ဂျပန်က အာကာသမှာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မည်

ဂျပန်က အာကာသမှာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပြီး ကမ္ဘာကို ပို့တဲ့ ကမ္ဘာ့ ပထမဆုံး နိုင်ငံ ဖြစ်လာတော့မှာပါ။ ဂျပန်က အာကာသမှာ Solar Panel Station တည်ဆောက်ပြီး နေရောင်ခြည် ကနေ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှာပါ။

ရလာတဲ့ လျှပ်စစ်ဓါတ်အားကို အာကာသယာဉ်မှာ ပါတဲ့ ဘက်ထရီမှာ သိုလှောင်ထားမှာ ဖြစ်ပါတယ်။ အာကာသ ကနေ ကမ္ဘာကို လျှပ်စစ်ဓါတ်အားကို Microwave နဲ့ ပေးပို့မှာ ဖြစ်ပါတယ်။ အာကာသမှာ နေရောင်ခြည်ကို ၂၄ နာရီပတ်လုံး ရရှိနေတဲ့အတွက် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖို့ အလွန်ကောင်းပါတယ်။

ဂျပန်က အာကာသယာဉ်မှာ ၂၂ စတုရန်းပေ ရှိတဲ့ Solar Panel တပ်ဆင်ထားမှာ ဖြစ်ပြီး ကမ္ဘာပတ်လမ်းကြောင်းမှာ နေ အလင်းရောင်ကို ရယူမှာ ဖြစ်ပါတယ်။ အာကာသယာဉ်ဟာ အလေးချိန် ပေါင် ၄၀၀ ပဲ ရှိပြီး အရွယ်အစား ကျစ်လစ်သေးငယ်ပါတယ်။

Ref : Tech Explorers