Su-75 Checkmate တို-က္ေလယာဥ္ စမ္းသပ္မႈမ်ား ႐ုရွား မၾကာမီစတင္မည္

Su-75 Checkmate တို-က္ေလယာဥ္ စမ္းသပ္မႈမ်ား ႐ုရွား မၾကာမီစတင္မည္
===============
Su-75 Checkmate တို-က္ေလယာဥ္ စမ္းသပ္မႈမ်ား မၾကာမီ စတင္မည္ျဖစ္ေၾကာင္း ႐ုရွားႏိုင္ငံပိုင္ Rostec ေကာ္ပိုေရးရွင္း၏ အမႈေဆာင္အရာရွိခ်ဳပ္ (CEO) Sergey Chemezov က ဒူဘိုင္းေလေၾကာင္းျပပြဲ ၂၀၂၅ (Dubai Airshow 2025) တြင္ ေျပာၾကားခဲ့သည္။
“ေလယာဥ္အသစ္တစ္စင္းကို တီထြင္ဖန္တီးရာမွာ အခ်ိန္အေတာ္အတန္ၾကာျမင့္ပါတယ္၊ ပ်မ္းမွ်အားျဖင့္ ၁၀ ႏွစ္ကေန ၁၅ ႏွစ္အထိေပါ့။ အခုခ်ိန္အထိဆိုရင္ အခ်ိန္အနည္းငယ္သာကုန္ေသးတာပါ။ ေလယာဥ္ေတြဟာ အဲ့ဒီေလာက္ျမန္ျမန္ ဆက္ခနဲျဖစ္လာတာမ်ိဳး မဟုတ္ပါဘူး၊ ကေလးေတြကေတာ့ ကိုးလမွာ ေမြးႏိုင္တာေပါ့။ ကြၽန္ေတာ္တို႔ရဲ႕ ေလယာဥ္ကေတာ့ ပ်ံသန္းဖို႔အဆင့္ကို လက္ေတြ႕က်က် ေရာက္ေနၿပီျဖစ္ပါတယ္” ဟု သူက ေျပာၾကားၿပီး မၾကာမီ စမ္းသပ္မႈမ်ား စတင္ေတာ့မည္ျဖစ္ေၾကာင္း ရွင္းျပခဲ့သည္။
Chemezov က Rostec သည္ ေလယာဥ္အတြက္ ဆက္လက္လုပ္ေဆာင္ေနေၾကာင္း၊ “ဝယ္လိုအားရွိမယ္လို႔ ယုံၾကည္ပါတယ္” ဟု ေျပာၾကားခဲ့သည္။ “ဒါက ပိုၿပီးေဈးသက္သာတယ္၊ အင္ဂ်င္တစ္လုံးတည္းနဲ႔ ျဖစ္ၿပီး ေလထဲကေရာ ေျမျပင္ပစ္မွတ္ေတြကိုပါ လိုအပ္တဲ့အရာအားလုံးကို ကိုင္တြယ္ေျဖရွင္းႏိုင္ဖို႔ လက္နက္အင္အား လုံေလာက္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ထိေရာက္မႈ၊ ေဈးႏႈန္းနဲ႔ အရည္အေသြးပိုင္းအရ ေျပာရရင္ေတာ့ ေတာ္ေတာ္ေလး ေကာင္းမြန္မယ္လို႔ ယူဆပါတယ္” ဟုလည္း သူက ျဖည့္စြက္ေျပာၾကားခဲ့သည္။ #Popular
Su-75 Checkmate တို-က်လေယာဉ် စမ်းသပ်မှုများ ရုရှား မကြာမီစတင်မည်
===============
Su-75 Checkmate တို-က်လေယာဉ် စမ်းသပ်မှုများ မကြာမီ စတင်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် Rostec ကော်ပိုရေးရှင်း၏ အမှုဆောင်အရာရှိချုပ် (CEO) Sergey Chemezov က ဒူဘိုင်းလေကြောင်းပြပွဲ ၂၀၂၅ (Dubai Airshow 2025) တွင် ပြောကြားခဲ့သည်။
“လေယာဉ်အသစ်တစ်စင်းကို တီထွင်ဖန်တီးရာမှာ အချိန်အတော်အတန်ကြာမြင့်ပါတယ်၊ ပျမ်းမျှအားဖြင့် ၁၀ နှစ်ကနေ ၁၅ နှစ်အထိပေါ့။ အခုချိန်အထိဆိုရင် အချိန်အနည်းငယ်သာကုန်သေးတာပါ။ လေယာဉ်တွေဟာ အဲ့ဒီလောက်မြန်မြန် ဆက်ခနဲဖြစ်လာတာမျိုး မဟုတ်ပါဘူး၊ ကလေးတွေကတော့ ကိုးလမှာ မွေးနိုင်တာပေါ့။ ကျွန်တော်တို့ရဲ့ လေယာဉ်ကတော့ ပျံသန်းဖို့အဆင့်ကို လက်တွေ့ကျကျ ရောက်နေပြီဖြစ်ပါတယ်” ဟု သူက ပြောကြားပြီး မကြာမီ စမ်းသပ်မှုများ စတင်တော့မည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။
Chemezov က Rostec သည် လေယာဉ်အတွက် ဆက်လက်လုပ်ဆောင်နေကြောင်း၊ “ဝယ်လိုအားရှိမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။ “ဒါက ပိုပြီးဈေးသက်သာတယ်၊ အင်ဂျင်တစ်လုံးတည်းနဲ့ ဖြစ်ပြီး လေထဲကရော မြေပြင်ပစ်မှတ်တွေကိုပါ လိုအပ်တဲ့အရာအားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လက်နက်အင်အား လုံလောက်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ထိရောက်မှု၊ ဈေးနှုန်းနဲ့ အရည်အသွေးပိုင်းအရ ပြောရရင်တော့ တော်တော်လေး ကောင်းမွန်မယ်လို့ ယူဆပါတယ်” ဟုလည်း သူက ဖြည့်စွက်ပြောကြားခဲ့သည်။ #Popular




