Times City International Career & Job Fair မွ အလုပ္အကိုင္ေပါင္း ၆၀၀ ေက်ာ္ ေခၚယူမည္

Times City International Career & Job Fair မွ အလုပ္အကိုင္ေပါင္း ၆၀၀ ေက်ာ္ ေခၚယူမည္
==================
အလုပ္အကိုင္ေပါင္း ၆၀၀ ေက်ာ္ ေခၚယူမည့္ Times City International Career & Job Fair 2025 ကို ႏိုဝင္ဘာ ၂၂ ရက္ႏွင့္ ၂၃ ရက္ေန႔ေတြမွာ က်င္းပသြားဖိုရွိတယ္လို သိရပါတယ္။ အဆိုပါအခမ္းအနားမွာ ႏိုင္ငံတကာထိပ္တန္းကုမၸဏီႀကီးမ်ားမွ Entry Level မွစၿပီး Professional Level မ်ားအထိ Position ေပါင္း ၆၀၀ ေက်ာ္ေခၚယူသြားမွာျဖစ္ၿပီး ရန္ကုန္ၿမိဳရွိ Times City Office Tower 1 ရဲ႕ ၁၈ လႊာရွိ Convention Centre မွာ မနက္ ၁၀ နာရီမွ ညေန ၅ နာရီအထိ က်င္းပသြားမယ္လို သိရပါတယ္။

ယခုပြဲဟာ ႏိုင္ငံတကာမွ ေက်ာင္းမ်ား၊ ေကာလိပ္မ်ား၊ တကၠသိုလ္မ်ားႏွင့္ ထိပ္တန္းအလုပ္ရွင္မ်ား စုစည္းရာ ေနရာတစ္ခုျဖစ္ၿပီး၊ ကြန္ရက္ခ်ိတ္ဆက္မႈမ်ား ျပဳလုပ္ရန္၊ အသက္ေမြးဝမ္းေၾကာင္းဆိုင္ရာ အခြင့္အလမ္းမ်ား မွ်ေဝရန္ ႏွင့္ ေက်ာင္းသား/ေက်ာင္းသူမ်ား၏ အနာဂတ္အလုပ္အကိုင္ တိုးတက္မႈအတြက္ အဖိုးတန္ေသာ အခြင့္အလမ္းမ်ားကို အသုံးခ်ႏိုင္ရန္ တိုက္တြန္းအားေပးရန္ ရည္႐ြယ္က်င္းပတာ ျဖစ္ပါတယ္။

ပြဲအတြင္းအလုပ္လာေရာက္ေလွ်ာက္ထားသူ ေတြအတြက္ Walk-in အင္တာဗ်ဴးမ်ားလည္းရွိတာေၾကာင့္ မိမိတိုရဲ႕ ကိုယ္ေရးအခ်က္အလက္မွတ္တမ္း CV Form မ်ား မပ်က္မကြက္ယူေဆာင္ခဲ့ဖို အသိေပးထုတ္ျပန္ထားပါတယ္။


Times City International Career & Job Fair မှ အလုပ်အကိုင်ပေါင်း ၆၀၀ ကျော် ခေါ်ယူမည်
==================
အလုပ်အကိုင်ပေါင်း ၆၀၀ ကျော် ခေါ်ယူမည့် Times City International Career & Job Fair 2025 ကို နိုဝင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်နေ့တွေမှာ ကျင်းပသွားဖိုရှိတယ်လို သိရပါတယ်။ အဆိုပါအခမ်းအနားမှာ နိုင်ငံတကာထိပ်တန်းကုမ္ပဏီကြီးများမှ Entry Level မှစပြီး Professional Level များအထိ Position ပေါင်း ၆၀၀ ကျော်ခေါ်ယူသွားမှာဖြစ်ပြီး ရန်ကုန်မြိုရှိ Times City Office Tower 1 ရဲ့ ၁၈ လွှာရှိ Convention Centre မှာ မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမယ်လို သိရပါတယ်။

ယခုပွဲဟာ နိုင်ငံတကာမှ ကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များနှင့် ထိပ်တန်းအလုပ်ရှင်များ စုစည်းရာ နေရာတစ်ခုဖြစ်ပြီး၊ ကွန်ရက်ချိတ်ဆက်မှုများ ပြုလုပ်ရန်၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အလမ်းများ မျှဝေရန် နှင့် ကျောင်းသား/ကျောင်းသူများ၏ အနာဂတ်အလုပ်အကိုင် တိုးတက်မှုအတွက် အဖိုးတန်သော အခွင့်အလမ်းများကို အသုံးချနိုင်ရန် တိုက်တွန်းအားပေးရန် ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။

ပွဲအတွင်းအလုပ်လာရောက်လျှောက်ထားသူ တွေအတွက် Walk-in အင်တာဗျူးများလည်းရှိတာကြောင့် မိမိတိုရဲ့ ကိုယ်ရေးအချက်အလက်မှတ်တမ်း CV Form များ မပျက်မကွက်ယူဆောင်ခဲ့ဖို အသိပေးထုတ်ပြန်ထားပါတယ်။