ဘရာဇီးလက္ေရြးစင္အသင္းနည္းျပအျဖစ္ အန္ဆယ္ေလာ့တီ ခန႔္အပ္ခံရ

ရီးရဲလ္ကေန တရားဝင္မထြက္ခြာေသးေပမယ့္ နည္းျပအန္ဆယ္ေလာ့တီကို အသင္းနည္းျပသစ္အျဖစ္ ခန႔္အပ္လိုက္တယ္လို႔ တနလၤာေန႔မွာ ဘရာဇီးေဘာလုံးအဖြဲ႕ခ်ဳပ္က ထုတ္ျပန္ခဲ့ပါတယ္။ အန္ဆယ္ေလာ့တီဟာ ဆိုစီဒက္နဲ႔ လာလီဂါရာသီေနာက္ဆုံးပြဲအၿပီး ရီးရဲလ္ကေန ထြက္ခြာမွာျဖစ္ကာ ေမလ(၂၆)ရက္မွာ ဘရာဇီးအသင္းကို တရားဝင္စတင္ကိုင္တြယ္မွာျဖစ္ပါတယ္။ ဘရာဇီးေဘာလုံးအဖြဲ႕ခ်ဳပ္က နည္းျပအန္ဆယ္ေလာ့တီကို ေႏြးေထြးစြာႀကိဳဆိုေၾကာင္းနဲ႔ သူ႔ရဲ့ဦးေဆာင္မွုေအာက္မွာ ေအာင္ျမင္မွုေခတ္သစ္တစ္ခု တည္ေဆာက္နိုင္မယ္လို႔ ေမၽွာ္လင့္ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။ လက္ရွိမွာ ဘရာဇီးဟာ ေတာင္အေမရိကဇုန္ကမၻာ့ဖလားေျခစစ္ပြဲ အုပ္စုအဆင့္မွာ အဆင့္(၄)ေနရာမွာ ရပ္တည္ေနပါတယ္။ နည္းျပအန္ဆယ္ေလာ့တီအေနနဲ႔ လာမယ့္လမွာ ပါရာေဂြး၊ အီေကြေဒါတို႔နဲ႔ကစားမယ့္ ကမၻာ့ဖလားေျခစစ္ပြဲေတြကို ဘရာဇီးအသင္းကို စတင္ကိုင္တြယ္မွာျဖစ္ပါတယ္။ ဘရာဇီးအသင္းဟာ ၂၀၀၂ ေနာက္ပိုင္း ကမၻာ့ဖလားၿပိဳင္ပြဲမွာ ဗိုလ္စြဲခဲ့ျခင္းမရွိသလို ေနာက္ဆုံးဆုဖလားရခဲ့တာက ၂၀၁၉မွာ ကိုပါအေမရိကဖလား ဆြတ္ခူးခဲ့တာပဲျဖစ္ပါတယ္။
——————————————————————————————————-
ဘရာဇီးလက်ရွေးစင်အသင်းနည်းပြအဖြစ် အန်ဆယ်လော့တီ ခန့်အပ်ခံရ
=========================================
ရီးရဲလ်ကနေ တရားဝင်မထွက်ခွာသေးပေမယ့် နည်းပြအန်ဆယ်လော့တီကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်လိုက်တယ်လို့ တနင်္လာနေ့မှာ ဘရာဇီးဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။ အန်ဆယ်လော့တီဟာ ဆိုစီဒက်နဲ့ လာလီဂါရာသီနောက်ဆုံးပွဲအပြီး ရီးရဲလ်ကနေ ထွက်ခွာမှာဖြစ်ကာ မေလ(၂၆)ရက်မှာ ဘရာဇီးအသင်းကို တရားဝင်စတင်ကိုင်တွယ်မှာဖြစ်ပါတယ်။ ဘရာဇီးဘောလုံးအဖွဲ့ချုပ်က နည်းပြအန်ဆယ်လော့တီကို နွေးထွေးစွာကြိုဆိုကြောင်းနဲ့ သူ့ရဲ့ဦးဆောင်မှုအောက်မှာ အောင်မြင်မှုခေတ်သစ်တစ်ခု တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမှာ ဘရာဇီးဟာ တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအဆင့်မှာ အဆင့်(၄)နေရာမှာ ရပ်တည်နေပါတယ်။ နည်းပြအန်ဆယ်လော့တီအနေနဲ့ လာမယ့်လမှာ ပါရာဂွေး၊ အီကွေဒေါတို့နဲ့ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို ဘရာဇီးအသင်းကို စတင်ကိုင်တွယ်မှာဖြစ်ပါတယ်။ ဘရာဇီးအသင်းဟာ ၂၀၀၂ နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ခြင်းမရှိသလို နောက်ဆုံးဆုဖလားရခဲ့တာက ၂၀၁၉မှာ ကိုပါအမေရိကဖလား ဆွတ်ခူးခဲ့တာပဲဖြစ်ပါတယ်။