ဘက္ထရီလွ်ပ္စစ္စက္ေခါင္းေတြနဲ႔ ရထားခရီးစဥ္ေတြေျပးဆြဲမယ္

ဘက္ထရီလွ်ပ္စစ္စက္ေခါင္းေတြနဲ႔ ရထားခရီးစဥ္ေတြေျပးဆြဲမယ္
=====================
ဘက္ထရီလွ်ပ္စစ္ ရထားစက္ေခါင္းေတြကိုအသုံးၿပီး ေခတ္မီေလေအးေပးစက္ပါ ေလအိတ္တြဲဆိုင္းေတြနဲ႔ ေနျပည္ေတာ္-မႏၲေလး-ေနျပည္ေတာ္ ရထားခရီးစဥ္ေတြ စတင္ေျပးဆြဲမယ္လို႔ သိရပါတယ္။

ဘက္ထရီလွ်ပ္စစ္ရထားစက္ေခါင္းေတြစမ္းသပ္ေမာင္းႏွင္မႈေတြကို ေအာက္တိုဘာလကုန္ပိုင္းကစတင္ ျပဳလုပ္ခဲ့တာေတြ႕ရၿပီး လာမယ့္ ႏိုဝင္ဘာ ၂၂ ရက္ေန႔ကစတင္ကာ လက္ရွိ RBE ေတြနဲ႔ ေျပးဆြဲေနတဲ့ အမွတ္(၂၇)အဆန္ ေနျပည္ေတာ္-မႏၲေလးနဲ႔ အမွတ္(၂၈)အစုန္ မႏၲေလး-ေနျပည္ေတာ္ ရထားခရီးစဥ္ေတြမွာ အဲ့ဒီစက္ေခါင္းေတြနဲ႔ ေျပးဆြဲေတာ့မွာပါ။

လွ်ပ္စစ္ဘက္ထရီစက္ေခါင္းေတြနဲ႔ပတ္သက္ၿပီး Positive Angle News – PAN က စက္ေခါင္းေတြစတင္ထုတ္လုပ္တဲ့ အခ်ိန္ကာလ၊ နည္းပညာ၊ ရရွိႏိုင္တဲ့အက်ိဳးသက္ေရာက္မႈ၊ တိုးခ်ဲ႕သုံးစြဲဖို႔အတြက္ အစိုးရဘက္က ရည္မွန္းထားတဲ့ အစီအစဥ္၊ ျပည္ပထုတ္ လွ်ပ္စစ္ရထားစက္ေခါင္းေတြနဲ႔ ႏႈိင္းယွဥ္ခ်က္ ၊ ျပည္တြင္းထုတ္လုပ္မႈရဲ႕ အရည္အေသြး၊ ကုန္က်စရိတ္၊ စြမ္းေဆာင္ရည္ကြာျခားမႈေတြနဲ႔ပတ္သက္ၿပီး ပို႔ေဆာင္ေရးနဲ႔ဆက္သြယ္ေရးဝန္ႀကီးဌာနကိုေမးျမန္းထားဆဲ့ျဖစ္ပါတယ္။

ႏိုဝင္ဘာ ၂၂ ရက္ေန႔မွာ ဘက္ထရီလွ်ပ္စစ္စက္ေခါင္း စတင္ေျပးဆြဲမယ့္ အမွတ္(၂၇)အဆန္ ေခတ္မီေလေအးေပးစက္ပါ ေလအိတ္ရထားဟာ ေနျပည္ေတာ္ဘူတာကေန မြန္းတည့္ ၁၂ နာရီမွာ စတင္ထြက္ခြာမွာျဖစ္ၿပီး မႏၲေလးဘူတာကို ညေန ၅ နာရီမွာ ဆိုက္ေရာက္မည္ျဖစ္သလို အမွတ္(၂၈)အစုန္ ေခတ္မီေလေအးေပးစက္ပါ ေလအိတ္ရထားဟာ မႏၲေလးဘူတာကေန မနက္ ၆ နာရီမွာ စတင္ထြက္ခြာၿပီး ေနျပည္ေတာ္ဘူတာကို မနက္ ၁၁ နာရီအခ်ိန္မွာ ဆိုက္ေရာက္မယ္လို႔သတင္းထုတ္ျပန္ပါတယ္။
မႏၲေလးကေန ရန္ကုန္ကို ဆက္လက္လိုက္ပါလိုတဲ့ခရီးသည္ေတြ အေနနဲ႔ ေနျပည္ေတာ္ ဘူတာကေန မြန္းတည့္ ၁၂ နာရီမွာ စတင္ထြက္ခြာမယ့္ အမွတ္(၈)အစုန္ ေခတ္မီ DEMU ရထားနဲ႔ ဆက္လက္လိုက္ပါႏိုင္ၿပီး ရန္ကုန္ကို ညေန ၅ နာရီခြဲမွာ ဆိုက္ေရာက္မွာျဖစ္သလို ရန္ကုန္ကေန မနက္ ၆ နာရီမွာ ထြက္ခြာမယ့္ အမွတ္(၃၁)အဆန္ ေခတ္မီ DEMU ရထားနဲ႔ လိုက္ပါလာတဲ့ ခရီးသည္ေတြအေနနဲ႔ မႏၲေလးကို ဆက္လက္ ခ်ိတ္ဆက္စီးနင္းႏိုင္တယ္လို႔လည္း သိရပါတယ္။

ေနျပည္ေတာ္-မႏၲေလး-ေနျပည္ေတာ္ ခရီးစဥ္ေျပးဆြဲမယ့္ ေလအိတ္ရထားတြဲဆိုင္းမွာ ႐ိုး႐ိုးတန္းေလအိတ္လူစီးတြဲ ႏွစ္တြဲ၊ ေလေအးေပးစက္ပါ အထက္တန္းေလအိတ္ လူစီးတြဲႏွစ္တြဲနဲ႔ ေလအိတ္ဘရိတ္တြဲတစ္တြဲ စုစုေပါင္းတြဲ ငါးတြဲ ခရီးသည္ ၂၃၈ ဦး လိုက္ပါစီးနင္းႏိုင္မွာျဖစ္ၿပီး လက္မွတ္ခ ႏႈန္းထားဟာ မႏၲေလး-ေနျပည္ေတာ္၊ ေနျပည္ေတာ္-မႏၲေလး ခရီးစဥ္အတြက္ ႐ိုး႐ိုးတန္းေငြက်ပ္ ၁၅၀၀၀၊ အထက္တန္းေငြက်ပ္ ၂၀၀၀၀ ျဖစ္ၿပီး လက္မွတ္​ေတြကို မိမိတို႔သြားေရာက္လိုတဲ့ ခရီးစဥ္ေတြ အတိုင္း ငါးရက္ႀကိဳတင္ကာ တယ္လီဖုန္းနဲ႔ ႀကိဳတင္မွာယူၿပီး MMQR စနစ္နဲ႔ အြန္လိုင္းကေန ေငြေပးေခ်ႏိုင္သလို သက္ဆိုင္ရာ ဘူတာေတြမွာ အထက္တန္းလက္မွတ္ကို သုံးရက္နဲ႔ ႐ိုး႐ိုးတန္းလက္မွတ္ကို တစ္ရက္ႀကိဳတင္ၿပီး ဝယ္ယူႏိုင္မယ္လို႔လည္း သိရပါတယ္။

ေနျပည္ေတာ္-မႏၲေလး ခရီးစဥ္တစ္ေလွ်ာက္ တပ္ကုန္း၊ ေပ်ာ္ဘြယ္၊ သာစည္နဲ႔ ေက်ာက္ဆည္ ဘူတာေလးခုမွာသာ ရပ္တန႔္ေပးသြားမွာ ျဖစ္ၿပီး ဘူတာေတြမွာ ရပ္တန႔္ခ်ိန္ အပါအဝင္ ခရီးစဥ္အစအဆုံး ေျပးဆြဲခ်ိန္ ၅ နာရီသာ ၾကာျမင့္မယ္လို႔လည္း သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။


ဘက်ထရီလျှပ်စစ်စက်ခေါင်းတွေနဲ့ ရထားခရီးစဥ်တွေပြေးဆွဲမယ်
=====================
ဘက်ထရီလျှပ်စစ် ရထားစက်ခေါင်းတွေကိုအသုံးပြီး ခေတ်မီလေအေးပေးစက်ပါ လေအိတ်တွဲဆိုင်းတွေနဲ့ နေပြည်တော်-မန္တလေး-နေပြည်တော် ရထားခရီးစဉ်တွေ စတင်ပြေးဆွဲမယ်လို့ သိရပါတယ်။

ဘက်ထရီလျှပ်စစ်ရထားစက်ခေါင်းတွေစမ်းသပ်မောင်းနှင်မှုတွေကို အောက်တိုဘာလကုန်ပိုင်းကစတင် ပြုလုပ်ခဲ့တာတွေ့ရပြီး လာမယ့် နိုဝင်ဘာ ၂၂ ရက်နေ့ကစတင်ကာ လက်ရှိ RBE တွေနဲ့ ပြေးဆွဲနေတဲ့ အမှတ်(၂၇)အဆန် နေပြည်တော်-မန္တလေးနဲ့ အမှတ်(၂၈)အစုန် မန္တလေး-နေပြည်တော် ရထားခရီးစဉ်တွေမှာ အဲ့ဒီစက်ခေါင်းတွေနဲ့ ပြေးဆွဲတော့မှာပါ။

လျှပ်စစ်ဘက်ထရီစက်ခေါင်းတွေနဲ့ပတ်သက်ပြီး Positive Angle News – PAN က စက်ခေါင်းတွေစတင်ထုတ်လုပ်တဲ့ အချိန်ကာလ၊ နည်းပညာ၊ ရရှိနိုင်တဲ့အကျိုးသက်ရောက်မှု၊ တိုးချဲ့သုံးစွဲဖို့အတွက် အစိုးရဘက်က ရည်မှန်းထားတဲ့ အစီအစဉ်၊ ပြည်ပထုတ် လျှပ်စစ်ရထားစက်ခေါင်းတွေနဲ့ နှိုင်းယှဉ်ချက် ၊ ပြည်တွင်းထုတ်လုပ်မှုရဲ့ အရည်အသွေး၊ ကုန်ကျစရိတ်၊ စွမ်းဆောင်ရည်ကွာခြားမှုတွေနဲ့ပတ်သက်ပြီး ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနကိုမေးမြန်းထားဆဲ့ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့မှာ ဘက်ထရီလျှပ်စစ်စက်ခေါင်း စတင်ပြေးဆွဲမယ့် အမှတ်(၂၇)အဆန် ခေတ်မီလေအေးပေးစက်ပါ လေအိတ်ရထားဟာ နေပြည်တော်ဘူတာကနေ မွန်းတည့် ၁၂ နာရီမှာ စတင်ထွက်ခွာမှာဖြစ်ပြီး မန္တလေးဘူတာကို ညနေ ၅ နာရီမှာ ဆိုက်ရောက်မည်ဖြစ်သလို အမှတ်(၂၈)အစုန် ခေတ်မီလေအေးပေးစက်ပါ လေအိတ်ရထားဟာ မန္တလေးဘူတာကနေ မနက် ၆ နာရီမှာ စတင်ထွက်ခွာပြီး နေပြည်တော်ဘူတာကို မနက် ၁၁ နာရီအချိန်မှာ ဆိုက်ရောက်မယ်လို့သတင်းထုတ်ပြန်ပါတယ်။
မန္တလေးကနေ ရန်ကုန်ကို ဆက်လက်လိုက်ပါလိုတဲ့ခရီးသည်တွေ အနေနဲ့ နေပြည်တော် ဘူတာကနေ မွန်းတည့် ၁၂ နာရီမှာ စတင်ထွက်ခွာမယ့် အမှတ်(၈)အစုန် ခေတ်မီ DEMU ရထားနဲ့ ဆက်လက်လိုက်ပါနိုင်ပြီး ရန်ကုန်ကို ညနေ ၅ နာရီခွဲမှာ ဆိုက်ရောက်မှာဖြစ်သလို ရန်ကုန်ကနေ မနက် ၆ နာရီမှာ ထွက်ခွာမယ့် အမှတ်(၃၁)အဆန် ခေတ်မီ DEMU ရထားနဲ့ လိုက်ပါလာတဲ့ ခရီးသည်တွေအနေနဲ့ မန္တလေးကို ဆက်လက် ချိတ်ဆက်စီးနင်းနိုင်တယ်လို့လည်း သိရပါတယ်။

နေပြည်တော်-မန္တလေး-နေပြည်တော် ခရီးစဉ်ပြေးဆွဲမယ့် လေအိတ်ရထားတွဲဆိုင်းမှာ ရိုးရိုးတန်းလေအိတ်လူစီးတွဲ နှစ်တွဲ၊ လေအေးပေးစက်ပါ အထက်တန်းလေအိတ် လူစီးတွဲနှစ်တွဲနဲ့ လေအိတ်ဘရိတ်တွဲတစ်တွဲ စုစုပေါင်းတွဲ ငါးတွဲ ခရီးသည် ၂၃၈ ဦး လိုက်ပါစီးနင်းနိုင်မှာဖြစ်ပြီး လက်မှတ်ခ နှုန်းထားဟာ မန္တလေး-နေပြည်တော်၊ နေပြည်တော်-မန္တလေး ခရီးစဉ်အတွက် ရိုးရိုးတန်းငွေကျပ် ၁၅၀၀၀၊ အထက်တန်းငွေကျပ် ၂၀၀၀၀ ဖြစ်ပြီး လက်မှတ်​တွေကို မိမိတို့သွားရောက်လိုတဲ့ ခရီးစဉ်တွေ အတိုင်း ငါးရက်ကြိုတင်ကာ တယ်လီဖုန်းနဲ့ ကြိုတင်မှာယူပြီး MMQR စနစ်နဲ့ အွန်လိုင်းကနေ ငွေပေးချေနိုင်သလို သက်ဆိုင်ရာ ဘူတာတွေမှာ အထက်တန်းလက်မှတ်ကို သုံးရက်နဲ့ ရိုးရိုးတန်းလက်မှတ်ကို တစ်ရက်ကြိုတင်ပြီး ဝယ်ယူနိုင်မယ်လို့လည်း သိရပါတယ်။

နေပြည်တော်-မန္တလေး ခရီးစဉ်တစ်လျှောက် တပ်ကုန်း၊ ပျော်ဘွယ်၊ သာစည်နဲ့ ကျောက်ဆည် ဘူတာလေးခုမှာသာ ရပ်တန့်ပေးသွားမှာ ဖြစ်ပြီး ဘူတာတွေမှာ ရပ်တန့်ချိန် အပါအဝင် ခရီးစဉ်အစအဆုံး ပြေးဆွဲချိန် ၅ နာရီသာ ကြာမြင့်မယ်လို့လည်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။