ျပည္ခိုင္ၿဖိဳးပါတီဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိမ္း ပဲခူးတိုင္းေဒသႀကီး(အေရွ႕ပိုင္း)အတြင္းရွိ တိုင္း/ခ႐ိုင္/ၿမိဳ႕နယ္ပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ


ျပည္ခိုင္ၿဖိဳးပါတီဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိမ္း ပဲခူးတိုင္းေဒသႀကီး(အေရွ႕ပိုင္း)အတြင္းရွိ တိုင္း/ခ႐ိုင္/ၿမိဳ႕နယ္ပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ
===================
ပဲခူး ဇြန္ ၃

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ေအာက္ျမန္မာျပည္ ေပါင္းစပ္ညႇိႏွိင္း‌‌ေရးမႉး ဒုတိယဥကၠ႒ဦးမ်ိဳးေဇာ္သိမ္းသည္ ၂၀၂၅ ခုႏွစ္ ဇြန္လ ၃ ရက္ေန႔တြင္ ပဲခူးတိုင္းေဒသႀကီး(အေရွ႕ပိုင္း) ပါတီတာဝန္ရွိသူမ်ား၊ ပါတီေရးရာမ်ား ေတြ႕ဆုံေဆြးေႏြးေဆာင္႐ြက္ခဲ့ပါသည္။

အဆိုပါ ေတြ႕ဆုံေဆြးေႏြးပြဲသို႔ တိုင္းပါတီဥကၠ႒ ဦးရဲျမင့္ထြန္းႏွင့္အတူ တိုင္း/ခ႐ိုင္/ၿမိဳနယ္အလိုက္ပါတီတာဝန္ရွိသူမ်ား စုံညီစြာ တက္ေရာက္၍ေဆြးေႏြးခဲ့ၾကပါသည္။

အဆိုပါ ေတြ႕ဆုံေဆြးေႏြးပြဲတြင္ ဒုတိယဥကၠ႒မွ “ အေထြေထြေ႐ြးေကာက္ပြဲေအာင္ျမင္စြာၿပီးေျမာက္ေရး ျပည္သူလူထုႏွင့္အတူ လက္တြဲႀကိဳးစားအေကာင္အထည္ေဖာ္ေဆာင္႐ြက္ သြားရမွာျဖစ္ေၾကာင္း၊ ေတြ႕ဆုံေဆြးေႏြး၍ရရွိလာေသာ အားသာအားနည္းခ်က္မ်ားကို ပကတိအေျခအ‌ေန မ်ားႏွင့္ေလ်ာ္ညီေအာင္ သုံးသပ္၍ ဆက္လက္ေဆာင္႐ြက္ ရန္ႏွင့္ လိုအပ္ခ်က္မ်ားအား ျဖည့္စြက္ ေပါင္းစပ္ညႇိႏွိင္းေဆာင္႐ြက္ေပးခဲ့ေၾကာင္း သတင္းရရွိပါသည္။
—————————————–

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)အတွင်းရှိ တိုင်း/ခရိုင်/မြို့နယ်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ
===================
ပဲခူး ဇွန် ၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိင်း‌‌ရေးမှူး ဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းသည် ၂၀၂၅ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) ပါတီတာဝန်ရှိသူများ၊ ပါတီရေးရာများ တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တိုင်းပါတီဥက္ကဋ္ဌ ဦးရဲမြင့်ထွန်းနှင့်အတူ တိုင်း/ခရိုင်/မြိုနယ်အလိုက်ပါတီတာဝန်ရှိသူများ စုံညီစွာ တက်ရောက်၍ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ဒုတိယဥက္ကဋ္ဌမှ “ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာပြီးမြောက်ရေး ပြည်သူလူထုနှင့်အတူ လက်တွဲကြိုးစားအကောင်အထည်ဖော်ဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေး၍ရရှိလာသော အားသာအားနည်းချက်များကို ပကတိအခြေအ‌နေ များနှင့်လျော်ညီအောင် သုံးသပ်၍ ဆက်လက်ဆောင်ရွက် ရန်နှင့် လိုအပ်ချက်များအား ဖြည့်စွက် ပေါင်းစပ်ညှိနှိင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။