အိပ်မပျော်ခြင်း၊ ညဘက် မကြာခဏနိုးခြင်း
ညညဆို မကြာခဏ ဆီးသွားလေ့ ရှိသူများအတွက် ဒီနည်းလေးကို ပုံမှန်လုပ်ပေးပါ။ ညဘက်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး မနက်အထိ ကောင်းကောင်းအိပ်ပျော်စေပါသည်။
ပြုလုပ်နည်း……….
1. ရှောက်နူရွက် ၁၀ ရွက်ကို (ပိုလည်းရပါတယ်) သန့်စင်အောင် ဆေးကြောပြီး ပါးပါးလေးလှီးပါ။
2. လှီးထားတဲ့ ရှောက်နူရွက်ကို ဒယ်အိုးထဲထည့်ပြီး မီးအေးအေးလေးနဲ့ အရွက်အရောင်ပြောင်းသည်အထိ ဖြည်းဖြည်းချင်း ကြော်ပါ။ (အပူပေးပါ)
(အများကြီးလုပ်ပြီး ဘူးထဲထည့်သိမ်းထားလဲ ရပါတယ်)
သောက်သုံးနည်း……..
ကြော်ထားသော ရှောက်နူရွက် ၂ ဇွန်းကို ရေနွေးနွေးလေး လောင်းထည့်ပြီး ၅-၁၀ မိနစ်ခန့် စိမ်ထားပါ။ ညစာစားပြီးနောက် တစ်နေ့လျှင် ကော်ဖီးခွက် ၁ ခွက် သောက်ပေးပါ။ ဝမ်းချုပ်တတ်သူများဆိုရင် သံပုရာသီး တစ်စိတ် ညှစ်ထည့်ပြီး သောက်ပေးပါ။
ဒီနည်းအတိုင်း နေ့တိုင်းပုံမှန်သောက်ပေးပါက ညဘက် ကောင်းစွာ အိပ်ပျော်စေပြီး မနက်အထိ အနားရစေပါမည်။
အိပ်ရေးဝဝအိပ်ပျော်ပြီး ကျန်းမာပျော်ရွှင်ကြပါစေ! 😊
#SaEikhlein