မိန္ႏူးနဲ႔ ဇက္ဇီးတို႔ ဇန္နဝါရီမွာ အသင္းက ထြက္ခြာရဖြယ္ရွိေၾကာင္း အာမိုရင္မ္ ေျပာ

မိန္ႏူးနဲ႔ ဇက္ဇီးတို႔ ဇန္နဝါရီမွာ အသင္းက ထြက္ခြာရဖြယ္ရွိေၾကာင္း အာမိုရင္မ္ ေျပာ
====================
မန္ယူအသင္းရဲ႕နည္းျပ အာမိုရင္မ္က အသင္းမွာ ေနရာမရျဖစ္ေနတဲ့ မိန္ႏူးနဲ႔ ဇက္ဇီးတို ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ အသင္းက ထြက္ခြာရဖြယ္ရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။
ဒီကစားသမားႏွစ္ဦးစလုံးဟာ ဒီရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ တစ္ႀကိမ္မွ ပြဲထြက္ကစားခြင့္မရေသးဘဲ ဇက္ဇီးက (၈၂)မိနစ္၊ မိန္ႏူးက (၁၃၈)မိနစ္သာ ကစားခြင့္ရထားေၾကာင္း သိရပါတယ္။
ဒါေၾကာင့္ မိန္ႏူးနဲ႔ ဇက္ဇီးတိုက ပြဲကစားခြင့္ပိုမိုရရွိမယ့္အသင္းဆီ ေျပာင္းေ႐ႊ႕ဖို လိုလားေနၾကၿပီး အာမိုရင္မ္ကလည္း အသင္းကသာ ဦးစားေပးျဖစ္ေၾကာင္းနဲ႔ အသင္းက အလိုရွိတဲ့ကစားသမားေတြကိုသာ ဆက္ထိန္းထားမွာျဖစ္ေၾကာင္း ေျပာၾကားခဲဲပါတယ္။
”ကြၽန္ေတာ္လည္း ေဘာလုံးသမားတစ္ေယာက္ ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ အရာရာတိုင္းကို ကြၽန္ေတာ္ နားလည္ၿပီး ကစားသမားေတြကို အေျခအေနတိုင္းမွာ ကြၽန္ေတာ္ ကူညီေပးခ်င္ပါတယ္။ ကစားသမားတခ်ိဳက ကမာၻ႔ဖလားအတြက္ မခ်င့္မရဲျဖစ္ေနတာကိုလည္း နားလည္ပါတယ္။ ဒါေပမဲ့ အသင္းက ပထမဦးစားေပးပါ။ ကလပ္အသင္းကိုေရာ ကစားသမားေတြကိုပါ ကူညီေပးႏိုင္ရင္ေတာ့ ကြၽန္ေတာ္ ေပ်ာ္႐ႊင္ရမွာပါ။ ဒီလိုမွမဟုတ္ရင္ေတာ့ အသင္းအတြက္ပဲ ကြၽန္ေတာ္ စဥ္းစားမွာပါ” လို အာမိုရင္မ္က ေျပာၾကားခဲ့ပါတယ္။
ထြက္ေပၚေနတဲ့ သတင္းေတြအရ အဂၤလန္ကစားသမား မိန္ႏူးကို နာပိုလီ၊ နယ္သာလန္ကစားသမား ဇက္ဇီးကို ႐ိုးမားအသင္းေတြက ေခၚယူဖို စိတ္ဝင္စားေနေၾကာင္း သိရပါတယ္။ #Eleven
မိန်နူးနဲ့ ဇက်ဇီးတို့ ဇန်နဝါရီမှာ အသင်းက ထွက်ခွာရဖွယ်ရှိကြောင်း အာမိုရင်မ် ပြော
====================
မန်ယူအသင်းရဲ့နည်းပြ အာမိုရင်မ်က အသင်းမှာ နေရာမရဖြစ်နေတဲ့ မိန်နူးနဲ့ ဇက်ဇီးတို ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ အသင်းက ထွက်ခွာရဖွယ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
ဒီကစားသမားနှစ်ဦးစလုံးဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ကြိမ်မှ ပွဲထွက်ကစားခွင့်မရသေးဘဲ ဇက်ဇီးက (၈၂)မိနစ်၊ မိန်နူးက (၁၃၈)မိနစ်သာ ကစားခွင့်ရထားကြောင်း သိရပါတယ်။
ဒါကြောင့် မိန်နူးနဲ့ ဇက်ဇီးတိုက ပွဲကစားခွင့်ပိုမိုရရှိမယ့်အသင်းဆီ ပြောင်းရွှေ့ဖို လိုလားနေကြပြီး အာမိုရင်မ်ကလည်း အသင်းကသာ ဦးစားပေးဖြစ်ကြောင်းနဲ့ အသင်းက အလိုရှိတဲ့ကစားသမားတွေကိုသာ ဆက်ထိန်းထားမှာဖြစ်ကြောင်း ပြောကြားခဲဲပါတယ်။
”ကျွန်တော်လည်း ဘောလုံးသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အရာရာတိုင်းကို ကျွန်တော် နားလည်ပြီး ကစားသမားတွေကို အခြေအနေတိုင်းမှာ ကျွန်တော် ကူညီပေးချင်ပါတယ်။ ကစားသမားတချိုက ကမ္ဘာ့ဖလားအတွက် မချင့်မရဲဖြစ်နေတာကိုလည်း နားလည်ပါတယ်။ ဒါပေမဲ့ အသင်းက ပထမဦးစားပေးပါ။ ကလပ်အသင်းကိုရော ကစားသမားတွေကိုပါ ကူညီပေးနိုင်ရင်တော့ ကျွန်တော် ပျော်ရွှင်ရမှာပါ။ ဒီလိုမှမဟုတ်ရင်တော့ အသင်းအတွက်ပဲ ကျွန်တော် စဉ်းစားမှာပါ” လို အာမိုရင်မ်က ပြောကြားခဲ့ပါတယ်။
ထွက်ပေါ်နေတဲ့ သတင်းတွေအရ အင်္ဂလန်ကစားသမား မိန်နူးကို နာပိုလီ၊ နယ်သာလန်ကစားသမား ဇက်ဇီးကို ရိုးမားအသင်းတွေက ခေါ်ယူဖို စိတ်ဝင်စားနေကြောင်း သိရပါတယ်။ #Eleven




