နှစ်ပေါင်းထောင်ချီ အားခံတဲ့ စိန်သားဘက်ထရီကို ဗြိတိန်သိပ္ပံပညာရှင်တွေ တီထွင်
ဗြိတိန်နိုင်ငံ အဏုမြူစွမ်းအင်အာဏာပိုင်အဖွဲ့((UKAEA)နဲ့ ဘရစ္စတိုးတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေဟာ ကမ္ဘာ့ပထမဆုံးကာဗွန်-၁၄ စိန်သားဘက်ထရီကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။
အဲဒီဘက်ထရီ အမျိုးအစားသစ်ဟာ နှစ်ထောင်ပေါင်းများစွာ အားတာရှည်ခံနိုင်ပြီး နှလုံးစက်၊ နားကြား ကိရိယာ၊ အမြင်အာရုံပိုင်းဆိုင်ရာ ကိရိယာ အစရှိတဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေမှာ အသုံးပြုနိုင်ဖွယ် ရှိနေပါတယ်။
နျူကလီးယားဓာတ်ပေါင်းဖိုတွေမှာ အသုံးပြုတဲ့ ဂရက်ဖစ်ကျောက်တုံးတွေမှာ ရေဒီယိုသတ္တိကြွ အိုင်ဆိုတုပ် carbon-14 ကို တွေ့ရလေ့ရှိပါတယ်။ carbon-14 ရဲ့ စွမ်းအင်ဟာ နှစ်ပေါင်း ၅၇၀၀ ကြာအောင် အားတာရှည်ခံပြီး ရေဒီယိုသတ္တိကြွခြင်း မဖြစ်စေဖို့အတွက် စိန်အတုအခွံထဲ ထည့်သွင်းထားတာ ဖြစ်ပါတယ်။
စိန်သားဘက်ထရီတွေဟာ ကမ္ဘာမြေပေါ်မှာတင်မကဘဲ အစဉ်အလာဘက်ထရီတွေကို အသုံးပြုနိုင်ခြင်းမရှိတဲ့ အာကာသထဲမှာပါ အသုံးပြုနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။
Ref: Diamonds are forever? World’s first carbon-14 diamond battery produced