ဖျာပုံမြိုအနီး မြန်မာ့ပင်လယ်ပြင်ကို ဗဟိုပြု၍ ငလျင်လှုပ်ခတ် ၊ ရန်ကုန်တွင် သိသိသာသာခံစားရဟုဆို
ဖျာပုံမြိုအနီး မြန်မာ့ပင်လယ်ပြင်ကို ဗဟိုပြု၍ ငလျင်လှုပ်ခတ် ၊ ရန်ကုန်တွင် သိသိသာသာခံစားရဟုဆို
ဩဂုတ်လ ၂၀ရက် ည (၇)နာရီ (၁၆) မိနစ်ခန့်က ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၅၆) မိုင်ခန့်ကွာဝေးသော မြန်မာ့ ပင်လယ်ပြင်၊ (ဖျာပုံမြို၏ အရှေ့တောင်ဘက် (၂၃) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၆.၀၇) ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် (၉၅.၉၄) ဒီဂရီ၊ အနက် (၁၁၈) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်း ငယ်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထား သည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကို ရန်ကုန်တိုင်းအတွင်းရှိ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ ပုဇွန်တောင်မြိုနယ် အပါအ ဝင် မြိုနယ်အချို့တွင် သိသိသာသာ ခံစားခဲ့ရကြောင်း မြို့နေပြည်သူများက မျှဝေထားကြသည်။