အိမ္ျဖဴေတာ္မွာ အေမရိကန္သမၼတ ေဒၚနယ္ထရန္႔နဲ႔ စီေရာ္နယ္လ္ဒို ေတြ႕ဆုံ

အိမ္ျဖဴေတာ္မွာ အေမရိကန္သမၼတ ေဒၚနယ္ထရန္႔နဲ႔ စီေရာ္နယ္လ္ဒို ေတြ႕ဆုံ
===========================
ေပၚတူဂီအသင္းေခါင္းေဆာင္ စီေရာ္နယ္လ္ဒိုဟာ မေန႔က ျပဳလုပ္ခဲ့တဲ့ အိမ္ျဖဴေတာ္ညစာစားပြဲမွာ အေမရိကန္သမၼတ ေဒၚနယ္ထရန္႔နဲ႔ ေတြ႕ဆုံခြင့္ရခဲ့ေၾကာင္း သိရပါတယ္။

ေဆာ္ဒီကလပ္ အယ္လ္နာဆာအသင္းမွာ ကစားေနတဲ့ စီေရာ္နယ္လ္ဒိုဟာ အဲဒီညစာစားပြဲကို ေဆာ္ဒီမင္းသား မိုမာမက္ဘင္ဆယ္လ္မန္နဲ႔အတူ တက္ေရာက္ခဲ့တာျဖစ္ၿပီး အျခားနာမည္ေက်ာ္မ်ားစြာကိုလည္း ေဒၚနယ္ထရန္႔က ဖိတ္ၾကားခဲ့ေၾကာင္း သိရပါတယ္။

အဲဒီညစာစားပြဲမွာ စီေရာ္နယ္လ္ဒိုက ေဒၚနယ္ထရန္႔ရဲ႕ သားျဖစ္သူ ဘာ႐ြန္နဲ႔လည္း ေတြ႕ဆုံခဲ့ရၿပီး ဧည့္သည္ေတာ္ေတြကို ႏႈတ္ဆက္စကားေျပာၾကားရာမွာ ေဒၚနယ္ထရန္႔က ” ကြၽန္ေတာ့္သားက စီေရာ္နယ္လ္ဒိုရဲ႕ အႀကီးစားပရိသတ္ျဖစ္တယ္” လို ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရပါတယ္။

ေဒၚနယ္ထရန္႔က စီေရာ္နယ္လ္ဒိုဟာ ေဘာလုံးေလာကရဲ႕ ထာဝရအေကာင္းဆုံးကစားသမားျဖစ္ေၾကာင္း ေျပာၾကားခဲ့ဖူးသူလည္းျဖစ္ပါတယ္။

Photos: X


အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ စီရော်နယ်လ်ဒို တွေ့ဆုံ
===========================
ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုဟာ မနေ့က ပြုလုပ်ခဲ့တဲ့ အိမ်ဖြူတော်ညစာစားပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံခွင့်ရခဲ့ကြောင်း သိရပါတယ်။

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှာ ကစားနေတဲ့ စီရော်နယ်လ်ဒိုဟာ အဲဒီညစာစားပွဲကို ဆော်ဒီမင်းသား မိုမာမက်ဘင်ဆယ်လ်မန်နဲ့အတူ တက်ရောက်ခဲ့တာဖြစ်ပြီး အခြားနာမည်ကျော်များစွာကိုလည်း ဒေါ်နယ်ထရန့်က ဖိတ်ကြားခဲ့ကြောင်း သိရပါတယ်။

အဲဒီညစာစားပွဲမှာ စီရော်နယ်လ်ဒိုက ဒေါ်နယ်ထရန့်ရဲ့ သားဖြစ်သူ ဘာရွန်နဲ့လည်း တွေ့ဆုံခဲ့ရပြီး ဧည့်သည်တော်တွေကို နှုတ်ဆက်စကားပြောကြားရာမှာ ဒေါ်နယ်ထရန့်က ” ကျွန်တော့်သားက စီရော်နယ်လ်ဒိုရဲ့ အကြီးစားပရိသတ်ဖြစ်တယ်” လို ထည့်သွင်းပြောကြားခဲ့ကြောင်း သိရပါတယ်။

ဒေါ်နယ်ထရန့်က စီရော်နယ်လ်ဒိုဟာ ဘောလုံးလောကရဲ့ ထာဝရအကောင်းဆုံးကစားသမားဖြစ်ကြောင်း ပြောကြားခဲ့ဖူးသူလည်းဖြစ်ပါတယ်။

Photos: X