ကန္တြင္း၊ ဇီးပင္ေပါက္၊ သံဘို၊ ဖ်င္းဇင္းႏွင့္ ေငြပုလဲေက်း႐ြာမ်ားသို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းဦးေသာင္းေအး သြားေရာက္ေတြ႕ဆုံ

ကန္တြင္း၊ ဇီးပင္ေပါက္၊ သံဘို၊ ဖ်င္းဇင္းႏွင့္ ေငြပုလဲေက်း႐ြာမ်ားသို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းဦးေသာင္းေအး သြားေရာက္ေတြ႕ဆုံ
==========================
ေပ်ာ္ဘြယ္ ၊ ဒီဇင္ဘာ ၁၀
ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႈး ၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေသာင္းေအးသည္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္အတြင္းရွိကန္တြင္း၊ ဇီးပင္ေပါက္၊ သံဘို၊ ဖ်င္းဇင္းႏွင့္ ေငြပုလဲေက်း႐ြာမ်ားသို႔ မိဘျပည္သူမ်ားႏွင့္ ဒီဇင္ဘာလ ၁၀ ရက္ေန႔က သြားေရာက္ေတြ႕ဆုံခဲ့သည္။

ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ကန္တြင္း၊ ဇီးပင္ေပါက္၊ သံဘို၊ ဖ်င္းဇင္းႏွင့္ ေငြပုလဲေက်း႐ြာမ်ားရွိ မိဘျပည္သူမ်ားကို ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေသာင္းေအး အပါအဝင္ အမ်ိဳးသာလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း(FPTP) ဦးေမာင္ေမာင္ျမင့္၊ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း (FPTP) ဦးေအာင္ႏိုင္ၫႊန႔္ႏွင့္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း (PR) ေဒၚသန္းသန္းေအးတို႔က ေဒသခံမဲဆႏၵရွင္ျပည္သူမ်ားႏွင့္သြားေရာက္ေတြ႕ဆုံခဲ့သည္။

ျပည္ခိုင္ၿဖိဳးပါတီ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားက လာမည့္ ဒီဇင္ဘာလ ၂၈ရက္ေန႔တြင္ စတင္က်င္းပမည့္ အေထြေထြေ႐ြးေကာက္ပြဲႏွင့္ ပက္သက္၍ ျပည္သူမ်ားကို ရွင္းလင္းေျပာၾကားခဲ့ၿပီး ေက်း႐ြာေနမိဘျပည္သူမ်ားက သိလိုသည္မ်ားကို ေမးျမန္းေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္းသိရသည္။


ကန်တွင်း၊ ဇီးပင်ပေါက်၊ သံဘို၊ ဖျင်းဇင်းနှင့် ငွေပုလဲကျေးရွာများသို့ လွှတ်တော်ကိုယ်စားလှယ်လောင်းဦးသောင်းအေး သွားရောက်တွေ့ဆုံ
==========================
ပျော်ဘွယ် ၊ ဒီဇင်ဘာ ၁၀
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှုး ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးသည် ပျော်ဘွယ်မြို့နယ်အတွင်းရှိကန်တွင်း၊ ဇီးပင်ပေါက်၊ သံဘို၊ ဖျင်းဇင်းနှင့် ငွေပုလဲကျေးရွာများသို့ မိဘပြည်သူများနှင့် ဒီဇင်ဘာလ ၁၀ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့သည်။

ပျော်ဘွယ်မြို့နယ် ကန်တွင်း၊ ဇီးပင်ပေါက်၊ သံဘို၊ ဖျင်းဇင်းနှင့် ငွေပုလဲကျေးရွာများရှိ မိဘပြည်သူများကို ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး အပါအဝင် အမျိုးသာလွှတ်တော်ကိုယ်စားလှယ်လောင်း(FPTP) ဦးမောင်မောင်မြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (FPTP) ဦးအောင်နိုင်ညွှန့်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (PR) ဒေါ်သန်းသန်းအေးတို့က ဒေသခံမဲဆန္ဒရှင်ပြည်သူများနှင့်သွားရောက်တွေ့ဆုံခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများက လာမည့် ဒီဇင်ဘာလ ၂၈ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့် ပက်သက်၍ ပြည်သူများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာနေမိဘပြည်သူများက သိလိုသည်များကို မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။