မန်ယူတိုက်စစ်မှူးဟောင်း မာရှယ် မက္ကဆီကိုကလပ်သို့ ပြောင်းရွှေ့
မန်ယူတိုက်စစ်မှူးဟောင်း မာရှယ် မက္ကဆီကိုကလပ်သို့ ပြောင်းရွှေ့
==============
မန်ယူတိုက်စစ်မှူးဟောင်း မာရှယ် ဟာ ဂရိကလပ် AEK အေသင်အသင်းမှ မက္ကဆီကိုကလပ် မွန်တာရေး အသင်းသို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အန်တိုနီ မာရှယ် ဟာ မွန်တာရေး အသင်းနဲ့ နှစ်နှစ်စာချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်ခဲ့ပါတယ်။
မွန်တာရေးအသင်းဟာ နာမည်ကျော် စပိန် နောက်ခံကစားသမား ရာမို့စ် ကစားနေတဲ့အသင်းလည်း ဖြစ်ပါတယ်။ မာရှယ် ဟာ ၂၀၂၅ ခုနှစ်မှာ မိုနာကိုအသင်းမှ မန်ယူသို့ ပေါင် ၃၆ သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး ကမ္ဘာတန်ဖိုးအမြင့်ဆုံး ဆယ်ကျော်သက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
မန်ယူအသင်းမှာ ၉ နှစ်ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၃၁၇ ပွဲမှာ ဂိုး ၉၀ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ မန်ယူအသင်းမှ ထွက်ခွာကာ AEK အသင်းသို့ပြောင်းရွှေ့ခဲ့ကာ ပြိုင်ပွဲစုံ ၁၉ ပွဲကစားပြီး ၇ ဂိုးသာ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။