အေမရိကန္ႏွင့္ ကုန္သြယ္ေရး ေစ့စပ္ေဆြးေႏြးမႈကို တြန္းအားေပးရန္ ဒစ္ဂ်စ္တယ္ဝန္ေဆာင္မႈအခြန္ကို ကေနဒါ ဖ်က္သိမ္း

အေမရိကန္ႏွင့္ ကုန္သြယ္ေရး ေစ့စပ္ေဆြးေႏြးမႈကို တြန္းအားေပးရန္ ဒစ္ဂ်စ္တယ္ဝန္ေဆာင္မႈအခြန္ကို ကေနဒါ ဖ်က္သိမ္း
=======================
အေမရိကန္ႏွင့္ ကုန္သြယ္ေရးေစ့စပ္ေဆြးေႏြးမႈကို တြန္းအားေပးရန္ မူလသတ္မွတ္ထားသည္ ဇြန္လ ၃၀ ရက္တြင္ အသက္ဝင္မည့္ ဒစ္ဂ်စ္တယ္ဝန္ေဆာင္မႈအခြန္ကို ဖ်က္သိမ္းေၾကာင္း ကေနဒါဘ႑ာေရးဝန္ႀကီးဌာနက ဇြန္လ ၂၉ ရက္တြင္ ေၾကညာခဲ့သည္။

ကေနဒါဝန္ႀကီးခ်ဳပ္ မာ့ခ္ကာနီႏွင့္ အေမရိကန္သမၼတ ထရမ့္ တို႔သည္ ဇူလိုင္လ ၂၁ ရက္မတိုင္မီ သေဘာတူညီခ်က္ရရွိေရး ေစ့စပ္ေဆြးေႏြးမႈမ်ား ျပန္လည္ျပဳလုပ္ရန္ ႏွစ္ဖက္သေဘာတူခဲ့ ၿပီးျဖစ္ေၾကာင္း ကေနဒါ ဘ႑ာေရးဝန္ႀကီးဌာန၏ သတင္းေၾကညာခ်က္တစ္ခုတြင္ ေဖာ္ျပထားသည္။

အေမရိကန္က ကေနဒါ၏ ဒစ္ဂ်စ္တယ္ဝန္ေဆာင္မႈအခြန္ ေကာက္ခံမည့္အစီအစဥ္ကို အစဥ္အၿမဲဆန္႔က်င္ၿပီး ဖိအားေပးတားဆီးရန္ ႀကိဳးပမ္းလ်က္ရွိသည္။ ကေနဒါဘ႑ာေရးဝန္ႀကီး Francois-Philippe Champagne က ဤအစီအစဥ္ကို ေ႐ႊ႕ဆိုင္းမည္မဟုတ္ေၾကာင္း တစ္ခ်ိန္ကေျပာၾကားခဲ့သည္။

အဆိုပါအစီအစဥ္အရ ကေနဒါအစိုးရသည္ သိပၸံနည္းပညာကုမၸဏီမ်ားက အသုံးျပဳသူမ်ားကို ဒစ္ဂ်စ္တယ္ဝန္ေဆာင္မႈပံ့ပိုးျခင္း သို႔မဟုတ္ အသုံးျပဳသူမ်ားထံ အခ်က္ အလက္မ်ား ေရာင္းခ်ျခင္း ဝင္ေငြ၏ ၃ ရာခိုင္ႏႈန္းကို အခြန္အျဖစ္ေကာက္ခံမည္ျဖစ္ၿပီး ယင္းမွာ သက္ဆိုင္ရာကုမၸဏီမ်ား၏ ၂၀၂၂ ခုႏွစ္ ဝင္ေငြအထိ က်ဳံးဝင္မည္ျဖစ္သည္။

အေမရိကန္သိပၸံနည္းပညာကုမၸဏီမ်ားကို ပစ္မွတ္ထားသည့္ ဒစ္ဂ်စ္တယ္ဝန္ေဆာင္မႈအခြန္ ထုတ္ျပန္ရန္ ကေနဒါက အခိုင္အမာေဆာင္႐ြက္ေနျခင္းေၾကာင့္ ကေနဒါႏွင့္ ကုန္သြယ္ေရးေစ့စပ္ ေဆြးေႏြးမႈအားလုံးကို ခ်က္ခ်င္း ရပ္ဆိုင္းရန္ အေမရိကန္က ဆုံးျဖတ္လိုက္ေၾကာင္း ထရမ့္ က ဇြန္လ ၂၇ ရက္ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေၾကညာခဲ့သည္။


အမေရိကန်နှင့် ကုန်သွယ်ရေး စေ့စပ်ဆွေးနွေးမှုကို တွန်းအားပေးရန် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန်ကို ကနေဒါ ဖျက်သိမ်း
=======================
အမေရိကန်နှင့် ကုန်သွယ်ရေးစေ့စပ်ဆွေးနွေးမှုကို တွန်းအားပေးရန် မူလသတ်မှတ်ထားသည် ဇွန်လ ၃၀ ရက်တွင် အသက်ဝင်မည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန်ကို ဖျက်သိမ်းကြောင်း ကနေဒါဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန်လ ၂၉ ရက်တွင် ကြေညာခဲ့သည်။

ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီနှင့် အမေရိကန်သမ္မတ ထရမ့် တို့သည် ဇူလိုင်လ ၂၁ ရက်မတိုင်မီ သဘောတူညီချက်ရရှိရေး စေ့စပ်ဆွေးနွေးမှုများ ပြန်လည်ပြုလုပ်ရန် နှစ်ဖက်သဘောတူခဲ့ ပြီးဖြစ်ကြောင်း ကနေဒါ ဘဏ္ဍာရေးဝန်ကြီးဌာန၏ သတင်းကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

အမေရိကန်က ကနေဒါ၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန် ကောက်ခံမည့်အစီအစဉ်ကို အစဉ်အမြဲဆန့်ကျင်ပြီး ဖိအားပေးတားဆီးရန် ကြိုးပမ်းလျက်ရှိသည်။ ကနေဒါဘဏ္ဍာရေးဝန်ကြီး Francois-Philippe Champagne က ဤအစီအစဉ်ကို ရွှေ့ဆိုင်းမည်မဟုတ်ကြောင်း တစ်ချိန်ကပြောကြားခဲ့သည်။

အဆိုပါအစီအစဉ်အရ ကနေဒါအစိုးရသည် သိပ္ပံနည်းပညာကုမ္ပဏီများက အသုံးပြုသူများကို ဒစ်ဂျစ်တယ်ဝန်ဆောင်မှုပံ့ပိုးခြင်း သို့မဟုတ် အသုံးပြုသူများထံ အချက် အလက်များ ရောင်းချခြင်း ဝင်ငွေ၏ ၃ ရာခိုင်နှုန်းကို အခွန်အဖြစ်ကောက်ခံမည်ဖြစ်ပြီး ယင်းမှာ သက်ဆိုင်ရာကုမ္ပဏီများ၏ ၂၀၂၂ ခုနှစ် ဝင်ငွေအထိ ကျုံးဝင်မည်ဖြစ်သည်။

အမေရိကန်သိပ္ပံနည်းပညာကုမ္ပဏီများကို ပစ်မှတ်ထားသည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန် ထုတ်ပြန်ရန် ကနေဒါက အခိုင်အမာဆောင်ရွက်နေခြင်းကြောင့် ကနေဒါနှင့် ကုန်သွယ်ရေးစေ့စပ် ဆွေးနွေးမှုအားလုံးကို ချက်ချင်း ရပ်ဆိုင်းရန် အမေရိကန်က ဆုံးဖြတ်လိုက်ကြောင်း ထရမ့် က ဇွန်လ ၂၇ ရက် လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာခဲ့သည်။