
=================
ပျော်ဘွယ် ၊ ဒီဇင်ဘာ ၉





ကန်သာ၊ဆွဲမှန်၊တလင်းကုန်းနှင့် ရှားပင်လှကျေးရွာများသို့ လွှတ်တော်ကိုယ်စားလှယ်လောင်းဦးသောင်းအေး သွားရောက်တွေ့ဆုံ
=================
ပျော်ဘွယ် ၊ ဒီဇင်ဘာ ၉

ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှုး ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးသည် ပျော်ဘွယ် မြို့နယ် ၊ ကန်သာ၊ဆွဲမှန်၊တလင်းကုန်းနှင့် ရှားပင်လှကျေးရွာများရှိ မိဘပြည်သူများနှင့် ဒီဇင်ဘာလ ၉ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့သည်။

ပျော်ဘွယ်မြို့နယ် ကန်သာကျေးရွာ၊ဆွဲမှန်ကျေးရွာ၊တလင်းကုန်းကျေးရွာ နှင့် ရှားပင်လှကျေးရွာများရှိ မိဘပြည်သူများနှင့် တွေ့ဆုံပွဲတွင် ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (FPTP) ဦးအောင်နိုင်ညွှန့်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (PR) ဒေါ်သန်းသန်းအေးတို့က ပြည်သူများနှင့်သွားရောက်တွေ့ဆုံခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများက လာမည့် ဒီဇင်ဘာလ ၂၈ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့် ပက်သက်၍ ပြည်သူများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာနေမိဘပြည်သူများက သိလိုသည်များကို မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။