ေဘာဂသီရိကားကြင္းအနီး တံတားေပၚမွ တြဲယာဥ္တစ္စီး ေခ်ာင္းအတြင္းထိုးက်

ေဘာဂသီရိကားကြင္းအနီး တံတားေပၚမွ တြဲယာဥ္တစ္စီး ေခ်ာင္းအတြင္းထိုးက်
==================
ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕နယ္၊ ရန္ကုန္ – မႏၲေလး ၿမိဳ႕ေရွာင္ကားလမ္းေပၚ မိုင္တိုင္ (၂၂၁/၂) ႏွင့္(၂၂၁/၃)ၾကား ေဘာဂသီရိကားကြင္းအနီး တံတားျဖဴတံတားေပၚမွ တြဲယာဥ္တစ္စီး ေခ်ာင္းအတြင္းထိုးက်ခဲ့ေၾကာင္း သိရသည္။
ႏိုဝင္ဘာလ ၂၀ ရက္ေန႔ ၃နာရီခြဲအခ်ိန္က ရန္ကုန္-မႏၲေလးၿမိဳ႕ေရွာင္လမ္းအတိုင္း သၾကားစက္မီးပြိဳင့္ဘက္မွ ေဘာဂသီရိမီးပြိဳင့္ဘက္ (ေတာင္မွ ေျမာက္)သို႔ ယာဥ္ေမာင္း ဆန္းဝင္း၊ ၄၄ ႏွစ္၊ (ဘ)ဦးသန္းစိန္၊GBS(company)၊ သီလဝါဆိပ္ကမ္း၊ ရဲေဘာ္ကြက္သစ္၊ ကြက္စိတ္(၅)၊ က်န္စစ္သားလမ္း၊ (မ/၁၁၆)၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ေနသူ ေမာင္းႏွင္လာေသာယာဥ္အမွတ္ 4E/9312၊ JAC အမ်ိဳးအစား၊ အျဖဴေရာင္ယာဥ္ (၁၀)ဘီးေခါင္းတြဲႏွင့္ ခ်ိတ္ဆြဲလာေသာ ေနာက္တြဲအမွတ္ TLR 4422၊ အျဖဴ ေရာင္ခ်ိတ္ဆြဲယာဥ္သည္ တံတားျဖဴေပၚအေရာက္ အခ်ိန္မထိန္းႏိုင္ဘဲ ညာဘက္တံတားလက္ရမ္း တိုင္မ်ားအား ဝင္ေရာက္တိုက္မိၿပီး ငလိုက္ေခ်ာင္းအတြင္းသို႔ ထိုးက်တိမ္းေမွာက္သြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ တြဲကားယာဥ္သည္ တံတားဝင္ေရာက္တိုက္မိသျဖင့္ လက္ရမ္း ၁၂၀ ေပခန႔္ႏွင့္ 4E/9312၊ JAC အမ်ိဳးအစား၊ အျဖဴေရာင္ယာဥ္ ၁၀ ဘီးေခါင္းတြဲႏွင့္ TLR 4422၊ အျဖဴေရာင္ခ်ိတ္ဆြဲယာဥ္တို႔ ပ်က္စီးသြားခဲ့ၿပီး လူထိခိုက္ဒဏ္ရာရရွိခဲ့ျခင္းမရွိေၾကာင္း၊ ယာဥ္အားေပါ့ေလ်ာ့စြာ မဆင္မျခင္ ေမာင္းႏွင္ခဲ့မႈေၾကာင့္ ယာဥ္ေမာင္း ဆန္းဝင္းအား ဥပေဒအရ အေရးယူႏိုင္ရန္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ၎ေမာ္ေတာ္ယာဥ္အား ကရိတ္ယာဥ္ျဖင့္ ဆယ္ယူခဲ့ေၾကာင္း သိရသည္။


ဘောဂသီရိကားကွင်းအနီး တံတားပေါ်မှ တွဲယာဥ်တစ်စီး ချောင်းအတွင်းထိုးကျ
==================
နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ ရန်ကုန် – မန္တလေး မြို့ရှောင်ကားလမ်းပေါ် မိုင်တိုင် (၂၂၁/၂) နှင့်(၂၂၁/၃)ကြား ဘောဂသီရိကားကွင်းအနီး တံတားဖြူတံတားပေါ်မှ တွဲယာဥ်တစ်စီး ချောင်းအတွင်းထိုးကျခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့ ၃နာရီခွဲအချိန်က ရန်ကုန်-မန္တလေးမြို့ရှောင်လမ်းအတိုင်း သကြားစက်မီးပွိုင့်ဘက်မှ ဘောဂသီရိမီးပွိုင့်ဘက် (တောင်မှ မြောက်)သို့ ယာဉ်မောင်း ဆန်းဝင်း၊ ၄၄ နှစ်၊ (ဘ)ဦးသန်းစိန်၊GBS(company)၊ သီလဝါဆိပ်ကမ်း၊ ရဲဘော်ကွက်သစ်၊ ကွက်စိတ်(၅)၊ ကျန်စစ်သားလမ်း၊ (မ/၁၁၆)၊ ပြည်ကြီးတံခွန်မြို့နယ်နေသူ မောင်းနှင်လာသောယာဉ်အမှတ် 4E/9312၊ JAC အမျိုးအစား၊ အဖြူရောင်ယာဉ် (၁၀)ဘီးခေါင်းတွဲနှင့် ချိတ်ဆွဲလာသော နောက်တွဲအမှတ် TLR 4422၊ အဖြူ ရောင်ချိတ်ဆွဲယာဉ်သည် တံတားဖြူပေါ်အရောက် အချိန်မထိန်းနိုင်ဘဲ ညာဘက်တံတားလက်ရမ်း တိုင်များအား ဝင်ရောက်တိုက်မိပြီး ငလိုက်ချောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ တွဲကားယာဥ်သည် တံတားဝင်ရောက်တိုက်မိသဖြင့် လက်ရမ်း ၁၂၀ ပေခန့်နှင့် 4E/9312၊ JAC အမျိုးအစား၊ အဖြူရောင်ယာဉ် ၁၀ ဘီးခေါင်းတွဲနှင့် TLR 4422၊ အဖြူရောင်ချိတ်ဆွဲယာဉ်တို့ ပျက်စီးသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း၊ ယာဉ်အားပေါ့လျော့စွာ မဆင်မခြင် မောင်းနှင်ခဲ့မှုကြောင့် ယာဉ်မောင်း ဆန်းဝင်းအား ဥပဒေအရ အရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းမော်တော်ယာဥ်အား ကရိတ်ယာဥ်ဖြင့် ဆယ်ယူခဲ့ကြောင်း သိရသည်။