ရာသီသစ်တွင် ဘာစီလိုနာ၏ဂန္ထဝင်ကျောနံပါတ်(၁၀)ကို ယာမဲလ် ဝတ်ဆင်မည်
ရာသီသစ်တွင် ဘာစီလိုနာ၏ဂန္ထဝင်ကျောနံပါတ်(၁၀)ကို ယာမဲလ် ဝတ်ဆင်မည်
===============================
တိုက်စစ်မှူး ယာမဲလ်ဟာ ရာသီသစ်အတွက် ဘာစီလိုနာအသင်းမှာ မက်ဆီ၊ ရော်နယ်ဒင်ဟိုနဲ့ မာရာဒိုနာတို့ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၁၀)ဂျာစီကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။ ယာမဲလ်က “ကျွန်တော့်ရဲ့ကိုယ်ပိုင်လမ်းကြောင်းအတိုင်း တည်ဆောက်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် လူငယ်တွေအားလုံးက သူတို့လိုဖြစ်ချင်ကြပါတယ်။ သူတို့(၃)ယောက်လုံးဟာ မယုံနိုင်စရာကောင်းတဲ့ကစားသမားတွေဖြစ်ပြီး ဂန္ထဝင်ကစားသမားတွေလည်းဖြစ်ပါတယ်။ သူတို့ခြေရာကို နင်းနိုင်ဖို့ ကျွန်တော်ကြိုးစားပါမယ်”လို့ ပြောကြားခဲ့ပါတယ်။ အသက်(၁၈)နှစ်ပြည့်ပြီဖြစ်တဲ့ ယာမဲလ်ဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၃၁ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ယာမဲလ်ဟာ ပြီးခဲ့တဲ့ရာသီက ကျောနံပါတ်(၁၉)ဂျာစီကို ဝတ်ဆင်ခဲ့ပြီး အခုအခါ အသင်းဥက္ကဋ္ဌလာပေါ်တာဆီကနေ နံပါတ်(၁၀)ဂျာစီကို လက်ခံရရှိခဲ့ပါတယ်။