အပစ္အခတ္ရပ္စဲေရး ပ်က္ျပယ္ၿပီးေနာက္ အစၥေရးစစ္တပ္က ေျမျပင္ထိုးစစ္ျပန္လည္စတင္
အစၥေရးႏွင့္ ဟားမတ္စ္တို႔ ႏွစ္လၾကာ အပစ္အခတ္ရပ္စဲၿပီးေနာက္ သေဘာတူညီမႈပ်က္ျပယ္ၿပီး အစၥေရးစစ္တပ္က တေက်ာ့ျပန္ ေျမျပင္ထိုးစစ္ စတင္ခဲ့သည္။
ေျမျပင္ထိုးစစ္ျပန္လည္မစတင္မွီ အစၥေရးစစ္တပ္မွ တိုက္ေလယာဥ္ ဒါဇင္ႏွင့္ခ်ီ အသုံးျပဳၿပီး တိုက္ခိုက္မႈေၾကာင့္ လူေပါင္း ၄၀၀ ဝန္းက်င္ ေသဆုံးခဲ့သည္။
အစၥေရးစစ္တပ္သည္ ဂါဇာကမ္းေျမႇာင္ေဒသရွိ အဓိကက်ေသာေနေရာမ်ားအား ေျမျပင္ထိုးစစ္ျဖစ္ ျပန္လည္သိမ္းပိုက္ခဲ့ေၾကာင္း ဗုဒၶဟူးေန႔က ထုတ္ျပန္ခဲ့သည္။
အစၥေရးစစ္တပ္၏ ေျမျပင္လႈပ္ရွားေရးတပ္မ်ားသည္ Netzarim ေဒသ၏ အလယ္ဗဟိုအထိ တိုးခ်ဲ႕ထားေၾကာင္း တာဝန္ရွိသူမ်ားကဆိုသည္။
အစၥေရး၏ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ ခ်ိဳးေဖာက္မႈသည္ အႏၲရာယ္ရွိေၾကာင္း ဟားမတ္စ္အဖြဲ႕က ထုတ္ျပန္ခဲ့ၿပီး ၎တို႔အေနျဖင့္ အစၥေရးႏွင့္သေဘာတူညီထားသည့္ အပစ္အခတ္ရပ္စဲေရးကို ဆက္လက္ကိုင္စြဲထားေၾကာင္း အဆိုပါထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ၿပီးခဲ့သည့္ ဇန္နဝါရီလတြင္ ႏွစ္ဖက္ အပစ္အခတ္ရပ္စဲေရးသေဘာတူညီမႈရယူခဲ့ၿပီးေနာက္ ပါလက္စတိုင္း စစ္ေဘးဒုကၡသည္မ်ားသည္ ပ်က္စီးေနေသာ ေနအိမ္မ်ားတြင္ ျပန္လည္ေနထိုင္ရန္ ဂါဇာကမ္းေျမႇာင္ေဒသသို႔ ျပန္လည္ဝင္ေရာက္လာခ်ိန္တြင္ ယခုလို တိုက္ပြဲမ်ား ျပန္လည္စတင္လာျခင္းျဖစ္သည္။
ယမန္ေန႔ ဗုဒၶဟူးေန႔ကလည္း ဂါဇာေျမာက္ပိုင္းရွိ နာေရးျပဳလုပ္ေနသည့္ ေနအိမ္အား တိုက္ခိုက္ခဲ့မႈတြင္ ၂၄ ဦးေသဆုံးၿပီး အယ္ဆာဘရာ ရပ္ကြက္အားတိုက္ခိုက္မႈတြင္လည္း ကေလးေျခာက္ဦးအပါအဝင္ ၂၁ ဦးေသဆုံးခဲ့ေၾကာင္း ပါလက္စတိုင္း က်န္းမာေရးဝန္ႀကီးဌာနကထုတ္ျပန္ထားသည္။
အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီးနောက် အစ္စရေးစစ်တပ်က မြေပြင်ထိုးစစ်ပြန်လည်စတင်
=====================
အစ္စရေးနှင့် ဟားမတ်စ်တို့ နှစ်လကြာ အပစ်အခတ်ရပ်စဲပြီးနောက် သဘောတူညီမှုပျက်ပြယ်ပြီး အစ္စရေးစစ်တပ်က တကျော့ပြန် မြေပြင်ထိုးစစ် စတင်ခဲ့သည်။
မြေပြင်ထိုးစစ်ပြန်လည်မစတင်မှီ အစ္စရေးစစ်တပ်မှ တိုက်လေယာဉ် ဒါဇင်နှင့်ချီ အသုံးပြုပြီး တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၀၀ ဝန်းကျင် သေဆုံးခဲ့သည်။
အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြှောင်ဒေသရှိ အဓိကကျသောနေရောများအား မြေပြင်ထိုးစစ်ဖြစ် ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သည်။
အစ္စရေးစစ်တပ်၏ မြေပြင်လှုပ်ရှားရေးတပ်များသည် Netzarim ဒေသ၏ အလယ်ဗဟိုအထိ တိုးချဲ့ထားကြောင်း တာဝန်ရှိသူများကဆိုသည်။
အစ္စရေး၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချိုးဖောက်မှုသည် အန္တရာယ်ရှိကြောင်း ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ခဲ့ပြီး ၎င်းတို့အနေဖြင့် အစ္စရေးနှင့်သဘောတူညီထားသည့် အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ကိုင်စွဲထားကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလတွင် နှစ်ဖက် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရယူခဲ့ပြီးနောက် ပါလက်စတိုင်း စစ်ဘေးဒုက္ခသည်များသည် ပျက်စီးနေသော နေအိမ်များတွင် ပြန်လည်နေထိုင်ရန် ဂါဇာကမ်းမြှောင်ဒေသသို့ ပြန်လည်ဝင်ရောက်လာချိန်တွင် ယခုလို တိုက်ပွဲများ ပြန်လည်စတင်လာခြင်းဖြစ်သည်။
ယမန်နေ့ ဗုဒ္ဓဟူးနေ့ကလည်း ဂါဇာမြောက်ပိုင်းရှိ နာရေးပြုလုပ်နေသည့် နေအိမ်အား တိုက်ခိုက်ခဲ့မှုတွင် ၂၄ ဦးသေဆုံးပြီး အယ်ဆာဘရာ ရပ်ကွက်အားတိုက်ခိုက်မှုတွင်လည်း ကလေးခြောက်ဦးအပါအဝင် ၂၁ ဦးသေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။