀ ရက္တြင္ ေျပာၾကားခဲ့သည္။
“ေနရာစြန႔္ခြာသူ စုစုေပါင္းအေနနဲ႔ မိသားစု ၂၀,၁၀၅ စု၊ လူဦးေရ ၁၀၁,၁၂၉ ဦးခန႔္ရွိၿပီး အဲဒီထဲမွာ ေမြးကင္းစ ကေလးငယ္၊ ကိုယ္ဝန္ေဆာင္သည္၊ သက္ႀကီးသူ အမ်ိဳးသမီးႏွင့္ မသန္စြမ္းသူမ်ား ပါဝင္ပါတယ္” ဟု ကေမာၻဒီးယား ကာကြယ္ေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Maly Socheata က သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။
ဒီဇင္ဘာလ ၇ ရက္ ညေနပိုင္းမွ ဒီဇင္ဘာလ ၁၀ ရက္ နံနက္ပိုင္းအထိ ထိုင္းစစ္တပ္သည္ လက္နက္ႀကီးႏွင့္ F-16 တိုက္ေလယာဥ္မ်ားျဖင့္ ကေမာၻဒီးယား စစ္ဘက္ေရးရာစခန္းႏွင့္ အရပ္သားျပည္သူ လူေနဇုန္မ်ားစြာအား အဆက္မျပတ္ တိုက္ခိုက္ခဲ့ေၾကာင္း၊ ပဋိပကၡေၾကာင့္ ကေမာၻဒီးယား အရပ္သားျပည္သူ ၇ ဦးထက္မနည္း ေသဆုံး၍ အျခား ၂၀ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ၎က ေျပာၾကားခဲ့သည္။
ထိုင္းႏိုင္ငံႏွင့္ ကေမာၻဒီးယားႏိုင္ငံ နယ္စပ္ေဒသတြင္ ဒီဇင္ဘာလ ၇ ရက္မွစ၍ ပဋိပကၡအျပင္းအထန္ ျဖစ္ပြား ခဲ့ရာ ေဒသမ်ားစြာ၌ လက္နက္သံမ်ား ခပ္စိတ္စိတ္ေပၚထြက္လာခဲ့သည္။ ႏွစ္ဖက္လုံးက တစ္ဖက္မွ “စတင္ပစ္ခတ္ သည္” ဟု အျပန္အလွန္ အျပစ္တင္ၾကေၾကာင္း သိရသည္။
ကမ္ဘောဒီးယား-ထိုင်း ပဋိပက္ခကြောင့် ကမ္ဘောဒီးယားနယ်စပ်ဒေသခံပြည်သူပေါင်း ၁၀၀,၀၀၀ ကျော် နေရပ် စွန့်ခွာရကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနဆို
===============
(နိုင်ငံတကာ) ဒီဇင်ဘာ ၁၁
ကမ္ဘောဒီးယား-ထိုင်း ပဋိပက္ခသည် စတုတ္ထမြောက်နေ့သို့ ရောက်ရှိနေပြီဖြစ်ရာ ကမ္ဘောဒီးယားနယ်စပ် ဒေသခံ ပြည်သူပေါင်း ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာ၍ လုံခြုံရာဒေသသို့ ထွက်ခွာနေရကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
“နေရာစွန့်ခွာသူ စုစုပေါင်းအနေနဲ့ မိသားစု ၂၀,၁၀၅ စု၊ လူဦးရေ ၁၀၁,၁၂၉ ဦးခန့်ရှိပြီး အဲဒီထဲမှာ မွေးကင်းစ ကလေးငယ်၊ ကိုယ်ဝန်ဆောင်သည်၊ သက်ကြီးသူ အမျိုးသမီးနှင့် မသန်စွမ်းသူများ ပါဝင်ပါတယ်” ဟု ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဒီဇင်ဘာလ ၇ ရက် ညနေပိုင်းမှ ဒီဇင်ဘာလ ၁၀ ရက် နံနက်ပိုင်းအထိ ထိုင်းစစ်တပ်သည် လက်နက်ကြီးနှင့် F-16 တိုက်လေယာဉ်များဖြင့် ကမ္ဘောဒီးယား စစ်ဘက်ရေးရာစခန်းနှင့် အရပ်သားပြည်သူ လူနေဇုန်များစွာအား အဆက်မပြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ပဋိပက္ခကြောင့် ကမ္ဘောဒီးယား အရပ်သားပြည်သူ ၇ ဦးထက်မနည်း သေဆုံး၍ အခြား ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်ဒေသတွင် ဒီဇင်ဘာလ ၇ ရက်မှစ၍ ပဋိပက္ခအပြင်းအထန် ဖြစ်ပွား ခဲ့ရာ ဒေသများစွာ၌ လက်နက်သံများ ခပ်စိတ်စိတ်ပေါ်ထွက်လာခဲ့သည်။ နှစ်ဖက်လုံးက တစ်ဖက်မှ “စတင်ပစ်ခတ် သည်” ဟု အပြန်အလှန် အပြစ်တင်ကြကြောင်း သိရသည်။




