အားလုံး ဂရုစိုက်ဖို့အရေးကြီးတဲ့ Skin Barrier
လူအများစုဟာ မိမိရဲ့ အသားအရေကို ထိန်းသိမ်းတဲ့အခါ skin care တွေအမျိုးမျိုး treatment အမျိုးမျိုး ပြုလုပ်နေကြပေမယ့် အင်မတန် အရေးကြီးတဲ့အပေါ်ဆုံးအလွှာ Skin Barrier ကို မေ့နေတတ်ကြပါတယ်။ Skin Barrier လေး ပျက်စီးနေရင် ဘာဆိုးကျိုးတွေရှိလာမလဲဆိုရင်…
👉🏻 အသားအရေခြောက်ပြီး ယားယံခြင်း
👉🏻 နီမြန်းခြင်း၊ ရောင်ရမ်းခြင်း
👉🏻 ဝက်ခြံ၊ အဖုအပိမ့်ထွက်ခြင်း
👉🏻 Skincare Products မတည့်ခြင်း (Stinging or Burning Sensation) စတဲ့ အရေပြားပြဿနာတွေရှိလာနိုင်ပါတယ်ရှင့်။
ဒီတော့ အသားအရေတစ်ခုလုံးရဲ့ အကာအကွယ် အလွှာလေးဖြစ်တဲ့ Skin Barrier အကြောင်းကို အရင်ဆုံးပြောပြပေးပါမယ်ရှင်။ 😊😊
👑 အရေပြားရဲ့အကာကွယ်အလွှာဖြစ်တဲ့ Skin Barrier ဆိုတာကတော့ အရေပြားရဲ့ အပြင်ဘက်ဆုံးအလွှာ (Stratum Corneum) ဖြစ်ပြီး၊ သဘာဝအဆီဓာတ် (Lipids), ပရိုတင်းဓာတ် (Keratin), နဲ့ ဆဲလ်သေတွေနဲ့ ဖွဲ့စည်းထားတဲ့ အကာအရံတစ်ခုဖြစ်ပါတယ်ရှင့်…
ဒီအလွှာက အရေပြားအတွင်းပိုင်းကို
👉🏻 ပြင်ပအန္တရာယ်တွေ (ဘက်တီးရီးယား၊ ညစ်ညမ်းမှု၊ ခရမ်းလွန်ရောင်ခြည်)၊
👉🏻 ရေဓာတ်ဆုံးရှုံးမှု (TEWL – Transepidermal Water Loss) နဲ့
👉🏻 ဓာတ်မတည့်မှုတွေကနေ ကာကွယ်ပေးပါတယ်။
👑 ငယ်ရွယ်နုပျိုမှုအတွက်ဆို Skin Barrier က အရမ်းကို အရေးကြီးတဲ့ နေရာမှာရှိပါတယ်နော်။ ဘာကြောင့်လဲဆိုတော့….
🌼🌼 ရေဓာတ်ထိန်းညှိပေးခြင်း
Skin Barrier ကျန်းမာရင် အရေပြားထဲက ရေဓာတ်ကိုထိန်းထားနိုင်ပြီး အသားအရေခြောက်သွေ့မှု၊ အက်ကွဲမှုတွေကို ကာကွယ်ပေးတယ်။ ရေဓာတ်ပြည့်ဝတဲ့ အရေပြားက အရေးအကြောင်းနည်းပြီး နုပျိုတင်းရင်းစေပါတယ်။
🌼🌼 အရေးအကြောင်းနဲ့ အိုမင်းရင့်ရော်မှုကို နှေးစေခြင်း
Skin Barrier ပျက်စီးရင် ခရမ်းလွန်ရောင်ခြည် (UV)၊ Free Radicals တွေက အသားအရေကို ပိုထိခိုက်စေပြီး Collagen နဲ့ Elastin တွေ ပျက်စီးကာ အရေးအကြောင်းတွေ ပိုဖြစ်စေပါတယ်။
🌼🌼ဝက်ခြံ၊ နီမြန်းခြင်း၊ ယားယံခြင်းတို့ကို ကာကွယ်ပေးခြင်း
Skin Barrier အားနည်းရင် အရေပြားယားယံမှု၊ နီမြန်းမှု၊ ဝက်ခြံထွက်မှုတွေ ဖြစ်စေနိုင်တယ်။ ဒါတွေက အသားအရေကို ပိုမိုအိုမင်းဟန်ပေါက်စေပါတယ်။
🌼🌼Skincare လုပ်တဲ့အခါပိုပြီး ထိရောက်မှုရှိစေခြင်း
Skin Barrier ကောင်းမှသာ Skincare Products (ဥပမာ – Hyaluronic Acid, Retinol, Vitamin C) တွေ ကောင်းကောင်းစုပ်ယူနိုင်ပြီး အိုမင်းမှုကို တိုက်ဖျက်နိုင်မှာဖြစ်ပါတယ်ရှင့် 😊😊
👑မိမိရဲ့ Skin Barrier လေးကောင်းစေဖို့နဲ့အသားအရေလေး ကျန်းကျန်းမာမာနဲ့ ရေရှည်တည်တံ့ဖို့ အရေးကြီးပါတယ်…….