မန္ယူကစားသမားေဟာင္း အန္တိုနီကို ဘိုင္ယန္ျမဴးနစ္အသင္း ခ်ိတ္ဆက္ခဲ့ေသာ္လည္း ျငင္းပယ္

မန္ယူကစားသမားေဟာင္း အန္တိုနီကို ဘိုင္ယန္ျမဴးနစ္အသင္း ခ်ိတ္ဆက္ခဲ့ေသာ္လည္း ျငင္းပယ္
================
ဘက္တစ္အသင္းရဲ႕ ဘရာဇီးလ္ေတာင္ပံကစားသမား အန္တိုနီက ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေနာက္ဆုံးေန႔မွာ ဘိုင္ယန္ျမဴးနစ္နည္းျပ ကြန္ပနီက သူ႔ကို ေခၚယူဖို႔ ခ်ိတ္ဆက္ခဲ့ေပမဲ့ ျငင္းပယ္ခဲ့ေၾကာင္း ဖြင့္ဟေျပာၾကားခဲ့ပါတယ္။

အန္တိုနီဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ မန္ယူအသင္းကေန ဘက္တစ္အသင္းကို ယူ႐ို(၂၅)သန္းဝန္းက်င္နဲ႔ အၿပီးသတ္ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး ဘက္တစ္အသင္းကို သစၥာေဖာက္မေဖာက္ႏိုင္တာေၾကာင့္ ဘိုင္ယန္ျမဴးနစ္ကို ျငင္းပယ္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရပါတယ္။

အန္တိုနီဟာ ၂၀၂၅ ဇန္နဝါရီမွာ ဘက္တစ္ကို အငွားနဲ႔ ေျပာင္းေ႐ႊ႕ကစားခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ ေႏြရာသီမွာ အၿပီးသတ္ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္သလို၊ ဘက္တစ္ပရိသတ္ေတြကလည္း သူ႔ကို အားေပးႀကိဳဆိုခဲ့ေၾကာင္း သိရပါတယ္။

အန္တိုနီဟာ ဘက္တစ္သင္းအတြက္ ၿပိဳင္ပြဲစုံ(၃၇)ပြဲမွာ (၁၅)ဂိုးသြင္းယူေပးထားေၾကာင္း သိရပါတယ္။


မန်ယူကစားသမားဟောင်း အန်တိုနီကို ဘိုင်ယန်မြူးနစ်အသင်း ချိတ်ဆက်ခဲ့သော်လည်း ငြင်းပယ်
================
ဘက်တစ်အသင်းရဲ့ ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီက ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီက သူ့ကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမဲ့ ငြင်းပယ်ခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။

အန်တိုနီဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်ယူအသင်းကနေ ဘက်တစ်အသင်းကို ယူရို(၂၅)သန်းဝန်းကျင်နဲ့ အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဘက်တစ်အသင်းကို သစ္စာဖောက်မဖောက်နိုင်တာကြောင့် ဘိုင်ယန်မြူးနစ်ကို ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

အန်တိုနီဟာ ၂၀၂၅ ဇန်နဝါရီမှာ ဘက်တစ်ကို အငှားနဲ့ ပြောင်းရွှေ့ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် နွေရာသီမှာ အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်သလို၊ ဘက်တစ်ပရိသတ်တွေကလည်း သူ့ကို အားပေးကြိုဆိုခဲ့ကြောင်း သိရပါတယ်။

အန်တိုနီဟာ ဘက်တစ်သင်းအတွက် ပြိုင်ပွဲစုံ(၃၇)ပွဲမှာ (၁၅)ဂိုးသွင်းယူပေးထားကြောင်း သိရပါတယ်။