တီမောအသင်းကို သရေသာကစားနိုင်ခဲ့တဲ့မြန်မာအသင်း

တီမောအသင်းကို သရေသာကစားနိုင်ခဲ့တဲ့မြန်မာအသင်း

========================

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ AFF U-23 အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ အုပ်စု(C)အဖွင့်ပွဲအဖြစ်မြန်မာယူ-၂၃အသင်းနဲ့ တီမောယူ-၂၃အသင်းတို့ ဇူလိုင်၁၆ရက်၊ မြန်မာစံတော်ချိန် ည၇နာရီခွဲကယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းက ဦးဆောင်ဂိုးတွေအကြိမ်ကြိမ်ရခဲ့ပေမဲ့ ပွဲအပြီးမှာတော့ တစ်ဖက်၄ဂိုးစီနဲ့ သရေကျသွားပါတယ်။

မြန်မာအသင်းအနေနဲ့ အခုပွဲမှာ ဦးဆောင်ဂိုးတွေအကြိမ်ကြိမ်ရခဲ့ပေမဲ့ တီမောအသင်းက ကစားကွက်အပိုင်းရော ဘောလုံးပိုင်ဆိုင်မှုမှာပါ မြန်မာအသင်းထက် အစစအရာရာ ပိုမိုသာလွန်ခဲ့ပြီး လိုအပ်နေတဲ့ချေပဂိုးတွေကို ရယူသွားနိုင်ခဲ့တာပါ။

မြန်မာအသင်းအတွက် ဂိုးတွေကိုတော့ သန်းတိုးအောင်၊ ဇော်ဝင်းသိန်း၊ ရှိုင်းဝဏ္ဏအောင်နဲ့ မင်းမော်ဦးတို့က သွင်းယူပေးခဲ့ပါတယ်။

မြန်မာအသင်းဟာ လာမဲ့ဇူလိုင်၂၂ရက်၊ မြန်မာစံတော်ချိန် ည၇နာရီခွဲမှာ ထိုင်းယူ-၂၃အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ မြန်မာအသင်းဟာ အုပ်စု(C)မှာ ထိုင်းယူ-၂၃၊ တီမောယူ-၂၃အသင်းတွေနဲ့ တစ်အုပ်စုတည်းကျရောက်နေတာပါ။

ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကိုတော့ အုပ်စုပထမရတဲ့ အသင်းသုံးသင်းနဲ့ အကောင်းဆုံးအုပ်စုဒုတိယရတဲ့အသင်းတစ်သင်း တက်ရောက်မှာဖြစ်ပါတယ်။

မြန်မာအသင်းပွဲစဉ်တွေအပါအဝင်အခုကျင်းပနေတဲ့ AFF U-23 အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ ပွဲစဉ်အားလုံးကို SKY NET Sport X ရုပ်သံလိုင်းကနေ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသနေပါတယ်။

ဓာတ်ပုံ-MF