အမေရိကန်က TikTok ပိတ်ပင်မှုကို ဒီဇင်ဘာလလယ်အထိ ရွှေ့ဆိုင်း
အမေရိကန်က TikTok ပိတ်ပင်မှုကို ဒီဇင်ဘာလလယ်အထိ ရွှေ့ဆိုင်း
====================
အမေရိကန်ရဲ့ TikTok ပိတ်ပင်မှုကို ဒီဇင်ဘာ ၁၆ ရက်အထိ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကရွှေ့ဆိုင်းလိုက်ပြီး တရုတ်ပိုင်ရှင်ထံက ဝယ်ယူလိုမှုကြောင့် စတုတ္ထအကြိမ်ရွှေ့ဆိုင်း ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။
အခုလိုရွှေ့ဆိုင်းမိန်းကို စက်တင်ဘာ ၁၆ ရက်က ထုတ်ပြန်လိုက်တာဖြစ်ပြီး အမိန့်မထုတ်ပြန်မှီဆွေးနွေးချက်အရ သဘောတူညီချက်တစ်ခု ရရှိထားတယ်လို့ ထရွမ့်က ပြောကြားထားပါတယ်။
“ကျွန်ုပ်တို့ TikTok မှာ သဘောတူညီမှုတစ်ခု ရှိပါတယ်၊ ကျွန်တော် တရုတ်နဲ့ သဘောတူညီမှု ရပြီးပြီ၊ ကျွန်တော် အရာအားလုံးကို အတည်ပြုဖို့ သောကြာနေ့မှာ သမ္မတ Xi (Jinping) နဲ့ စကားပြောမှာပါ” လို့ သမ္မတထရွမ့်က ဗြိတိန်ကို နိုင်ငံတော် အလည်အပတ် ခရီးထွက်ခွာနီး အိမ်ဖြူတော်ကာ စက်တင်ဘာ ၁၆ ရက်က သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့မှာ အဲဒါကို ဝယ်ချင်တဲ့ ကုမ္ပဏီကြီးတွေ ရှိတယ်” လို့သူကပြောပါတယ်။
tiktok နဲ့ပတ်သက်ပြီး စက်တင်ဘာ ၁၉ ရက်နေ့မှာ နှစ်နိုင်ငံခေါင်းဆောင်တွေအကြား ဖုန်းခေါ်ဆိုမှုနဲ့ အပြီးသတ်ဆွေးနွေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
ကမ္ဘာလုံးဆိုင်ရာအသုံးပြုသူ နှစ်ဘီလီယံနီးပါးရှိနေတဲ့ TikTok ကို တရုတ်နိုင်ငံအခြေစိုက် ByteDance ကပိုင်ဆိုင်ထားပါတယ်။
Wall Street Journal ရဲ့ အဆိုအရ TikTok ရဲ့ US လုပ်ငန်းကို cloud ကုမ္ပဏီကြီး Oracle နဲ့ အကျိုးတူရင်းနှီးမြှပ်နှံမှုကုမ္ပဏီ Andreessen Horowitz တို့အပါအဝင် ရင်းနှီးမြှုပ်နှံသူ ပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားမှာဖြစ်ပြီး တရုတ်ပိုင်ရှင်တွေက US လုပ်ငန်းရဲ့ ၂၀ ရာခိုင်နှုန်းကိုသာ ထိန်းသိမ်းပိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။