ျမန္မာႏိုင္ငံမွာအုပ္ခ်ဳပ္မႈနဲ႔ တည္ၿငိမ္မႈတိုးတက္လာလို႔ ျမန္မာေတြကို ယာယီေနထိုင္ခြင့္ေပးထားတဲ့ TPS စနစ္ဖ်က္သိမ္းမယ္လို႔ သမၼတထ႐ြမ့္ေၾကညာ

ျမန္မာႏိုင္ငံမွာအုပ္ခ်ဳပ္မႈနဲ႔ တည္ၿငိမ္မႈတိုးတက္လာလို႔ ျမန္မာေတြကို ယာယီေနထိုင္ခြင့္ေပးထားတဲ့ TPS စနစ္ဖ်က္သိမ္းမယ္လို႔ သမၼတထ႐ြမ့္ေၾကညာ
==================
(ႏိုင္ငံတကာ) ႏိုဝင္ဘာ ၂၅

အေမရိကန္ကိုေရာက္ေနၾကတဲ့ျမန္မာႏိုင္ငံသားေတြကို ယာယီေနထိုင္ခြင့္ေပးထားတဲ့ TPS (Temporary protected state)အစီစဥ္ကိုဖ်က္သိမ္းေတာ့မယ္လို႔ သမၼတေဒၚနယ္ထ႐ြမ့္က ႏိုဝင္ဘာ ၂၄ ရက္ေန႔ မေန႔က ထုတ္ျပန္ပါတယ္။
အေမရိကန္အစိုးရရဲ႕စာရင္းဇယားေတြအရ လက္ရွိ TPS ရထားတဲ့ ျမန္မာႏိုင္ငံသား ၃၉၆၉ ဦးရွိတယ္လို႔ သိထားရၿပီး အဲ့ဒီ လူ ၃ ေထာင္ေက်ာ္ရရွိထားတဲ့ TPS အစီအစဥ္ဟာ ဒီေန႔ ႏိုဝင္ဘာ ၂၅ ရက္ေန႔မွာသက္တမ္းတိုးမဲ့ရက္ျဖစ္လို႔ သက္တမ္းတိုးခြင့္မရွိေတာ့ပါဘူး။

အခုလို ဖ်က္သိမ္းရတာဟာ ျမန္မာႏိုင္ငံအတြင္းမွာအုပ္ခ်ဳပ္မႈနဲ႔ တည္ၿငိမ္မႈပိုင္းမွာတိုးတက္မႈေတြရွိေနတာ​ကိုေတြ႕ရတဲ့အတြက္ အမိေျမလုံၿခဳံေရးဌာနက ဒီအစီစဥ္ကိုဖ်က္သိမ္းဖို႔အဆိုျပဳခဲ့တယ္လို႔ ထ႐ြမ့္ကေၾကညာခ်က္မွာေဖာ္ျပထားပါတယ္။
အမိေျမလုံၿခဳံေရးဝန္ႀကီး ခရစ္စတီႏုံးကေတာ့ ျမန္မာႏိုင္ငံသားေတြကို ယာယီေနထိုင္ခြင့္ TPS ဆက္ေပးေနတာဟာ အေမရိကန္အက်ိဳးစီးပြားနဲ႔ ဆန္႔က်င္ဘက္ျဖစ္ေနတယ္လို႔ေျပာပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံသားေတြကိုျပည္ဝင္ခြင့္ဗီဇာထုတ္မေပးခင္ အေသအျခာစီစစ္ႏိုင္ျခင္းမရွိတာေၾကာင့္ သူတို႔ဟာ ဗီဇာကိုရက္လြန္ေနၾကမယ့္အႏၲရာယ္လည္းရွိေၾကာင္း TPS ရထားတဲ့ ျမန္မာအမ်ိဳးသားလုံၿခဳံဲေရးနဲ႔ လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာခ်ိဳးေဖာက္မႈေတြနဲ႔ စုံစမ္းစစ္ေဆးခံရတာရွိေၾကာင္းကိုလည္း သူ႔ရဲ႕ေၾကညာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

ဒီေၾကညာခ်က္အရ လက္ရွိ TPS ရထားတဲ့သူေတြထဲမွာ ျပည္ေျပးအစိုးရအမည္ခံ NUG ကပုဂၢိဳလ္ေတြ ႏိုင္ငံမတည္မၿငိမ္ျဖစ္ေအာင္ လုပ္ေဆာင္ကာ ေတာခိုၿပီး ထြက္ေျပးတိမ္းေရွာင္သြားသူေတြလည္းမွာျဖစ္တယ္လို႔ ႏိုင္ငံတကာအေရးေလ့လာသုံးသပ္သူေတြကေျပာပါတယ္။

ဒါ့အျပင္ အေမရိကန္အစိုးရက ယာယီေနထိုင္ခြင့္ေပးထားတဲ့ TPS (Temporary protected state)အစီစဥ္မွာအႀကဳံးဝင္ေနတဲ့ ျမန္မာႏိုင္ငံသား ၄ ေထာင္နီးပါးဟာ ျမန္မာျပည္ကို ျပန္ပို႔ခံရႏိုင္ဖြယ္ရွိတယ္လို႔လည္း သုံးသပ္သူေတြကေျပာပါတယ္။

ဒီေန႔ ႏိုဝင္ဘာ ၂၅ ရက္ေန႔မွာ ဒီအစီရင္ခံစာကို ျပန္ေထာင္စုအစိုးရမွတ္တမ္း႐ုံးမွာတရားဝင္ မွတ္ပုံတင္မွာျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ဇန္နဝါရီလေႏွာင္းပိုင္းမွာ စတင္အသက္ဝင္မွာျဖစ္တယ္လို႔ သိရပါတယ္။

#PAN


မြန်မာနိုင်ငံမှာအုပ်ချုပ်မှုနဲ့ တည်ငြိမ်မှုတိုးတက်လာလို့ မြန်မာတွေကို ယာယီနေထိုင်ခွင့်ပေးထားတဲ့ TPS စနစ်ဖျက်သိမ်းမယ်လို့ သမ္မတထရွမ့်ကြေညာ
==================
(နိုင်ငံတကာ) နိုဝင်ဘာ ၂၅

အမေရိကန်ကိုရောက်နေကြတဲ့မြန်မာနိုင်ငံသားတွေကို ယာယီနေထိုင်ခွင့်ပေးထားတဲ့ TPS (Temporary protected state)အစီစဥ်ကိုဖျက်သိမ်းတော့မယ်လို့ သမ္မတဒေါ်နယ်ထရွမ့်က နိုဝင်ဘာ ၂၄ ရက်နေ့ မနေ့က ထုတ်ပြန်ပါတယ်။
အမေရိကန်အစိုးရရဲ့စာရင်းဇယားတွေအရ လက်ရှိ TPS ရထားတဲ့ မြန်မာနိုင်ငံသား ၃၉၆၉ ဦးရှိတယ်လို့ သိထားရပြီး အဲ့ဒီ လူ ၃ ထောင်ကျော်ရရှိထားတဲ့ TPS အစီအစဥ်ဟာ ဒီနေ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာသက်တမ်းတိုးမဲ့ရက်ဖြစ်လို့ သက်တမ်းတိုးခွင့်မရှိတော့ပါဘူး။

အခုလို ဖျက်သိမ်းရတာဟာ မြန်မာနိုင်ငံအတွင်းမှာအုပ်ချုပ်မှုနဲ့ တည်ငြိမ်မှုပိုင်းမှာတိုးတက်မှုတွေရှိနေတာ​ကိုတွေ့ရတဲ့အတွက် အမိမြေလုံခြုံရေးဌာနက ဒီအစီစဥ်ကိုဖျက်သိမ်းဖို့အဆိုပြုခဲ့တယ်လို့ ထရွမ့်ကကြေညာချက်မှာဖော်ပြထားပါတယ်။
အမိမြေလုံခြုံရေးဝန်ကြီး ခရစ်စတီနုံးကတော့ မြန်မာနိုင်ငံသားတွေကို ယာယီနေထိုင်ခွင့် TPS ဆက်ပေးနေတာဟာ အမေရိကန်အကျိုးစီးပွားနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသားတွေကိုပြည်ဝင်ခွင့်ဗီဇာထုတ်မပေးခင် အသေအခြာစီစစ်နိုင်ခြင်းမရှိတာကြောင့် သူတို့ဟာ ဗီဇာကိုရက်လွန်နေကြမယ့်အန္တရာယ်လည်းရှိကြောင်း TPS ရထားတဲ့ မြန်မာအမျိုးသားလုံခြုံဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာချိုးဖောက်မှုတွေနဲ့ စုံစမ်းစစ်ဆေးခံရတာရှိကြောင်းကိုလည်း သူ့ရဲ့ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီကြေညာချက်အရ လက်ရှိ TPS ရထားတဲ့သူတွေထဲမှာ ပြည်ပြေးအစိုးရအမည်ခံ NUG ကပုဂ္ဂိုလ်တွေ နိုင်ငံမတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်ကာ တောခိုပြီး ထွက်ပြေးတိမ်းရှောင်သွားသူတွေလည်းမှာဖြစ်တယ်လို့ နိုင်ငံတကာအရေးလေ့လာသုံးသပ်သူတွေကပြောပါတယ်။

ဒါ့အပြင် အမေရိကန်အစိုးရက ယာယီနေထိုင်ခွင့်ပေးထားတဲ့ TPS (Temporary protected state)အစီစဥ်မှာအကြုံးဝင်နေတဲ့ မြန်မာနိုင်ငံသား ၄ ထောင်နီးပါးဟာ မြန်မာပြည်ကို ပြန်ပို့ခံရနိုင်ဖွယ်ရှိတယ်လို့လည်း သုံးသပ်သူတွေကပြောပါတယ်။

ဒီနေ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ ဒီအစီရင်ခံစာကို ပြန်ထောင်စုအစိုးရမှတ်တမ်းရုံးမှာတရားဝင် မှတ်ပုံတင်မှာဖြစ်ပြီး ၂၀၁၆ ခုနှစ်ဇန်နဝါရီလနှောင်းပိုင်းမှာ စတင်အသက်ဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

#PAN