#Myanmar Sports
သန့်ဇင် နဲ့ ONE Championship အကြားကစာချုပ်ကို ချပြလိုက်တဲ့ မန်နေဂျာ ကိုဖြိုးဝေ
=========================
သန့်ဇင် ဟာ တာကေးရု နဲ့ ပွဲဖြစ်ဖို့ ညှိနှိုင်းစဉ် အချိန်က ONE Championship က စာချုပ် တစ်ရပ် ကမ်းလှမ်းပေးခဲ့တယ် ဆိုတဲ့ အကြောင်းကို ပရိသတ် အများစု သိရှိပြီးသားဖြစ်ပါတယ်။
အဲဒီစာချုပ်က စာချုပ်ကြီးလား ၊ ဒေါ်လာ တစ်သိန်းတန် စာချုပ်မျိုးလား အတည်ပြုလို့ မရပေမယ့် ၊ မူရင်း စာချုပ်ထက် ပိုပြီး ထိုးကြေးပိုများခဲ့တယ် ဆိုတာတော့ သေချာပါတယ်။
မန်နေဂျာ ကိုဖြိုးဝေကတော့ အဲဒီ စာချုပ် ချုပ်ပေးခဲ့တဲ့ အကြောင်း သူ့ရဲ့ Page ကနေ တရားဝင် ချပြလိုက်ပါပြီ။ ဒါက ONE Championship က မြန်မာဖိုက်တာတွေကို ချနင်းတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ သက်ဆိုင်မှု ရှိလား ၊ မရှိလား တော့ မပြောတတ်ပါဘူး။
ပရိုမိုးရှင်းကတော့ တာကေးရု နဲ့ ထိုးတဲ့ အနေထားမှာ ဖိုက်တာဘက်ကိုလဲ ထိုးကြေးတိုး ချုပ်ဆိုပေးခဲ့တယ် ဆိုတာတော့ ခိုင်မာတဲ့ သက်သေတစ်ခု ဖြစ်ပါတယ်။
#Myanmar Sports