၆ မိနစ် အားသွင်း ၈၀ ရာခိုင်နှုန်း အားပြည့်တဲ့ ဘက်ထရီ
အိန္ဒိယနိုင်ငံ၊ JNCASR က သုတေသီတွေဟာ အားသွင်းနှုန်း အလွန်မြန်ပြီး အကြိမ်ရေ ၃,၀၀၀ ကျော် အားပြန်သွင်းသုံးနိုင်တဲ့ ဆိုဒီယမ်-အိုင်းယွန်း ဘက်ထရီအသစ်တစ်ခုကို တီထွင်လိုက်ပါတယ်။ အဲဒီဘက်ထရီဟာ ၆ မိနစ်အတွင်းမှာ အား ၈၀% အထိ ပြည့်နိုင်တာကြောင့် လစ်သီယမ်-အိုင်းယွန်း ဘက်ထရီတွေထက် ဈေးပိုသက်သာ၊ ပိုဘေးကင်းပြီး ပိုမိုရလွယ်တဲ့ ဆိုဒီယမ်ကို အခြေခံထားတဲ့အတွက် အားသာချက်တွေ အများကြီး ရှိလာပါတယ်လို့ ဆိုပါတယ်။
အထူးဒီဇိုင်းထုတ်ထားတဲ့ anode ကြောင့် အပူချိန်မြင့်မားမှုဒဏ်ကိုခံနိုင်ပြီး လျှပ်စစ်ကားတွေ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သိုလှောင်မှုစနစ်တွေအပြင် ဒရုန်းနဲ့ အိမ်သုံးပစ္စည်းတွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီနည်းပညာဟာ ရှားပါးပြီးဈေးကြီးတဲ့ ပစ္စည်းတွေအပေါ် မှီခိုမှုကိုလျှော့ချပြီး စိမ်းလန်းတဲ့အနာဂတ်အတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်လို့ သုတေသီတွေက သုံးသပ်ထားကြပါတယ်။
JNCASR ရဲ့ ဆိုဒီယမ်-အိုင်းယွန်း ဘက်ထရီဟာ ကမ္ဘာကြီးရဲ့ စွမ်းအင် သုံးစွဲမှု ပုံစံကို ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ ဘေးကင်းလုံခြုံမှု မြင့်မားပြီး အားသွင်းနှုန်း အလွန်မြန်ပါတယ်။ သုတေသီတွေက အဲဒီ ဘက်ထရီကို ဆက်လက် ဖန်တီးနေကြပြီး မဝေးတော့တဲ့ အနာဂတ်မှာ အသုံးပြုနိုင်မယ်လို့ ထင်ပါတယ်။
Ref : Tech Explorers