ပါတီဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာေမာင္သင္း ပဲခူးတိုင္းေဒသႀကီးအတြင္းရွိ စာေပ ပညာ ရွင္မ်ား ၊ သတင္းပညာရွင္မ်ားႏွင့္ေတြ႕ဆုံ၍ စာေပစကားဝိုင္းေဆြးေႏြး

ပဲခူး မတ္ ၂၂
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဗဟိုအလုပ္အမႈေဆာင္ေဒါက္တာေမာင္သင္းသည္ မတ္လ ၂၂ ရက္ေန႔ နံနက္ပိုင္းက ပဲခူးတိုင္းေဒသႀကီး(အေရွ႕)ရွိ စာေပ ပညာရွင္ႀကီးမ်ား ၊ သတင္းပညာရွင္မ်ားႏွင့္ေတြ႕ဆုံခဲ့ေၾကာင္းသိရသည္။
ေတြ႕ဆုံပြဲသို႔ ဗဟိုအလုပ္အမႈေဆာင္ေဒါက္တာေမာင္သင္း ပဲခူးတိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ဦးရဲျမင့္ထြန္းႏွင့္ တိုင္းေဒသႀကီးအတြင္းရွိသက္ႀကီးစာေပ ပညာရွင္ႀကီးမ်ား ၊ စာေပဗိမၼာန္စာေပးဆုရအထင္ကရပုဂၢိဳလ္ ၊ စာေရးဆရာအသင္းတာဝန္ရွိသူမ်ား ၊ အထင္ကရသတင္းစာဆရာႀကီးမ်ား ၊ေဆာင္းပါးေရးေနေသာ ေဆာင္းပါးပညာရွင္မ်ားတက္ေရာက္ခဲ့ၾကပါသည္။
ေရွးဦးစြာေဒါက္တာေမာင္သင္းမွ ႏႈတ္ခြန္းဆက္မိတ္ဆက္စကားေျပာၾကားခဲ့ၿပီးေနာက္ တက္ေရာက္လာၾကသူမ်ားမွ မိမိတို႔၏တာဝန္ႏွင့္ စာေပကေလာင္အမည္မ်ားအား မိတ္ဆက္ခဲ့ၿပီးေနာက္ ေဒါက္တာေမာင္သင္းမွ လာေရာက္ေတြ႕ဆုံရျခင္း၏ရည္႐ြယ္ခ်က္အား ရွင္းလင္းေျပာၾကားခဲ့ၿပီးေနာက္ ျမန္မာ့စာေပေလာက၏ ပကတိအေျခအေနမ်ား ၊ မွားယြင္းေသာျမန္မာစာေပအကၡရာမ်ားအား တြင္က်ယ္စြာ ေရးသားအသုံးျပဳေနမႈအေျခအေနမ်ား ၊ လူမူကြန္ယက္ရက္ႏွင့္စာေပက႑အေျခအေနမ်ား ၊ ႏိုင္ငံတကာသို႔ေရာက္ရွိေလ့လာခဲ့စဥ္ ျမန္မာ့စာေပေလာကႏွင့္ပက္သက္၍ ေဆြးေႏြးခဲ့မႈအေျခအေနမ်ား ၊ ျမန္မာ့သမိုင္းျဖစ္စဥ္မ်ားတြင္ စာေပက႑ သတင္းက႑၏အေရးႀကီးမႈမ်ားအား ေဆြးေႏြးေျပာၾကားခဲ့ၾကၿပီး တက္ေရာက္လာၾကေသာ နယ္ပယ္ က႑အသီးသီးမွ ပညာရွင္ႀကီးမ်ားမွ သက္ဆိုင္ရာက႑ နယ္ပယ္အလိုက္ အႀကံျပဳ သုံးသပ္ေဆြးေႏြးခဲ့ၿပီး အမွတ္တရလက္ေဆာင္မ်ားေပးအပ္ခဲ့ၿပီး ေတြ႕ဆုံေဆြးေႏြးပြဲအား ႐ုပ္သိမ္းခဲ့သည္။


ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာပေ ပညာ
ရှင်များ ၊ သတင်းပညာရှင်များနှင့်တွေ့ဆုံ၍ စာပေစကားဝိုင်းဆွေးနွေး
===============================
ပဲခူး မတ် ၂၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်းသည် မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့)ရှိ စာပေ ပညာရှင်ကြီးများ ၊ သတင်းပညာရှင်များနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။
တွေ့ဆုံပွဲသို့ ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်း ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးရဲမြင့်ထွန်းနှင့် တိုင်းဒေသကြီးအတွင်းရှိသက်ကြီးစာပေ ပညာရှင်ကြီးများ ၊ စာပေဗိမ္မာန်စာပေးဆုရအထင်ကရပုဂ္ဂိုလ် ၊ စာရေးဆရာအသင်းတာဝန်ရှိသူများ ၊ အထင်ကရသတင်းစာဆရာကြီးများ ၊ဆောင်းပါးရေးနေသော ဆောင်းပါးပညာရှင်များတက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာဒေါက်တာမောင်သင်းမှ နှုတ်ခွန်းဆက်မိတ်ဆက်စကားပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသူများမှ မိမိတို့၏တာဝန်နှင့် စာပေကလောင်အမည်များအား မိတ်ဆက်ခဲ့ပြီးနောက် ဒေါက်တာမောင်သင်းမှ လာရောက်တွေ့ဆုံရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြန်မာ့စာပေလောက၏ ပကတိအခြေအနေများ ၊ မှားယွင်းသောမြန်မာစာပေအက္ခရာများအား တွင်ကျယ်စွာ ရေးသားအသုံးပြုနေမှုအခြေအနေများ ၊ လူမူကွန်ယက်ရက်နှင့်စာပေကဏ္ဍအခြေအနေများ ၊ နိုင်ငံတကာသို့ရောက်ရှိလေ့လာခဲ့စဥ် မြန်မာ့စာပေလောကနှင့်ပက်သက်၍ ဆွေးနွေးခဲ့မှုအခြေအနေများ ၊ မြန်မာ့သမိုင်းဖြစ်စဥ်များတွင် စာပေကဏ္ဍ သတင်းကဏ္ဍ၏အရေးကြီးမှုများအား ဆွေးနွေးပြောကြားခဲ့ကြပြီး တက်ရောက်လာကြသော နယ်ပယ် ကဏ္ဍအသီးသီးမှ ပညာရှင်ကြီးများမှ သက်ဆိုင်ရာကဏ္ဍ နယ်ပယ်အလိုက် အကြံပြု သုံးသပ်ဆွေးနွေးခဲ့ပြီး အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲအား ရုပ်သိမ်းခဲ့သည်။