
=========================





လားရှိး ပြည်သူ့ဆေးရုံတွင် မွေးရာပါ နှုတ်ခမ်းကွဲ/အာခေါင်ကွဲ လူနာများကို (၅)ရက်ကြာ ကုသပေးမည်
=========================
ရှမ်း/မြောက် လားရှိးပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါ နှုတ်ခမ်းကွဲ/ အာခေါင်ကွဲ လူနာများကို (၅)ရက်ကြာ ခွဲစိတ်ကုသပေးသွားမည်ဖြစ်သည်ဟု ဆေးရုံကြီးနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

ယင်းလူနာများကို ယခုလ ဇူလိုင် (၁၃) ရက်မှ (၁၈)ရက်နေ့အထိ ခွဲစိတ်ကုသပေးမည်ဖြစ်ရာ၊ ကုသလိုသူများအနေဖြင့် လားရှိး ပြည်သူ့ဆေးရုံကြီးသို စာရင်းကြိုတင်ပေးသွင်းရမည်ဖြစ်သည်ဟု ဆိုသည်။

လားရှိးမြိုအား ပြန်လည်ရယူပြီးနောက် လားရှိးကုတင်(၅၀၀) ပြည့်သူဆေးရုံအနေဖြင့် ကျန်းမာရေးစောင့်ရှောက်ကုသမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း၊ အသားရောင်အသားကာကွယ်ဆေးထိုးနှံပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းများကိုလည်း လုပ်ဆောင်ပေးခဲ့သည်။

လားရှိးပြည်သူ့ဆေးရုံကြီး ယခုနှစ် မေ (၅)ရက်၌ ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းလည်းဖြစ်သည်။