♥♥#ခါးနာ၊နောက်ကျောနာခြင်းကို ငါးမိနစ်အတွင်း သက်သာသွားစေမယ့် နည်းလမ်းကောင်းများ♥♥
လူတော်တော်များများ အများဆုံးဖြစ်လေ့ ရှိတဲ့ဝေဒနာ ကိုပြောပါဆိုရင် နောက်ကျောဘက်နာကျင်ခြင်း ပါပဲ။ ခါးနာကြ တယ်။ ကျောနာကြတယ် စတဲ့ဝေဒနာတွေ ခံစားရတဲ့ အခါ လူကလည်း သက်တောင့် သက်သာ မရှိပဲ ပင်ပန်း ပါတယ်။
✅ဒီလိုဝေဒနာတွေ ခံစား လာရပြီ ဆိုရင် သင့်အနေနဲ့ ဒီနည်းလမ်းကောင်းတွေ ထဲက တစ်နည်းနည်းကို စမ်းသပ်ကြည့် သင့်ပါတယ်။ ဘယ်လို နည်းလမ်းတွေက ခါးနာကျောနာခြင်းကိုသက်သာစေလဲဆိုရင်…
#ကျောရိုးကိုအနားပေးခြင်း
==============
✅အိမ်မှာရှိနေတဲ့ အချိန်ဆို ဒီနည်းလေးကို သုံးကြည့်သင့် ပါတယ်။ ပထမဆုံး ကြမ်းပြင်မှာထိုင်လိုက်ပါ။
✅ပြီးရင်ခြေထောက်နှစ်ချောင်း ကိုဖြောင့်တန်းစွာ ထားလိုက် ပါ။ ခြေထောက်နှစ်ဖက် ၁၀ စင်တီမီတာလောက်ခြား ထားပါ။
✅ပြီးရင် စောင်တစ်ထည်ကို ထူထူလေးဖြစ်အောင်လိပ်ပြီး ပုံထဲမှာပြထားသလို ဒူးအောက်မှာထားပါ။ ပြီးရင်ခေါင်းအုံးကို ခြေထောက်ပေါ်မှာတင်ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကို ခေါင်းအုံးနဲ့ ထိတဲ့ အထိကွေး လိုက်ပါ။
✅အဲ့ဒီ အနေအထားအတိုင်း ၅မိနစ်ကြာ မှာနေပါ။ ဒီနည်းလေးက နောက်ကျော ဘက်ကြွက်သားတင်းအားတွေ ကိုပြေလျော့စေပြီး ခါးနာ၊ကျောနာခြင်းကို သက်သာ သွားစေပါတယ်။
#ဆားခါးနဲ့ခြေထောက်စိမ်ပါ
================
✅ခြေထောက်စိမ်ရရုံ အနေအထားလောက် ခပ်နွေးနွေးရေဇလုံ တစ်ခုယူပါ။
✅အဲ့ဒီထဲကို ဆားခါး ခွက်တစ်ဝက်စာလောက်ရော ထည့်ပြီးမွှေ လိုက်ပါ။ ပြီးရင်ခြေထောက်ကို ၅မိနစ်ကနေ ၇မိနစ်လောက်ထိ ထည့်စိမ် ထားပါ။
✅အချိန်ပြည့်တဲ့အခါ ခြေထောက်ကိုထုတ်ပြီ းခပ်နွေးနွေးရေလေးနဲ့ ထပ်ပြီးဆေး လိုက်ပါ။ ပြီးရင်တော့ စောင်လေးနဲ့ဖြစ်စေ ခြေထောက်ကို ပတ်ထားလိုက်ပါ။
✅ဆားခါးက အကြောတွေ၊ကြွက်သား နာကျင် တာတွေ ကိုပြေလျော့စေ တဲ့အတွက် ဆားခါးစိမ် လိုက်တဲ့ အခါ ခန္ဓာကိုယ်တစ်ခုလုံးက စုပ်ယူလိုက်တဲ့ အတွက် နောက်ကျောဘက် နာကျင်မှု ကိုလည်းသက်သာသွားစေ ပါတယ်။
#ဒူးအနောက်ဘက်က အကြောလေးတွေကိုဖိပါ
========================
✅ဒူးအနောက်ဘက် အလယ် တည့်တည့်မှာ အကြောအမှတ်လေးတွေ ရှိပါတယ်။အဲ့ဒီအကြောနေရာလေးကို လက်မနဲ့ ဖိပေးပြီး အသက် ကိုပြင်းပြင်း ရှုပါ။
✅၂မိနစ်ကနေ ၃မိနစ်ထိဖိထားပေးနိုင် ပါတယ်။ ဒီအကြောလေးတွေကို ဖိပေးတာ ကလည်း ခါးနေရာတစ်ဝိုက်ကြွက်သားနာကျင်မှု ကိုလျှော့ချပေးနိုင် တယ်လို့ သိရပါတယ်။
💞💞 ခါးဆစ်အရွတ်ပြားရွေ့ခြင်းနှင့် ခါးကျီးပေါင်းရောဂါမျာကြောင့် ခါးနာနေသူများ ဆေးဝိဇ္ဇာ အာရုံကြောဆေးကို အစာစားပြီး ၅ပြား တနေ့၃ကြိမ် ရှောက်ရည်(သို့)ရေနွေးဖြင့်သောက်ပေးပါ
#ကျန်းမာရေးဗဟုသုတရကြပါစေ