ရီးယဲလ်အသင်းအတွက် ဂိုး(၅၀) အမြန်ဆုံးသွင်းနိုင်တဲ့ကစားသမားအဖြစ် ဘာပေ မှတ်တမ်းဝင်

ရီးယဲလ်အသင်းအတွက် ဂိုး(၅၀) အမြန်ဆုံးသွင်းနိုင်တဲ့ကစားသမားအဖြစ် ဘာပေ မှတ်တမ်းဝင်

==================

ယနေ့နံနက်အစောပိုင်းက ချန်ပီယံလိဂ်ပွဲစဉ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး ဘာပေဟာ စီရော်နယ်လ်ဒိုရဲ့နောက် ရီးယဲလ်အသင်းအတွက် ဂိုး(၅၀)အမြန်ဆုံးသွင်းနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

ပြင်သစ်တိုက်စစ်မှူး ဘာပေဟာ မာဆေးလ်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရရှိတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် ပယ်နယ်တီကနေ (၂)ဂိုးစလုံးသွင်းယူပြီး ဒီမှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ဂန္ထဝင်ကစားသမား စီရော်နယ်လ်ဒိုက ရီးယဲလ်အသင်းအတွက် (၅၄)ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာပဲ ဂိုး(၅၀)ပြည့် သွင်းယူနိုင်ခဲ့ပြီး ဘာပေကတော့ ပြိုင်ပွဲစုံ(၆၄)ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာ ဂိုး(၅၀)ပြည့်သွင်းယူနိုင်ခဲ့တာပါ။

”ရှာဘီက ပွဲကို အနိုင်ရဖို ဘောလုံးကို မြန်မြန်ပေးပို ကစားစေချင်ခဲ့ပါတယ်။ ကျွန်တော်တိုကလည်း အနိုင်ရချင်တာကြောင့် သူလိုချင်တဲ့ပုံစံအတိုင်း ကစားခဲ့ပါတယ်။ ဂိုးသွင်းတာနဲ့ဖြစ်စေ၊ ပြိုင်ဘက်ကို ဖိအားပေးတာနဲ့ဖြစ်စေ၊ ဂိုးဖန်တီးမှုပြု လုပ်တာနဲ့ဖြစ်စေ အသင်းကို ကျွန်တော် ကူညီချင်ပါတယ်” လို ဘာပေက ပြောကြားခဲ့ပါတယ်။