အဝေးသင် သင်တန်းများ စာမေးပွဲ ဖြေဆိုမည့်ရက် ကြေညာခြင်း
အဝေးသင် သင်တန်းများ စာမေးပွဲ ဖြေဆိုမည့်ရက် ကြေညာခြင်း
======================
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များမှ ၂၀၂၅ ခုနှစ် ပညာသင်နှစ် အဝေးသင်တက္ကသိုလ်သင်တန်းများအတွက် စာမေးပွဲများကို လာမည့် အောက်တိုဘာ ၁ ရက်မှစတင်၍ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
ပထမအသုတ် အဝေးသင် သိပ္ပံအထူးပြုဘာသာရပ်များအားလုံးမှာ အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၉ ရက်အထိ၊ ဒုတိယအသုတ် အဝေးသင် ဝိဇ္ဇာအထူးပြုဘာသာရပ်များဖြစ်သည့် အင်္ဂလိပ်စာ၊ ပထဝီ၊ ဥပဒေ၊ အရှေ့တိုင်းပညာ၊ စိတ်ပညာ၊ ဒဿနိကဗေဒ ဘာသာရပ်များမှာ အောက်တိုဘာ ၂၄ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ ဖြေဆိုရမည်ဖြစ်သည်။
ထို့ပြင် တတိယအသုတ် အဝေးသင် ဝိဇ္ဇာအထူးပြုများဖြစ်သည့် မြန်မာစာ၊ သမိုင်း၊ စီးပွားရေးပညာ၊ စီးပွားစီမံပညာဘာသာရပ်များသည် နိုဝင်ဘာ ၁၃ ရက်မှ နိုဝင်ဘာ ၂၁ ရက်အထိဖြေဆိုရမည်ဖြစ်သည်။