ငါးညှီရွက်သည် ကင်ဆာကိုတားဆီးပေးနိုင်တဲ့ ဟင်းသီးဟင်းရွက် ဘုရင်မဖြစ်တယ်။
အစိမ်းလတ်လတ်ဆတ်ဆတ် တစ်နေ့ ၇ ရွက် စားသုံးခြင်း၊ ပြုတ်ပြီး အရည်ကိုသောက်ခြင်း၊ အသီးဖျော်ရည်နှင့် ရောစပ်သောက်ခြင်းတို့ဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိနိုင်ပါသည်။
ငါးညှီရွက်၏ ကျန်းမာရေးအကျိုးကျေးဇူးများ……..
– ကင်ဆာကို တိုက်ဖျက်နိုင်တယ်။
– အဆုတ်ရောဂါ၊ အဆုတ်ပြည်တည်နာကို သက်သာစေတယ်။
– သက်ကြီးရွယ်အိုများ ခွန်အားတိုးစေတယ်။
– ရောင်ရမ်းခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကုသနိုင်တယ်။
– အနာပြည်တည်ခြင်း၊ အဆုတ်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အာသီးရောင်ခြင်း၊ ဝမ်းကိုက်၊ တီဘီရောဂါ စသည်တို့ကို သက်သာစေနိုင်ပါသည်။
– ကျောက်ကပ်ရောင်ခြင်း၊ အူရောင်ခြင်း၊ နို့၊သီးခေါ၊င်းရောင်ခြင်း၊ နားအလယ်ခန်းရောင်ခြင်း စသည့်ရောဂါများကိုလည်း ကာကွယ်ကုသနိုင်ပါသည်။
ငါးညှီရွက်ပြုတ်သောက်ခြင်း…….။
ငါးညှီရွက် ၁၅-၃၀ ဂရမ်ကို ရေ ၃ ခွက်နဲ့ ပြုတ်ပြီး မနက်နဲ့ ညနေ သောက်ပေးရင် အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများ၊ ချောင်းဆိုးတာ၊ အဆုတ်ရောင်တာနဲ့ အဆုတ်ထဲက ပြည်တွေကို ဖယ်ရှားပေးနိုင်တယ်။ ဒါမှမဟုတ် အစိမ်းစားပေးရင်လည်း အအေးမိတာခြင်း၊ ဖျားနာခြင်း၊ တုပ်ကွေးဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
အရေပြားရောဂါနှင့် သွေးရည်ကြည်ပြဿနာများအတွက်
ငါးညှီရွက်ကို ပြုတ်၍သောက်ပါက သွေးရည်ကြည်ညစ်ညမ်းခြင်း၊ အရေပြားယားယံခြင်း စသည်တို့ကို သက်သာစေနိုင်ပါသည်။
#ငါးညှီရွက်