နေပြည်တော်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာအချို့ရှိနေအိမ်များအတွင်း ရေဝင်ရောက်မှုများရှိနေ
နေပြည်တော်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာအချို့ရှိနေအိမ်များအတွင်း ရေဝင်ရောက်မှုများရှိနေ
======================
ဩဂုတ် ၂၇
ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့သည့်တိုင်ဖွန်းမုန်တိုင်း “ကာဂျီကီ” ၏ အရှိန်ကြောင့် နေပြည်တော် အပါအဝင် ပြည်နယ် နှင့် တိုင်း (၁၄) ခု၌ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
လက်ရှိ၌လည်း မိုးများသဖြင့် ယနေ့ ဩဂုတ်(၂၇) ရက်တွင် နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြိုနယ်ရှိ ညောင်ပင်သာကျေးရွာနှင့် ဗျိုင်းအင်းကျေးရွာ၊ အောင်ဇေယျဘုရားအနီးရှိ နေအိမ်များအတွင်း ရေတက်လာသောကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေရသည်။
ရေဝင်ရောက်သည့် နေရာများကို ဥတ္တရခရိုင် မီးသတ်စခန်းနှင့် တပ်ကုန်းမြိုနယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲဝင်များသည် စက်လှေ(၄)စီးတိုဖြင့် ကူညီကယ်ဆယ်ပေးခြင်းနှင့် ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်နေကြောင်း သိရသည်။
မုန်တိုင်း အရှိန်ကြောင့် မိုးသည်းခြင်း၊ လေပြင်းတိုက်ခြင်း၊ ရုတ်တရက် ရေကြီးမြေပြိုနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်သတိရှိကြရန်လည်း မိုးဇလက တိုက်တွန်းထားသည်။